တခါက မြတ်ဘုရားရှင် သုသုမာရဂိရိမြို့တွင်းကို နောက်လိုက်နောက်ပါ ရဟန်းများနှင့် အတူတကွ ကြွဝင်လာခဲ့ရာ မြတ်ဘုရားကို သားတယောက်အမှတ်ဖြင့် နကုလရဲ့ မိဘများက ခြေထောက်ကို ဖက်ကာ “သားတော်ရယ်…. ဘာ့ကြောင့်များ ငါတို့ကို အချိန်အတော်ကြာ စွန့်ပစ်ထားပြီး ဘယ်အရပ်တွေများ လျှောက်သွားနေရတာလဲ” လို့ ပြောဆိုလိုက်ကြပါတော့တယ်။
ယခုလို ဘာ့ကြောင့်များ မြတ်ဘုရားကို သားလို့ခေါ်ကာ ပြောဆိုကြတာပါလဲ၊
သူတို့က မြတ်ဘုရားနှင့် ရှေးဘ၀များစွာက ဆွေမျိုးသွေးသား တော်စပ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ရှေးဘ၀ပေါင်း ၅၀၀ က မိဘများအဖြစ်ဖြစ်ခဲ့သလို ဘ၀ပေါင်း ၅၀၀ စီ ဦးကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေးများအဖြစ်နှင့် ဘ၀ပေါင်း ၂၅၀၀ မှာ မြတ်ဘုရားလောင်းကို သူတို့လက်ပေါ်မှာ ကြီးပြင်းစေခဲ့ကြလို့ဖြစ်ပါတယ်။ အဲဒီလို ဘ၀ပေါင်းများစွာ ချစ်ခြင်းမေတ္တာတွေ အစဉ်တစိုက် ဖြစ်လာလိုက်လို့လည်း မြတ်ဘုရားကို မြင်မြင်ချင်း ကိုယ့်သားအရင်းလို ဣနြေ္ဒ မဆည်နိုင်လောက်အောင် ထင်မှတ်လိုက်ကြခြင်းပဲ ဖြစ်ပါတယ်။ ထိုအနေအထားမှာ မြတ်ဘုရားကလည်း ဖယ်စမ်းပါလို့ မဆို။ သူတို့မူလပုံမှန် စိတ်ထားဆီ ပြန်သတိရချိန်မှ တရားဟောခဲ့ရာ နှစ်ဦးသားပင် သောတာပန်အရိယာ ဖြစ်သွားခဲ့တော့တယ်။
နောင်တချိန် အမြတ်ဆုံးနေရာတွေ ပေးသနားတော့လည်း သူတို့ဟာ မြတ်ဘုရားနှင့် ရင်းနှီးကျွမ်းဝင်သူတွေ အဖြစ် မှတ်တမ်းတွင်ရစ်ပြန်ပါတော့တယ်။
သူတို့အမည်တွေကတော့ - နကုလပိတာ (နကုလအဖေ) နှင့် နကုလမာတာ (နကုလအမေ)တို့ပဲ ဖြစ်ကြပါတော့တယ်။
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။