ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

သုမနကူဋတောင်၌ သုမနနတ်မင်းကြီးတောင်းပန်သောကြောင့် ဘုရားသခင်သည် ပထမကြွသွားစဉ်က ချထားခဲ့သော ခြေတော်ရာရှိကြောင်းကို မဟာဝင် (မဟာဝံသ)၌ လာသည်။ ထိုပါဒစေတီတော်သည် တောင်နှာမောင်းပေါ်၌ စိမ်းညိုသော ကျောက်ဖျာကြီးထက်တွင် အနောက်သို့ စက်တော်ဦးပြု၍ လက်ဝဲစက်တော်ရာ ရှိသည်ဟု သီဟိုဠ်ရောက် စာငယ်များတွင် လာသည်။

ကျီးသဲလေးထပ်ဆရာတော်- စွယ်စုံကျော်ထင်ကျမ်း- နှာ ၃၃
စက်တော်ရာဆိုသည်မှာ = ခြေတော်ရာကို ဆိုပါသည်။
========
ထိုအကြောင်းကို မဟာဝံသ တွင် ဖတ်နိုင်သည်။
=========
ယခုအခါ sri pada သီရိပါဒတောင်ဟု ခေါ်ဆိုလျက်ရှိကြသည်။ ထိုနေရာ အကြောင်းကို ယခင်တင်ခဲ့ပြီး ပို့စ် ကို ဒီနေရာတွင်နှိပ်ကာ ကြည့်နိုင်ပါသည်။