ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

.
.

မြန်မာပြည်အလို ယနေ့သည် တပေါင်းလပြည့်နေ့ဖြစ်သော်လည်း သီရိလင်္ကာအလို မနက်ဖြန် ၂၈ ရက်နေ့သည် နဗန်လပြည့်နေ့ဖြစ်ပေသည်။ နဗန်လပြည့်နေ့အကြောင်း ဗဟုသုတရဖွယ်ရာ ဖေါ်ပြအပ်ပါသည်။
===========================================================

နဗန်လတွင် နေမင်းသည် aquarious အိမ်မှ လှည့်လည်လျက်ရှိသည်။ ယခုလသည် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်များသာမက အားလုံးသော ဗုဒ္ဓဘာသာဝင်များ ဘ၀တလျောက်လုံးအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေမည့် အဖြစ်ကြောင်းအင်များဖြင့် ဂုဏ်ယူထိုက်ရာ လတစ်လပင် ဖြစ်ပေသည်။

ထိုက်တန်သည့် လူတဦးအတွက် အသင့်တော်ဆုံး နေရာတစ်ခု ပေးအပ်ခံရခြင်းဖြင့် လူသားအားလုံးသည် မဟာလူသားတယောက်အတွက် ဂုဏ်ယူဝံ့ကြွားထိုက်လှပေသည်။ ထိုသို့သာ မဟုတ်ခဲ့ပါလျင် ထိုအဖွဲ့အစည်းများသည် တိုးတက်မှုများ မဖြစ်နိုင်ပါ။ ဗုဒ္ဓဘာသာဝင်များ ဘ၀နှင့်ဆက်စပ်သည့် အဖြစ်အပျက်အားလုံး ကျရှုံးသွားနိုင်ပါသည်။ ပညာညာဏ်အရာတွင် လူ့ကိုယ်ကျင့်တရား အမြင့်မားဆုံးတိုးတက်မှု နမူနာယူစရာတခုအဖြစ် နဗန်လသည့် နေရာယူထားလျက်ရှိနေပါလေသည်။

ယခုလတွင် အချို့ကောက်ပဲသီးနှံများကို ရိတ်သိမ်းနိုင်ပြီ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ သမိုင်းကြောင်းမှ ထင်ရှားသည့် အဖြစ်အပျက်များမှာ -

(၁) မဟာသာဝက တည်ထောင်ခြင်းကို ကြေငြာမှုပြုခြင်း
(၂) ထိုသို့ ကြေငြာရန်အတွက် ရဟန်းအပေါင်းကို စုဝေးရန် ခေါ်ယူတော်မူခြင်း
(၃) ရဟန်းသံဃာများအတွက် ပုံမှန် ၀ိနည်းဥပဒေများကို ချမှတ်တော်မူခြင်း
(၄) နောက်သုံးလအကြာတွင် အာယုသင်္ခါရ လွှတ်တော်မူမည်ဟု ဆုံးဖြတ်ချက်ချတော်မူခြင်း

လူ့သမိုင်းကြောင်းတွင် ဂုဏ်ယူထိုက်သည့် မြတ်စွာဘုရား၏ တပည့်သာဝကနှင့် ဒါယကာ ဘာသာရေးခေါင်းဆောင်များအကြားတွင် အမြတ်ဆုံးပညာရှိ ဖြစ်တော်မူသည့် မြတ်စွာဘုရားလောက် အားကျစရာ ကောင်းလောက်သည့် ကျွမ်းကျင်မှုနှင့် စွမ်းရည်ပြည့်ဝသည့် အခြားခေါင်းဆောင် မရှိပေ။ သံဃာတော်များကို ထိုအကြောင်းကို ရှင်းပြသည့်အခါတွင် မရှောင်လွဲနိုင်သည့် ပြဿနာများနှင့် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်မြတ်စွာဘုရားသည် ၀ိနည်းစည်းကမ်းနှင့် ကိုယ်ကျင့်စည်းကမ်းများ တာဝန်များကို အကျိုးရှိရှိ ထမ်းဆောင်ဖို့ ပထမသာဝကနှင့် ဒုတိယသာဝကများကို ခန့်အပ်ဖို့ ဆုံးဖြတ်တော်မူခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို လက်တွေ့ကျင့်သုံးဖို့ ရဟန္တာသာရိပုတ္တရာနှင့် ရဟန္တာ မောဂ္ဂလာန်တို့ကို သာဝကခေါင်းဆောင်နှစ်ပါးအဖြစ် ခန့်အပ်ခဲ့သည်။ ထိုသာဝကနှစ်ပါးတွင် ရဟန္တာသာရိပုတ္တရာကို တရားဟောတော်မူရာတွင် ကျွမ်းကျင်တော်မူသောကြောင့် ဓမ္မသေနာဓိပတိ (ဓမ္မသေနာပတိ)ဟူသော ဂုဏ်ပုဒ်ဖြင့် ချီးမြှင့်တော်မူခဲ့သည်။ ရဟန္တာ မောဂ္ဂလာန်ကို တန်ခိုးပြသရာတွင် ကျွမ်းကျင်တော်မူသည့် ပြာဋိဟာဟူသော အမည်ဖြင့် ချီးမြှင့်တော်မူခဲ့သည်။ ထိုသို့ မဟာသာဝက ခန့်အပ်မှုကို နဗန်လဟု ခေါ်သည့် ယခုလတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပေသည်။ သံဃာ့အဖွဲ့အစည်းတွင် ထိုထုံးစံ ဖြစ်လာသည့်နောက်ပိုင်းတွင် အချို့အကြံညာဏ်ပေးမှု လမ်းညွှန်မှုများဖြင့် အသက်ကြီးသည့် ရဟန်းများလည်း ခန့်အပ်မှုများ ဖြစ်ပေါ်လာခဲ့ပေသည်။

သင့်လျော်သည့် အခြေအနေတွင် စည်းကမ်းသေ၀ပ်စေဖို့ ရဟန်းတို့၏ ပုံမှန်နည်းလမ်းနှင့် ကျေးဇူးတရား သိတတ်စေဖို့ စနဗန်လပြည့်နေ့တွင် ၀ိနယပါတိမောက္ခကို ရွတ်ဆိုခဲ့သည်။

ဝိနည်းပါတိမောက် ဂါထာ
=================


သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿ ဥပသမ္ပဒါ ။
သစိတ္တ ပရိယောဒပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ ။

ခန္တီ ပရမံ တပေါ တိတိက္ခာ ။
နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ ။
န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော ။

အနုပ၀ါဒေါ အနုပဃာတော ။
ပါတိမောက္ခေစ သံဝရော ။
မတ္တညုတာ စ ဘတ္တသ္မိံ။
ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေစ အာယောဂေါ
ဧတံ ဗုဒ္ဓါနသာသနံ။

အဓိပ္ပါယ်များ-

(၁) အကုသိုလ်များကို မပြုလုပ်ခြင်း
ကုသိုလ်တရားများဖြင့် ပြည့်စုံစေခြင်း
မိမိတို့စိတ်ကို ဖြူစင်စေခြင်းတို့သည် မြတ်စွာဘုရား၏ အဆုံးအမများဖြစ်ပေသည်။

(၂) သာသနာတော်တွင် အမြတ်ဆုံးအကျင့်သည် သည်းခံခြင်းဖြစ်သည်။
ဘုရား ပစ္စေကဗုဒ္ဓါနှင့် သာဝကတို့သည် နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဟောကြားတော်မူကြသည်။
သူတပါးကို သတ်ဖြတ်ခြင်း စသည်ဖြင့် ညှင်းဆဲတတ်သူသည် ရဟန်းမဟုတ်ပေ။
သူတပါးကို သတ်ဖြတ်ခြင်း စသည်ဖြင့် နှိပ်စက်တတ်သူသည် ရဟန်းမဟုတ်ပေ။
(၃) သူတပါးကို မစွပ်စွဲခြင်း (နှုတ်ကျင့်သီလ)


သူတပါးကို မညှင်းဆဲခြင်း (ကိုယ်ကျင့်သီလ)
မြင့်မြတ်သည့် သီလကို စောင့်ထိန်းခြင်း (ဣန္ဒြိယသံဝရသီလ)
အစားအသောက် အတိုင်းအတာ ပမာဏကို သိခြင်း (အသက်မွေးမှုစင်ကြယ်ခြင်း ပစ္စည်းလေးပါးကို မှီ၍ဖြစ်သည့် သီလအကျင့်)
သင့်တင့်လျောက်ပတ်သည့် အိပ်ယာနေရာကျောင်းကို မှီဝဲခြင်း
သမာပတ် ရှစ်ပါးကို ကျင့်သုံးခြင်းသည် တို့သည် မြတ်စွာဘုရား၏ အဆုံးအမများဖြစ်ပေသည်။

ကရုဏာတရားကြီးမားတော်မူသည့် မြတ်စွာဘုရားသည် လူသားများအတွက်သာမက ဒေ၀ ဗြဟ္မာ ယက္ခ ရက္ခသ နှင့် တိရစ္ဆာန်များ အကျိုးစီးပွားအတွက်ပါ ၄၅ နှစ်တာကာလပတ်လုံး တရားတော်များ ဟောကြားတော်မူခဲ့သည်။

မြတ်စွာဘုရား သက်တော် ၈၀ အရွယ်တွင် သတ္တ၀ါအားလုံး ဖြစ်ရိုးဖြစ်စဉ် အိုမင်းမှုကဲ့သို့ အိုခြင်းဇရာသည် မြတ်ဘုရားတွင်လည်း ထင်ရှားလာခဲ့ပြီး မြတ်ဘုရားသည် ပရိနိဗ္ဗာန်ပြုဖို့ ဆုံးဖြတ်ချက်ချတော်မူခဲ့သည်။ ထိုဆုံးဖြတ်ချက်ချခြင်းကို အာယုသင်္ခါရလွှတ်ခြင်းဟု ခေါ်တွင်ပေသည်။ ထိုအကြောင်းအရာကို ဗုဒ္ဓဘာသာသမိုင်းကျမ်းစာတွင် နဗန်လပြည့်နေ့တွင် ထုတ်ဖေါ်ပြောဆိုသည်ဟု မှတ်တမ်းတင်ထားကြသည်။

ကြီးကျယ်မြင့်မြတ်သည့် နဗန် ပေရဟေရပွဲတော်ကို ကိုလံဘိုရှိ ဂင်္ဂါရာမဘုရားကျောင်းတွင် ခမ်းခမ်းနားနား ၀တ်စုံအပြည့်ဖြင့် ကျင်းပြလေ့ရှိသည်။ ထိုအခမ်းအနားသည် ကမ္ဘာသူကမ္ဘာသားများ ဆင်ဟာလဗုဒ္ဓဘာသာယဉ်ကျေးမှု အကြံညာဏ်ကောင်းများ ရရှိဖို့ အခွင့်အရေးတခုပင် ဖြစ်တော့သည်။

A Mellow Moon

Worshipping the Buddha early morn
Creeps into mind the Rahula Thera
To the village temple a glittering light
Podi Hamuduruwo – a mellow moon.

To honour the high priest standing up
The temple garden sweeping well
Flower stand washing daily
Podi Hamuduruwo – a mellow moon.

To the Bo tree in the eve
Innocent meditates he
A Buddha – in years to come
Podi Hamuduruwo – a mellow moon.

NAVAM POHOYA - THE MONTH OF FEBRUARY, SOMA JAYAKODY, GODAGE BOOK EMPORIUM, 2006 - ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ဘာသာပြန် မချောမွေ့မှုကြောင့် စကားလုံးများထောက်နေခြင်းကို တောင်းပန်အပ်ပါသည်။ ကျဉ်းလွန်းသဖြင့် နားမလည်နိုင်ဖြစ်နေနိုင်ပါသေးသည်။ ပါဠိထဲမှ ထုတ်နှုတ်ပြီး ထပ်မံဖြည့်စွက်ချက်အဖြစ် အဓိပ္ပါယ်ရှင်းလင်းပေးပါဦးမည်။

===============================
ဆက်စပ်ဖတ်ရှုနိုင်ပါသည် -

တပိုတွဲလပြည့် ဒုရုသုပေါဟောယနေ့ ဇန်န၀ါရီလ လကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။