ွGal ၀ိဟာရကို အလယ်ခေတ် ၁၂ ရာစုက ပရက္ကမဗာဟု (၁)မင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယခုရုပ်ပွားတော်သည် သမာဓိမုဒြာ ရုပ်ပွားတော်ဖြစ်သည်။
ရပ်တော်မူရုပ်ပွားတော် -
Gal ၀ိဟာရရှိ ရပ်တော်မူ ရုပ်ပွားတော်သည် ၇ မီတာ အမြင့်ရှိပြီး အနည်းငယ် ကိုင်းသည့် အာဘင်္ဂ (Abanga) ရုပ်ပွားတော်ဖြစ်ခြင်း၊ ညာဘက်ပုခုံးတော်တွင် သင်္ကန်းတော်မပါခြင်း၊ လက်တော်သည် ရင်ဘတ်ပေါ်တွင် အချင်းချင်းယှက်လျက်ရှိခြင်း၊ ဆံတော်သည် ညာဘက်ကွေးလျက် အစုလိုက်ရှိခြင်း၊ သိရသပါဒ (အထွဋ်)တပ်ဆင်ရန် အခေါင်းပါရှိခြင်း၊ နားရွက်တော် ရှည်လျားခြင်း၊ သင်္ကန်းတော်တွင် နှစ်ထပ်လွှာ ချုပ်ရာပါရှိခြင်း၊ ခြေထောက်တော်အထက်ပိုင်း၊ ပုခုံးတော်များ၊ ခန္ဓာကိုယ်ပင်စည်တော် များသည် ပြည့်ဖြိုးနေခြင်း၊ မျက်နှာတော်အမူအရာသည် အနည်းငယ် ပြုံးနေတော်မူခြင်းဖြင့် နက်နဲသည့် အာရုံစိုက်နေတော်မူခြင်းတို့ ရှိသည်။
ယခု ရပ်တော်မူ ရုပ်ပွားတော်သည် အရှင်အာနန္ဒာလော သို့မဟုတ် မြတ်ဗုဒ္ဓရုပ်ပွားတော်လော ဟု အငြင်းပွားဖွယ်ရာများလည်း ယခုအချိန်ထိပင် ဖြစ်လျက်ရှိသည်။
ပညာရှင်များအနက် H.C.P Bell နှင့် Burrow တို့သည် အရှင်အာနန္ဒာ၏ ရုပ်ပွားတော်ဟုလည်းကောင်း
Fagon, Fobes, Steward, Ferguson, Benjamin Rowland, Prof., P.E Fernando, Godakunbura, D.T Devendra တို့သည်ကား မြတ်ဗုဒ္ဓရုပ်ပွားတော်ဟု ဆိုကြသည်။
အရှင်အာနန္ဒာ ရုပ်ပွားတော်ဟု ဆိုကြခြင်းမှာ-
လျောင်းနေတော်မူဟန်သည် ဘုရားရှင် ရုပ်ပွားတော်ဖြစ်ပြီး အရှင်အာနန္ဒာသည် ၀မ်းနည်းနေဟန်ဟု ဆိုသည်။
မြတ်ဗုဒ္ဓရုပ်ပွားတော်ဟု ဆိုကြခြင်းမှာ-
အကယ်၍ မြတ်ဗုဒ္ဓရုပ်ပွားတော်သည် ပရိနိဗ္ဗာန်စံတော်မူပုံဟု ဆိုသော် ခြေဖ၀ါးတော်နှစ်ခုသည် ခြေမချင်း ညီညာပြီးနေရမည်ဖြစ်သည်။ ယခုမူ ဘယ်ခြေထောက်တော်သည် အနည်းငယ် နောက်ဆုတ်လျက်ရှိသည်။ ထို့ကြောင့် ပရိနိဗ္ဗာန်စံတော်မူ ရုပ်ပွားမဟုတ်၊ သာမာန် လျောင်းတော်မူဟန် ရုပ်ပွားတော်သာ ဖြစ်သည်။
အကယ်၍ အရှင်အာနန္ဒာ ရုပ်ပွားတော်ဆိုပါက အရှင်အာနန္ဒာသည် သာဝကတပါးဖြစ်ပြီး ဘုရားရှင် ဦးခေါင်းတော်ရင်းတွင် ရပ်တန့်၍ နေလိမ့်မည်မဟုတ်။ ခြေတော်ရင်းတွင်သာ နေလိမ့်မည်။
အကယ်၍ လျောင်းတော်မူသည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပုံဖြစ်ပါက အင်ကြင်းပင် အင်ကြင်းရွက်များ၊ ငိုကြွေးနေသည့် တပည့်သာဝကများကို ထည့်သွင်း ထုဆစ်ထားလိမ့်မည်။ ပုံတော်များကို ထုဆစ်စေခဲ့သည့် ပရက္ကမဗာဟုမင်းသည် အိန္ဒိယတောင်ပိုင်းမှ တကယ့်ကျွမ်းကျင်သည့် ကျောက်ဆစ်ပညာရှင်များကို ခေါ်ယူ ထုဆစ်ခဲ့သည် ဖြစ်ခြင်းကြောင့် အကယ်၍ ပရိနိဗ္ဗာန်စံတော်မူပုံကို ထုဆစ်လိုပါက သူက ပညာရှင်များကို ညွှန်ကြားနိုင်သည်။
ထို့ကြောင့် ယခု ရပ်တော်မူ ရုပ်ပွားတော်သည် ဘုရားရှင် ရုပ်ပွားတော်သာဖြစ်သည်။ အာနန္ဒာရုပ်ပွားတော် မဟုတ်ဟု ဆိုသည်။
ကျမ်းကိုး-
Gal vihara, Polonnaruva- a rare creation by human hand
Buddha statues of ceylon
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist1 month ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။