စာရှုခဲ့သူ အားလုံးကို ရိုးသားစွာပဲ တောင်းပန်လိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့သည် သီရိလင်္ကာအလို နဗန်ပေါဟောယနေ့ မဟုတ်ပါ။ မဒင် madin ဥပုသ်နေ့သာဖြစ်ပါသည်။ ကိုယ်က စာအုပ်ကိုသာ ယုံထားမိပြီး ဘာသာပြန်ခဲ့ခြင်းဖြစ်သည်။ သံသယရှိခဲ့သော်လည်း သေချာစွာ စူးစမ်းမှု မပြုလုပ်နိုင်ခဲ့သည်ကို ၀ံခံမိပါသည်။
ဘာသာပြန်ကြည့်စဉ်က အာယုသင်္ခါရ လွှတ်တော်မူကြောင်းကို စဉ်းစားမိတော့ အခြား ဦးဇင်းတပါးနဲ့ ပြောကြည့်မိသည်။ သူက သုံးလအလို လွှတ်တာဆိုတော့ -၊ နောက်- ဖွား ပွင့် စံ က ကဆုန်လပြည့်ဆိုတော့- ကြားထဲ နှစ်လပဲ ကျန်တော့သည်ကိုတော့ တခါထောက်ပြသေးသည်။ ထိုစဉ်က သံသယတခါ ၀င်မိပါသည်။
ထို့နောက် မြတ်ရောင်နီ ဆရာတော်ရေးခဲ့သည့် စာတွင် ဂျာမဏီတွင် နောက်တနေ့သည် "မာဃ ဒေး"ဟု ဆိုသွားစဉ်က တခါ ကိုယ်ရေးခဲ့မိသည်ကို သံသယ၀င်မိပါသည်။
ယနေ့လည်း jaffna ခရီးရေးဖို့အတွက် လိုအပ်ရာ အချက်အလက်လေးများကို ရှာဖွေဖို့ dailymirror.lk ကို ဖွင့်ကြည့်တော့ မဒင်ဥပုသ်နေ့ သတင်းတွေ ရေးထားပြန်ရာ တခါသံသယ၀င်မိပါသည်။
ကိုယ့်သံသယကို ပြက္ခဒိန်နှင့် တိုက်မကြည့်မိပါ။ ပြက္ခဒိန်လည်း မရှိပါ။ (ကိုယ်နဲ့ မဆိုင်ဖူးဆိုပြီး မ၀ယ်ပဲ ထားတာ အခုတော့ဝယ်ကို ၀ယ်မှ ဖြစ်တော့မည်)။ ထို့ကြောင့် ကုလားဘုန်းကြီးဆီ လှမ်းဖုန်းဆက်ကြည့်မိသည်။ ဇဝေဇ၀ါနှင့်ပါပဲ။ သို့ပေမယ့် ယနေ့သည် မေဒင်ဥပုသ်နေ့ဖြစ်သည်ဟု ဖြေပေးပါသည်။
ထို့ကြောင့်ပင် ကိုယ်ရေးခဲ့သည်များတွင် အမှားအယွင်း ဖြစ်လေပြီဟု သိမိသည်။ ထို့အတွက် တောင်းပန်လိုက်ခြင်းဖြစ်သည်။
တခုတော့ ချွတ်ယွင်းချက်ရှိနေပြန်ပါသည်။ နဗန်ဥပုသ်နေ့တွင် ကျင်းပနေကြ ပေရဟေရ- စွယ်တော်လှည့်ပွဲကို ကျင်းပလေ့ရှိသည့် ဂင်္ဂါရာမကျောင်းတိုက်တွင်ကား ယင်းပွဲတော်ကို ကျင်းပနေပါသည်။ ယနေ့ညသည် နောက်ဆုံးည ဖြစ်သည်ဟု dailymirror.lk/ တွင် ဆင်များကို သန့်ရှင်းရေးလုပ်ပေးနေသည့် သတင်းကို ဖတ်ရပြန်ပါသည်။ ထိုသတင်းသည် အမှန်ဖြစ်သည်ဟု ဆိုနိုင်ပြန်ပါသည်။ နောက်တခါ တချို့သီးနှံများ ရိတ်သိမ်းနိုင်ပြီ ဆိုသည်လည်း မှန်ပါသည်။ ဂျပ်ဖနာခရီးသွားစဉ်တွင် ဂျပ်ဖနာမြို့အနီးတွင် စပါးပင်များ ရိတ်သိမ်းနေကြသည်ကို တွေ့ခဲ့ရသောကြောင့်ဖြစ်ပါသည်။
ယခုကိုယ်ပြုမိသည့်အမှုအတွက် ဘုရားရှင်ဟောကြားသည့် တရားတော်တွင် မာ ပိဋကသမ္ပဒါနေန - စာပေကျမ်းဂန်လာ စကား ဆိုတိုင်းလည်း မယုံနဲ့ - ဆိုတဲ့ စကား။ မိမိညာဏ်ဖြင့် ချင့်ချိန်ပြီးမှ ယုံပါဆိုသည့် စကားတို့သည် အဖိုးတန်ပေစွဟု မြတ်ဘုရား တရားတော်အပေါ် ယုံကြည်သက်ဝင်မှုတော့ ပိုသွားမိပါသည်။
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။