-
Sri Pada ဆိုသည် မှာ မြင့်မြတ်သည့် တောင်ထွတ်လို့ခေါ်ပါတယ်။ အဲဒီတောင်အထွတ်ကို ရောက်ဖို့ လူငယ်ခြေလှမ်းနဲ့ ၄ နာရီဝန်းကျင် တက်ရပါတယ်။ ကိုယ့်အားကိုကိုး ခြေလျင် လှေခါးထစ်လမ်းပဲရှိပြီး အထက်ရောက်လေ မတ်စောက်လေ ချမ်းစိမ့်လေ ဈေးကြီးလေပါပဲ။ စီရိပါဒကို တက်တော့ ကျိုက်ထိုးရိုး ဘုရားဖူး သွားရတာကို စိတ်ထဲမှာ တငွေ့ငွေ့နဲ့ အမှတ်ရဖြစ်နေပါတယ်။ စီရိပဒတောင်ကို ဗုဒ္ဓဘာသာတွေက ဘုရားခြေတော်ရာဖူးဖို့ တက်သလို ဟိန္ဒူဘာသာဝင်တွေကလည်း သူတို့ ဘုရားကို ဖူးဖို့တက်ကြပါတယ်။ အပေါ်မှာတော့ ကျောင်းဆောင် နှစ်ဆောင်ရှိပြီး တခုက ဗုဒ္ဓဘာသာဝင်တွေ ဖူးဖို့ တခုကတော့ ဟိန္ဒူတွေ ဖူးဖို့ပေါ့။ တူညီတဲ့အချက်ကတော့ ဘယ်သူက ဘာကိုမှ မြင်ရတာ မဟုတ်ပဲ ဦးချခဲ့ရမှာဖြစ်ပါတယ်။ တောင်ထွတ်ကို စရောက်ပီဆိုရင် ခေါင်းလောင်းကို ကိုက တကြိမ်ရောက်ရင် တခါကြိုးဆွဲ နှစ်ကြိမ်ဆို နှစ်ခါ ကြိုးဆွဲ လုပ်ကြတာကို တွေ့ရပါလိမ့်မယ်။ အိပ်ဖို့နေရာကတော့ ဖြစ်သလို နံရံဘေးကပ်အိပ်ရပါတယ်။ ကိုယ့်ပစ္စည်းကိုယ်ပါမလာရင်တော့ အတော်ဒုက္ခရောက်ပါတယ်။ လေကလည်း နှင်းငွေ့တွေ ဝေနေတဲ့လေဆိုတော့ အေးလိုက်တာ ခိုက်ခိုက်ကို တုန်လို့။ မနက်လင်းရင်တော့ ဘုရားဖူး နေထွက်တာကြည့်ပီး စီရိပါဒကို နှုတ်ဆက်ခွဲခွါရင်း မြန်မာပြည်က ကျိုက်ထီးရိုးဘုရားသွားရတာနဲ့ တူလိုက်တာလို့ တမ်းတမိနေပါလိမ့်မယ်။
လဘက်ခင်းများနဲ့ သွားရာလမ်းအတက်လမ်းမှမြင်ရသည့် စီရိပဒ
ဈေးဆိုင်တန်း
တောင်အတက် လမ်းတ၀က်မှာ တိုင်ကို ချဉ်ပတ်ပြီး အထက်ရောက်သည့်တိုင် အမျှင်မပြတ်ဆွဲသွားကြခြင်း၊ ထိုတိုင်ကိုပင် အ၀တ်ဖြူဖြင့် တိုင်းရင်းဆေး (သို့) ငွေအကြွေစေ့ထုတ်ပြီး ရစ်ပတ်ပြီး တက်ကြသည်
တောင်ပေါ်ရောက်ခါနီး မတ်စောက်ပြီး လေတဟူးဟူး တိုက်ခတ်သည့် အတက်တနေရာ
မြတ်စွာဘုရားခြေတော်ရာ ရှိသည့် ကျောင်းဆောင်တော် (အခြားဘက် ကပ်လျက်တွင် ဟာနုမာန်ခြေရာရှိသည့် ဟိန္ဒူကျောင်းရှိသည်)
တောင်ပေါ်မှ မြင်ရသည့် မြူနှင်းဝေသည့် ရှုခင်း
တိမ်ခိုးမြူတိမ် ရှုခင်းတခု
ဗဟုသုတ ပြည့်ဝကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။