ဒီနေ့တော့ မလေးရှားမှာ ဘာသာရေးပွဲတော်များ အတော်များများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
အဓိကအားဖြင့်တော့ သင်္ကြန်ပွဲတော်များ ဖြစ်ပေသည်။
(၁) ဆူဘန်းကျောင်းတိုက်သည် ဆူဘန်းရပ်ကွက်တွင် ရှိပြီး တရုတ်အဖွဲ့အစည်းပိုင် ဖြစ်ပေသည်။်ထိုကျောင်းတိုက်သည် ရန်ကုန်ချမ်းမြေ့ရိပ်သာမှ ဆရာတော်များနှင့် မလေးရှားနိုင်ငံသား တရုတ်လူမျိုး ဘုန်းကြီးတို့ သီတင်းသုံးနေထိုင်ကြသည်။ မလေးရှားနိုင်ငံသား ကျောင်းထိုင်ခြင်းကြောင့် အစစအရာရာ အဆင်ပြေသည် ဟုဆိုသည်။ (နောင်တွင်လည်း မလေးရှားသားတို့ ဘုန်းကြီး ဖြစ်ကြမည့် အလားအလာများစွာရှိသည်။ အကြောင်းကတော့ မြန်မာလူမျိုးများစွာ မလေးရှားမှာ အလုပ်လာလုပ်ကြရင်း အိမ်ထောင်တွေကျကြ၊ ကလေးတွေ မွေးနေကြပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဒီအရပ် ဒီဒေသမှာ မွေးတော့ ဒီနိုင်ငံသားအဖြစ် မွေးစားရင်ပေါက် ဖြစ်ကြလေပြီ။ ဗုဒ္ဓဘာသာမိဘမှ မွေးသည့် ထိုကလေးသည် ဒီဒေသတွင် တနေ့ ဘုန်းကြီးဖြစ်လာလျင်တော့ သာသနာအတွက် အားတက်စရာ ဖြစ်စေသည်မှာ အမှန်ပင်)
ထိုကျောင်းတိုက်တွင် ယနေ့ ဟေတီငလျင်အတွက် ပတ္တိဒါနကုသိုလ်ပွဲ ပြုလုပ်ကြသည်။ ဦးစွာ မြတ်ဘုရားရှင်ကို ပူဇော်ဖို့ ဆီမီးများကို ကြွရောက်လာသည့် သံဃာတော်များက ၀ိုင်းဝန်းထွန်းညှိကြသည်။
ထို့နောက် တရားထိုင်ရာ ခန်းမဆောင်သို့ ကြွရောက်ကြပြီး သီလခံယူခြင်း၊ မေတ္တာသုတ်ရွတ်ဖတ်ခြင်းများပြုလုပ်ပြီး သံဃာတော်များကို ဆွမ်းလောင်းလှူကြသည်။ သံဃာတော်များ ကဆွမ်းလောင်းလှူနေစဉ် ခန်းမဆောင်မှ “ဇယမင်္ဂလဂါထာတော်”ကို ခပ်တိုးတိုးလေး ဖွင့်ထားပေးသည်မှာ စိတ်ထဲ အေးစိမ့်နေသလို ခံစားရသည်။ (ထိုဂါထာကို နားဆင်လိုပါက youtube ဆိုက်မှာ JAYAMINGALA လို့ရိုက်ထည့်ကာ ရှာဖွေပါ) ထို့နောက် အခမ်းအနားကို ပြန်လည်စတင်ပြီး သင်္ကန်းစသည်ကို ဆက်ကပ်ကာ အမျှအတန်းပေးဝေကြသည်။
လာရောက်သည့် ပုဂ္ဂိုလ်များကို ပရိတ်ရေဖြင့် blassing ပြုလုပ်ပေးခဲ့ကြသည်။
်
(၂) စက်ရုံအသီးသီးမှာ အလုပ်လုပ်နေကြသည့် ရွှေမြန်မာများကတော့ သင်္ကြန်အထိမ်းအမှတ် အဖြစ် ကုသိုလ်များ ပြုလုပ်ကြသည်။ သူတို့စိတ်ထဲတွင် အတော်ပျော်ရွှင်နေကြသည်။ အဆင်ပြေလျင် ပြေသလောက် ဖွင့်ပွဲအခမ်းအနားများဖြင့်ပင် ခမ်းခမ်းနားနား ကျင်းပကြသည်။ အချို့ကတော့မိမိတို့နေထိုင်ရာ အဆောင်မှာပင် သံဃာတော်များအား ဆွမ်းပင့်ကပ်ကြပေသည်။
်
လတ်တလောမြင်ကွင်းအရ ဘယ်နေရာရောက်ရောက် ရွှေမြန်မာတို့သည် စွမ်းနိုင်သမျှ ကုသိုလ်ပြုကြလျက် သာသနာ့အရောင် တောက်ပြောင်အောင် ပြုလုပ်နေကြသည်မှာ ၀မ်းသာစရာပင် ဖြစ်တော့သည်....။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။