မှန်ပါ့ဘုရား....
တပည့်တော် ဘုရားဝတ်ပြုနေချိန်မို့ ဖုန်းမကိုင်ဖြစ်တာဘုရား....
ရိုးသားမှု အပြည့်ဖြင့် ပြောကြားသည်ဟု သူ့ကို ယုံကြည်မိပါသည်။ ဟုတ်ပါသည်။ သူသည် လင်္ကာမြေသို့ ရောက်သည့်တိုင် ပတ်ဝန်းကျင်အလိုက် အရောင်မပြောင်းတတ်သူများတွင် တပါးအပါအ၀င်ဖြစ်သဖြင့် သူ့အပေါ် ထိုသို့ ယုံကြည်မိခြင်းလည်း ဖြစ်ပါသည်။
တပည့်တော်တို့ မိသားစုတွေမှာ အချိန်မှန်မှန်လုပ်တာ ရှိတယ်ဘုရား။ အဲဒါက ညစဉ် ၇း၀၀ နာရီဆိုရင် စုပေါင်း ဘုရားဝတ်တက်နေကြဘုရား။ ဒါ့ကြောင့် ဒီကအချိန်နဲ့ မြန်မာပြည်က မိသားစုအချိန်နဲ့ အချိန်ကိုက်မှာ ဘုရားဝတ် ပြုနေလိုက်တော့ အရှင်ဘုရား တယ်လီဖုန်းဆက်တာကို မကိုင်မိတာဘုရား ဟု အကြောင်းရင်းနှင့် တကွ ရှင်းပြလေသည်။
ရင်တွင်းမှသည် သူ့စကား သူ့အကြောင်းပြများကို သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါသည်။ ကောင်းလိုက်သည့် အလေ့အကျင့် အတူယူထိုက်သည့် အလေ့အကျင့်ပါတကား......
+ + + + + + + + +
မှန်ပါ့ဘုရား....
တပည့်တော်တို့ မိသားစုကို အရှင်ဘုရား အဆင်ပြေမယ့် တရားကိုသာ ဟောတော်မူပါဘုရား.... ဟု ရွှေမန္တလေးမှ စီးပွားပျက်ကပ်တွင် ပါဝင်နေဆဲ ဒကာကြီးက လျှောက်ထားသည်။ မိမိတို့လို စာသင်သားတပိုင်း စာချတပိုင်းသမားများအဖို့ တရားဟောပါဟု လျှောက်လျင် အလွန်ပင် လေးလံသည့် ၀န်ထုတ်ဝန်ပိုးကြီး ခေါင်းပေါ်ရောက်နေသလို ခံစားရပါသည်။ သင်ထားပေမယ့် မဟောတတ်ပါ။ သွယ်သွယ်ဝှိုက်ဝှိုက် မညွှန်းဆိုတတ်ပါ။ နောက်တနည်းမှာ မှားများ မှားသွားလေမလားဟု သံသယလည်း ပွားတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ သင်ယူ-ပို့ချသည့် စာပေများတွင် သဒ္ဒါနည်းစနစ် မှန်ကန်စွာ လုပ်ဆောင်ရသည်။ ပါဠိတပုဒ်ကို အနက်ပြန်ရာတွင် သဒ္ဒါနည်းမှားယွင်းလျင် အနက်လည်း မှားယွင်းသည့်အတွက် အမှားမခံရဲသည့် ကြောက်စိတ်က ပိုတတ်လွန်းလို့လည်း ဖြစ်ပေသည်။ ထို့ပြင် သံဃာတော တိုးသလောက် လူတော မတိုးရဲသည်မှာလည်း တမျိုးပါနေလေဦးမည် ထင်ပါသည်။ ဆိုတော့ ဒကာတော်က အဆင်ပြေသလိုသာ ဟောတော်မူပါဆိုတော့ ကဲဒကာကြီးရေ အန္တရာယ်ကင်း ပရိတ်ပဲ ချီးမြှင့်မယ်ဗျာ ဆိုပြီး လုပ်ခဲ့ဖူးပါသည်။
ထို့နောက် စကားစမည် ပြောဖြစ်ကြသည့်တွင်....
တပည့်တော်စက်ရုံမှာ အလုပ်သမားတွေကို ညနေ ၆း၀၀ နာရီထိုးရင် အားလုံး စုပေါင်း ဘုရားဝတ်ပြုဖို့ အလေ့အကျင့်လုပ်ထားပါတယ်ဘုရား။ အရက်သောက်တဲ့လူလည်း လာ။ မသောက်လည်း လာရမယ်လို့ လုပ်ထားပါတယ်ဘုရား။ ရှေးကံရေစက်ကြောင့် ဒီဘ၀မှာ အတူလာဆုံရတာ။ နောက်ဘ၀မှာလည်း ကောင်းမွန်တဲ့ သူတော်ကောင်း အသိုက်အမြုံကလေးတခု အဖြစ်ပြန်လည်ဆုံဆည်းနိုင်ဖို့ပေါ့ဘုရား။
ဒကာတော်ကလည်း သူ့အကြောင်းနှင့် သူ ရှင်းပြသည်။ စီးပွားပျက်ကပ်တွင် ဘာသာရေးစိတ်ဓာတ် ပျက်စီးမသွားသူ ဒကာတော့်စကားများကိုလည်း ရင်တွင်းမှပင် ကြိတ်ကာ ချီးမွမ်းမိပါသည်။ လှိုက်လှဲစွာလည်း သာဓုခေါ်မိပါသည်။
မြတ်ဘုရားသည် အသေ၀နာစ ဗာလာနံ = လူမိုက်ကို မပေါင်းပါနဲ့
ပဏ္ဍိတာနဉ္စ သေ၀နာ - ပညာရှိကို ပေါင်းသင်းပါ ဟု မင်္ဂလသုတ်တွင် ဟောကြားခဲ့ပါသည်။
ပညာရှိကိုပေါင်းသင်း လူမိုက်ကို ရှောင်ရှားနိုင်ဖို့ ပတ်ဝန်းကျင် ကောင်း (ပတိရူပဒေသ၀ါသ ဖြစ်ရာအရပ်) ရှိခဲ့လျင်မူ သင့်လျော်ပေလိမ့်မည်။ ၂၁- ရာစု ယနေ့ကမ္ဘာတွင် မငြိမ်းချမ်းသည့် သတင်းများ နေ့စဉ်ရက်ဆက် ကြားနေရတတ်ပါသည်။ တခါတရံများ သူတော်ကောင်းဖြစ်သူတို့၏ အလေ့အကျင့်အလေး အပြုအမူလေး အကြောင်းများ ကြားမိလိုက်သော် သိခွင့်များ ရရှိလိုက်သော် ရင်ခွင်သည် အလွန်ပင် ငြိမ်းချမ်းလှပါသည်။
ပုံမှန် ကုသိုလ်တရားများ ပွားများနိုင်ကြပါစေ.....
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။