ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။



Colombo Museum ကို ရောက်တာတော့ နှစ်ခေါက်တောင် ရှိခဲ့သည်။ ပြတိုက်ကို စ၀င်ဝင်ချင်း ဖူးမြင်ရသည့် သမာဓိ ရုပ်ပွားတော်ကိုဖြင့် နှစ်ခေါက်တိုင်တိုင် အသေအချာ ကြည်ညိုမိသည်။ ကြည်ညိုလို့ မ၀နိုင်ပါ။ ထိုသမာဓိ ရုပ်ပွားတော်၏ အကြောင်းအရာများကား -

ယခုရုပ်ပွားတော်သည် ကိုလံဘို ပြတိုက်တွင် သီတင်းသုံးလျက်ရှိသည်။ Dhyani Mudra- (attitude of meditation) တရားထိုင်နေတော်မူဟန် (ဖလသမာပတ် ၀င်စားနေတော်မူဟန်) ကို ဖေါ်ညွှန်းပြီး အမြင့်နှင့် ဒူးတော်မှ အမြင့် နှင့် အနံ (အကျယ်အပြန့်) နှစ်ခု အတိုင်းအတာ ပမာဏသည် ၅-ပေ နှင့် ၉-လက်မ ရှိပါသည်။ ပုခုံးနှစ်ဘက် အကျယ်အ၀န်းသည်ကား ၃ ပေနှင့် ၅ လက်မရှိပါသည်။

ယခု ရုပ်ပွားတော်သည် အနုရာဓပုရ၊ အဘယဂိရိဧရိယာအတွင်းမှ အလွန်ထင်ရှားကျော်ကြားသည့် သမာဓိရုပ်ပွားတော်နှင့် ချွတ်စွပ်ဆင်တူလျက်ရှိသည်။