သာမဏေကျော်-နာရေးကူညီမှုအသင်းဖွဲ့စည်းပြီး နိဗ္ဗာန်ယာဉ်ဖြင့် အခမဲ့ အသုဘပို့ဆောင်ခြင်းကို ယာဉ် ၂ စီးဖြင့် ကူညီလုပ်ဆောင်နေသည်မှာ ၁ နှစ်ခန့်ရှိပြီးနောက် နာဂစ်လေဘေးဒဏ်သင့်ဒေသသို့ ဆရာတော်သံဃာတော်များ နာရေးကူညီမှုအသင်းဝင်များနှင့် စေတနာထက်သန်သည့် လူငယ်များဖြင့် ကုသိုလ်ရှင်များနှင့်ပူးပေါင်းပြီး သုံးကြိမ်သွားရောက်လှူဒါန်းခဲ့သည်။ ပုံမှန်အားဖြင့် သံဃာတော်များသည် သွေးချည်းသာလှူဒါန်းနေကြရာတွင် ယခုအခါတွင် သွေးပုလင်းစသည်ဖြင့် အခြားဝန်ဆောင်မှုများကိုလည်း တတ်စွမ်းသမျှ ပေးလိုသည်ဖြစ်ရာ စေတနာရှင်အဖွဲ့တခုအဖြစ် ဖွဲ့စည်းရာ -
စေတနာရှင်များ ဖိတ်ခေါ်ခြင်း
===============
ပဲခူးမြို့ သာမဏေကျော်ပရိယတ္တိစာသင်တိုက်မှ
ဆရာတော်၊ သံဃာတော်အရှင်မြတ်များနှင့်
ပရဟိတစေတနာရှင်များ စုပေါင်းပြီး
သာမဏေကျော်-ရှင်ရေးကူညီမှု
“အာယုပါလကအသင်း”ကို
2009 ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ပါမည်။
စိတ်ပါဝင်စားသူများသည် -
==============
မ တည်အလှူရှင်အဖြစ်လည်းကောင်း
အသင်းဝင်အဖြစ်လည်းကောင်း
စေတနာအလျောက်
လစဉ်အလှူငွေများ (တလ ၅၀၀ ကျပ်) လှူဒါန်းခြင်းဖြင့်လည်းကောင်း
အကျိုးဆောင်အဖြစ်လည်းကောင်း
ပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
အလှူခံရရှိသော ငွေပမာဏအပေါ်မူတည်ပြီး
========================
(၁) လူနာတင်ယာဉ်ကို ၀ယ်ယူပြီး
အရေးတကြီးလိုအပ်သော လူနာများအား
ဆေးရုံဆေးခန်းများသို့ အခမဲ့ ပို့ဆောင်ပေးခြင်း
(၂) သွေးလိုအပ်သော လူနာအတွက်
သန့်စင်ပြီး ရောဂါပိုးစစ်ဆေးပြီးသော သွေးများကို အခမဲ့ လှူဒါန်းခြင်း။
စေတနာအလျောက် သွေးအလှူရှင်အား
သွေးစစ်ရန် ကုန်ကျစရိတ်နှင့်
ကျန်းမာရေးအထောက်အကူပြု အားဆေးများကို
ပြန်လည်လှူဒါန်းခြင်း
(၃) ဆရာဝန်များ၊ ဆေးပညာရှင်များအား ပင့်ဖိတ်ပြီး
ကျန်းမာရေးပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း
ကျန်းမာရေးအသိပေးစာစောင်များ
ဖြန့်ဝေခြင်းများ ပြုလုပ်ခြင်းတို့ကို
ဆောင်ရွက်ပါမည်။
ထို့ကြောင့် –
ပါဝင်လိုသော ပရဟိတစေတနာရှင်များ
သွေးလှူဒါန်းလိုသူများ
အလှူငွေ မတည်၊ လစဉ်၊ နှစ်စဉ် လှူဒါန်းလိုသူများ
အကျိုးဆောင်အဖြစ် ကူညီလိုသူများသည်
အောက်ပါလိပ်စာအတိုင်း
ဆက်သွယ်နိုင်ပါသည်။
သာမဏေကျော်-ရှင်ရေးကူညီမှု
“အာယုပါလကအသင်း” ဖြစ်မြောက်ရေးအဖွဲ့ နှင့်
သွေးအလှူခံရန်ဌာန
သာမဏေကျော်ပရိယတ္တိစာသင်တိုက်
ဥဿာမြို့သစ် ၁၈ ရပ်ကွက် ၊
ပြင်စီမှတ်တိုင်အနီး၊ ပဲခူးမြို့
052- 30096၊ 09530 1561၊ 09530 1665
ရည်ရွယ်ချက်-
=========
မိမိတစ်ဦးပါဝင်လိုက်ခြင်းကြောင့်
ဆေးရုံဆေးခန်းသို့ အချိန်မီရောက်ရှိကုသနိုင်ပါက
အသက်ဆက်ရှင်နိုင်ပါလျက် အချိန်မှီမရောက်ရှိသဖြင့် အသက်ဆုံးရှုံးကြရခြင်း။
သွေးရရှိပါက ကျန်းမာရေးကောင်းနိုင်ပါလျက်
သွေးမရရှိသောကြောင့် အသက်ဆုံးရှုံးကြရခြင်း
ရောဂါများကို ကြိုတင်ကာကွယ်ရန် ကျန်းမာရေးအသိပညာနည်းပါးမှုကြောင့်
အသက်ဆုံးရှုံးကြရခြင်းများ မဖြစ်တော့ပဲ
ထိုလူများအား အသက်ကို ပေးလှူရာရောက်ပါသည်။
(လူသားချင်း ဘ၀အပေါ်ချစ်ခင်မြတ်နိုးမှုကို
ကြာရှည်စေလျက် မဟာလူသား ဆန်ပါသည်)
“သူတော်ကောင်းတို့၏ လုပ်ငန်းစဉ်”
====================
သစ်ပင်တို့သည် အသီးများ သီးကြသော်လည်း
သူတို့စားသုံးရန်အတွက် မဟုတ်ပေ။
မြစ် ချောင်း အင်း အိုင်တို့သည် ရေများကို
သိုလှောင်ထားကြ၊ စီးဆင်းစေကြသော်လည်း
သူတို့ သောက်သုံးရန်အတွက် မဟုတ်ပေ။
မိုးရေတို့သည် ရွာသွန်းကြသော်
ကုန်းမြေအရပ် ၊ ရေရှိရာအရပ် စသည်ဖြင့် အရပ်ဒေသနေရာမခွဲ
ရွာချကြသည်သာလျင် ဖြစ်သည်။
ထိုနည်းတူစွာ သူတော်ကောင်းတို့သည်လည်း
မိမိပိုင် ပစ္စည်းဥစ္စာများကို
ကိုယ်ကျိုးအတွက်သာ အသုံးချကြသည် မဟုတ်ပဲ
အများအကျိုးအတွက်ပါ အသုံးချကြလေ့ရှိပါသည်။
ထိုသို့ အသုံးချရာတွင်လည်း
လူမျိုး ပုဂ္ဂိုလ် ဘာသာမရွေး စွန့်ကြဲပေးကမ်း
လှူဒါန်းထောက်ပံ့ခြင်းအားဖြင့် အသုံးချလေ့ရှိကြပါသည်။
“လောကအတွက် အရိပ်စစ်”
================
ကျွန်ုပ်တို့ကျင်လည်ရာ လောကထဲတွင်
သစ်ပင်အရိပ်၊ မိဘအရိပ်၊
ဆရာသမားများ၏ အရိပ်များသည်
မှီခိုရသည့်လူအပေါင်းကို
အေးချမ်းမှုကို ပေးစွမ်းနိုင်ကြပါသည်။
ကျွန်ုပ်တို့သည် အေးချမ်းမှုကို ခံစားရသည့်အခါတိုင်း
အေးချမ်းမှုကို ပေးစွမ်းနိုင်သည့်
အရိပ်များကို ကျေးဇူးအထူးတင်မိပါသည်။
ထိုသို့ အရိပ်မှီခိုသူအဖြစ်မှ
ယခုအခါ ကျွန်ုပ်တို့ကိုယ်တိုင်
အရိပ်ပေးသူအမှီခံနေရာတွင်နေထိုင်ကာ
လူမျိုး ပုဂ္ဂိုလ် ဘာသာမရွေးတို့အား
အေးချမ်းမှု အရိပ်ပေးနိုင်ရန်အတွက်
သာမဏေကျော်-ရှင်ရေးကူညီမှု
“အာယုပါလကအသင်း”
ဝိုင်းဝန်းတည်ထောင်ထောက်ပံ့ပြီး
လောကကောင်းကျိုးအတွက်
စွမ်းနိုင်သည့်ဘက်မှ ထမ်းရွက်ကြပါစို့။
=====================
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Facebook Account Hacking7 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။