စစ်ပွဲကြီးပြီးသည်မှာ တနှစ်ခန့်ရှိတော့မည် ဖြစ်သည်။ မိမိတို့ မြောက်ပိုင်းဒေသကို ၀င်ရတော့မည် စစ်ဆေးရေး ဂိတ်ဝတွင် စစ်ပွဲသုံး စစ်ကားကြီးများ နေရာပြောင်းရွေ့နေသည်ကို တွေ့ရသည်။ အနုရာဓပုရဆီကို ပြောင်းရွေ့ကြမည်ဟု ဆိုသည်။ ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ခြင်း မရှိဟု သိရသည်နှင့် ရိုက်ကူးခဲ့သည်။
စစ်အတွင်းက အပျက်အစီးအချို့သည် ယခုအခါတွင်တော့ ခရီးသွားများကို မြောက်ပိုင်းအရပ်ဒေသကို လာချင်အောင် ဆွဲဆောင်လျက် ရှိနေပြန်သည်။ အောက်က ရေကန်ပျက်ကြီးကတော့ ယခင် သီရိလင်္ကာအစိုးရနှင့် LTTE တို့အကြား ငြိမ်းချမ်းမှု ရရှိစဉ်က တည်ဆောက်ထားသည့် ရေကန်ကြီး ဖြစ်ပြီး LTTE တို့ စစ်ပွဲတွင် နောက်ဆုတ်ရစဉ်က ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။ ယခုတော့ ပျက်စီးနေသည့် ရေကန်ကြီးအနားမှာပင် ယာယီဈေးသည်များ ရောင်းချလျက်ရှိနေပြီး စည်ကားသည့် နေရာ တခုဖြစ်နေပြန်ပေသည်။ (ဒီနေရာကို ကိုးကားထားပါသည်)
Jaffna အသွားကားလမ်းတွင် တွေ့မြင်ရသည့် စစ်လက်ကျန် တိုက်ပျက်များ။ အချို့သုံးသပ်ချက်အရ တိုက်များကို အမိုးဖွင့်ထားခြင်းသည် ရန်သူတို့ ထပ်မံ မခိုအောင်းနိုင်ရန် ဖွင့်ထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။
သမိုင်းတွင်သွားတဲ့ ကားကြီး။ ထိုကားကြီးသည် LTTE အပိုင်ကားဖြစ်ပြီး ထိုနေရာမှနေပြီး ပစ်ခတ်နေသဖြင့် သီရိလင်္ကာ စစ်သားပေါင်း ၃၀၀၀ ကျော်ကျဆုံးခဲ့ရသည်ဟု ဆိုသည်။ ထိုကားကြီး ထုမှာ ၁ လက်မ၀န်းကျင်ခန့်ထူသည်။ သေနတ်ကျဉ်ရာများ လက်နှက်ကြီးရာများ ရှိသည်။ ထိုလက်နှက်များဖြင့် ထုသော်လည်း ကားကြီးကား မတုန်မလှုပ်။ ထို့ကြောင့် စစ်သားတယောက်သည် ဗုံးသီးများ ချည်ကာ အတွင်းဝင်ပြီး အသေခံကာ ဗုံးခွဲခဲ့သဖြင့် ထိုနေရာကို စစ်သားတို့ အောင်ပွဲဆင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အနီးနားတွင် စစ်သား၏ ရုပ်ပုံကို ပိုစတာဖြင့် ပြသထားပြီး အထိမ်းအမှတ် ကျောက်စာတိုင်ကိုလည်း ပြုလုပ်ထားကြောင်း သိရသည်။
စစ်ပွဲအတွင်က LTTE တို့၏ ကားများ
သေနတ်ဒဏ်ရာများနှင့် အိမ်တလုံး
စစ်ပွဲလက်ကျန် ကျည်ခွံများ
Welcome to jaffna - နွေးထွေးခြင်းကင်းစွာ ကြိုဆိုနေသည့် jaffna အ၀င်မုခ်ဦး
လည်ပင်းမဲ့နေသော ထန်းပင်များ
jaffna မြို့အတွင်းမှ သိရီနာဂ၀ိဟာရ ကျောင်း
jaffna မြို့တွင်းတနေရာ။ ဆင်ဟာလစကား အသုံးမ၀င်တဲ့ မြို့ကလေး။ မကြာမီတိုးတက်တော့မည့် မြို့ကလေး။ ဆာရီဝတ်ပြီး စက်ဘီးဆိုင်ကယ်စီးတဲ့မြို့လေး။ မန္တလေးလို မြို့ကလေးဟု ထင်မိပါသည်။
အနုရာဓပုရရှိ သိရီမဟာဗောဓိပင်ကို အိန္ဒိယမှ သီရိလင်္ကာသို့ သယ်ဆောင်စဉ် စတင်ရောက်ရာ ဇမ္ဗုကောလပတ္တန ဆိပ်ကမ်း
jaffna မြို့မှ ရဟန္တာ ၇ပါး ကြွရောက်ခဲ့သည်ဆိုသည့် နေရာ
အောက်ကပုံကတော့ jeffna ခံတပ်ပုံဖြစ်ပေသည်။ ပေါ်တူဂီတို့ အုပ်စိုးစဉ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ခံတပ်မျိုးနောက်တခုကို Galle fort တွင် ရှိသေးသည်ဟု သိရပါသည်။
အောက်ကပုံလို မိုင်းမရှင်းရသေးသည့် ကားလမ်းပေါ်နေရာမျိုးကတော့ ယခုတနေရာပဲ တွေ့ရပါသည်။ ကတ္တရာကားလမ်းဘေးပတ်ဝန်းကျင်သည် မိုင်းရှိသည့်အကြောင်း ရေးထားသည့် စာတန်းကြိုးအ၀ါများနှင့် အနီရောင် ဆိုင်းပုဒ်များ စိုက်ထောင်ထားသည်ကို တွေ့ရပေသည်။ အချို့နေရာများတွင် လူမဲ့စက်ရှင်းစက်ဖြင့် ရှင်းနေခြင်း၊ စစ်သားများကိုယ်တိုင် မိုင်းရှင်းနေခြင်းများကို တွေ့နိုင်ပေသည်။
နာဂဒီပသွားရာလမ်းမှ jaffna မြို့ကို လှမ်းလှည့်ကြည့်လိုက်စဉ်
နာဂဒီပသို့ ဘုရားရှင် ကြွရောက်လာပုံ သရုပ်ဖေါ်ပုံ
နာဂဒီပ သမိုင်းကြောင်း
နာဂဒီပကျွန်းကို ဆိပ်ကမ်းမှ နံနက် ၆ နာရီခန့်က လှမ်းမြင်ရစဉ်
နံနက်မိုးအလင်းတွင် နာဂဒီပကျွန်းသို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူးများ။ ထိုသို့ အတန်းရှည်ကြီးမှာ လူပေါင်း ၄၀၀ ၀န်းကျင်ခန့်ရှိမည်ဖြစ်ပြီး ကားပါကင်မရသဖြင့် တန်းစီစောင့်နေရသည့် ကားတန်းရှည်မှာလည်း အစီးပေါင်း ၅၀ ထက်မနည်း ရှိနေသေးသည်။ မြတ်စွာဘုရားကြွရောက်ခဲ့ရာ နေရာဖြစ်သည်ဟု ယုံကြည်ခြင်း။ နာဂဒီပကျွန်းသို့ သွားလာခွင့်မရသည်မှာ နှစ်ပေါင်း ၃၀ ၀န်းကျင်ခန့်ရှိပြီ ဖြစ်ခြင်းတို့ကြောင့် ယခုကဲ့သို့ များပြားနေခြင်းဖြစ်သည်ဟု သိရသည်။
နာဂဒီပကို သွားလျင် အောက်ကပုံလို ပင်လယ်ရေပြင်ပေါ်ဖေါက်ထားတဲ့ လမ်းနဲ့ jaffna ကနေ တစ်နာရီခွဲခန့် သွားရပါသည်။ သာယာလှပသည့် ရှုခင်းကို မြင်တွေ့ရခြင်းကြောင့် နာဂဒီပ ခရီးလမ်းသည် လူကို လန်းဆန်းကြည်လင်နေစေပါသည်။
jaffna မြို့ထိ ခရီးသွား မှတ်တမ်း ဗွီဒီယိုလေးပါ။ လမ်းသွားစဉ် ရိုက်ထားရတော့ မြင်ကွင်းများကို ကြာရှည်မြင်ရမည်မဟုတ်ပါ။ သို့သော်လည်း တကယ့်ပကတိ မြင်ကွင်းကိုတော့ တွေ့ရပါလိမ့်မည်။ ရပ်လိုက် ကျော်လိုက်ဖြင့်သာ ကြည့်ကြပါကုန် -
နာဂဒီပကျွန်းဆီ အသွားမှတ်တမ်းဗီဒီယိုလေးပါ။ မူရင်းအသံကို နားဆင်လို့ရအောင် မပြုပြင်ပဲ ထားလိုက်ပါသည်။ ဆူဆူညံညံဟု ထင်ရသည့် အသံများမှာ ကုလားဘုန်းကြီးများ ပရိတ်ရွတ်ဆိုသည့်အသံဖြစ်သည်။ သီရိလင်္ကာရှိ ဘုန်းကြီးကျောင်းတိုင်းတွင် ထိုကဲ့သို့ ပရိတ်တော်များကို နံနက်ခင်း ၅ နာရီခန့်မှ ၇ နာရီဝန်းကျင်ထိ တကြိမ်၊ ညနေ ၅ နာရီခန့်မှ ၇ နာရီဖြင့် တကြိမ် စက်ဖြင့် ဖွင့်လေ့ဖွင့်ထရှိပါသည်။ ခရီးစဉ်တွင် စက်လှေဖြင့် ကမ်းကူးရပုံ၊ နာဂဒီပကျွန်းရှိ ဘုရားဆီသို့ အသစ်ဖေါက်ထားသည့်လမ်းဖြင့် သွားရပုံ (ဆိပ်ကမ်းက တက်တက်ခြင်းတွေ့ရသည့် အမြှောက်ကြီးကိုတော့ မရိုက်ဖြစ်ခဲ့ပါ)။ ဘုရားစေတီတော်။ ဆီးမီးပူဇော်ကြပုံ။ မြန်မာပြည်မှ လှူထားသည့် ဘုရားဆင်းတုတော် အစရှိသည်ကို ဖူးမြင်နိုင်ပါသည်။
ဘုရားရှင်ကြွရောက်ခဲ့ရာ မြေမြတ်မဟာ နာဂဒီပကျွန်းကို အခက်အခဲ အချို့ကြားမှ ရောက်ခဲ့ရပါသည်။ ပထမ ဂိတ်တွင် နိုင်ငံခြားသားများ ၀င်ခွင့်မပေးဆိုခြင်းကြောင့် ဟိုဖုန်းဆက် ဒီဖုန်းဆက်နဲ့ တစ်နာရီခွဲခန့် ဇဝေဇ၀ါ ဖြစ်ရင်း စောင့်ဆိုင်းခဲ့ရသည်။ ထို့နောက် သဘောကောင်းသည့် MP မှ အရာရှိထံ ဖုန်းဆက်ပေးခဲ့ရာမှ ၀င်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဒေသခံတွေတောင် နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပြန်ရောက်ခွင့်ရရှိခဲ့တဲ့ နာဂဒီပ ကျွန်းလေးကို တနှစ်တာဖြင့်ပင် သွားခွင့်ကြုံ ဘုရားဖူးခွင့်ကြုံခဲ့ခြင်းသည် ကံထူးမှုတခုဟု မှတ်ယူမိပါသည်။ ထိုနည်းတူ ဘု၇ားမှတ်တမ်း ဗီဒီယိုလေးကို ကြည့်ရှုခွင့်ကြုံသူများလည်း ကံထူးသူများပင် ဖြစ်သည်ဟု မှတ်ထင်မိပါသည်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။