ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။



မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သူဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က အိန္ဒိယမြောက်ပိုင်းတွင် ပွင့်ထွန်းတော်မူခဲ့ပြီး တရားဓမ္မများစွာဖြင့် သွန်သင်ဆုံးမတော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် သတ္တ၀ါအများအား အသိလိမ္မာရှိသူများ ဖြစ်စေရန် ပျော်ရွှင်စွာ နေထိုင်တတ်စေရန် မည်သို့မည်ပုံ နေထိုင်ရမည်ကို ဟောဖေါ် ညွှန်ပြခဲ့ပြီး များမကြားမီ မြတ်ဗုဒ္ဓ၏ တရားတော်များသည် အိန္ဒိယတခွင် ပျံ့နှံ့ခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘီစီ ၅၄၃ တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပြီးသော်လည်း ဟောကြားသည့် တရားဓမ္မများသည်ကား အိန္ဒိယပြည်မှ တဆင့် အာရှ ထို့နောက် ကမ္ဘာတလွှားသို့ ရောက်ရှိ ပျံ့နှံခဲ့သည်။

၁၃ ရာစု အစောပိုင်းက အာရှသို့ ခရီးထွက်လာသည့် အီတလီခရီးသွား မာကိုပိုလိုသည် "Travels of Marco polo" စာအုပ်တွင် ဗုဒ္ဓဘာသာအကြောင်းကို ရေးသားခဲ့ပြီး အနောက်နိုင်ငံသားတို့သည် မြတ်ဗုဒ္ဓနှင့် မြတ်ဗုဒ္ဓ၏ ဟောတရားများကို ကြားနာခွင့် ရရှိခဲ့ကြသည်။

၁၈- ရာစုမှ စတင်ပြီး ဗုဒ္ဓစာပေများကို ဥရောပသို့ သယ်ဆောင်ခဲ့ကြပြီး အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်ဘာသာ တို့သို့ ပြန်ဆိုခဲ့ကြသည်။

၂၀- ရာစုအစောပိုင်းတွင် အင်္ဂလိပ်လူမျိုး Alan Bennett သည် ဗမာပြည် (Burma/Myanmar) သို့ သွားရောက်ခဲ့ပြီး မြတ်ဗုဒ္ဓတပည့် ရဟန်းတော်အဖြစ် ရောက်ရှိခဲ့သည်။ သူ၏ အမည်ကိုလည်း အာနန္ဒမေတ္တေယျ ဟု မှည့်ခေါ်ခဲ့သည်။
၁၉၀၈- ခုနှစ်တွင် သူသည် ဗြိတိသျှသို့ ပြန်သွားခဲ့သည်။ သူသည် ပထမဦးဆုံး ရဟန်းဖြစ်သည့် ဗြိတိန်လူမျိုး ဖြစ်သွားခဲ့သည်။ သူသည် ဗြိတိန်တွင် တရားဓမ္မများကို ဟောကြားခဲ့လေသည်။

ထိုအချိန်နောက် အထူးအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ လောက်က အာရှမှ သီရိလင်္ကာ၊ ထိုင်း၊ ဂျပန်၊ တရုတ်နှင့် အခြားဗုဒ္ဓဘာသာနိုင်ငံများမှ ရဟန်းတော်များ သီလရှင်များသည် အနောက်နိုင်ငံများသို့ သွားရောက် ခဲ့ကြသည်။ အနောက်တိုင်း လူ့အဖွဲ့အစည်းနေထိုင်သူတို့ တောင်းဆိုချက်ကို လက်ခံနိုင်ဖို့ အခြားဆရာများက တိုချဲ့မှု အချို့ကို လိုက်လျောညီထွေစွာ ပြောင်းလဲခဲ့ကြသော်လည်း ထိုသို့ ရောက်ရှိသွားကြသည့် ဆရာများစွာကတော့ သူတို့၏ မူရင်း ဓလေ့ထုံးစံကို ထိန်းသိမ်းခဲ့ကြသည်။

ယခုမျက်မှောက် နှစ်များတွင် ဥရောပ၌ ဗုဒ္ဓဘာသာအပေါ် စိတ်ဝင်စားမှု တိုးတက်လာသည်ကို သတိထားမိသည်။ လက်ရှိ အဖွဲ့အစည်း၏ အဖွဲ့ဝင်များစွာ တိုးတက်ခဲ့ပြီး ဗုဒ္ဓဘာသာကျောင်းဆောင် အသစ်ပေါင်း မြောက်များစွာ တည်ဆောက်ခဲ့ပြီးလည်း ဖြစ်ပေသည်။ ထိုအရေအတွက် အဖွဲ့ဝင် များစွာတွင် အတတ်ပညာရှင် အသိပညာရှင် မြောက်များစွာလည်း ပါဝင်လျက် ရှိပေသည်။ ယနေ့ ဗြိတိန် တခုထဲတွင်ပင် အဓိကကျသည့် မြို့ကြီးများတွင် ဗုဒ္ဓဘာသာကျောင်းတော်ပေါင်း ၁၄၀ အထက်တွင် ရှိသည်ကို တွေ့မြင်နိုင်ပေသည်။

Unit-9, Buddhism in the world, Buddhism key stage ii book,Buddhist education foundation (UK), 2002 ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။