သူငယ်ချင်းတယောက်က မေးလာသည်။ ကောင်းကြောင်းချည်း ရေးနေပါ့လား။ မကောင်းတာလေးလည်း ရေးပါဦးဆိုလို့ ရေးထည့်လိုက်သည်။ လောဘကြီးသူနဲ့ ဒေါသကြီးသူ အကြောင်းပါပဲ။
ကုလားပြည်ခေါ်တဲ့ သီရိလင်္ကာနိုင်ငံသူ နိုင်ငံသားများကတော့ လောဘ အလွန်ကြီးတတ်ကြပေသည်။ သူတပါးဆီကို တောင်းထည့်လိုက်ဖို့ ဘယ်တော့မှ မနှောင့်နှေးတတ်ကြပေ။ မပေးဖူးဆိုရင်လည်း အရှုံးမရှိပေါင် ဟုဆိုရမည့်အလကား မျက်နှာထားကား တချက်မှ မပျက်တတ်ကြပါ။ ဘတ်စ်ကားများမှ အပ taxi အများစုသည် ပိုတောင်းတတ်သည်။ ပြောဈေးတမျိုး အဆင်းတွင် ဈေးတမျိုးတောင်းတတ်ကြသည်။ ကိုယ်က ပြောနိုင်မှ တော်ကာ ကျပေသည်။
တခါက ဖြစ်သည်။ မိမိတို့ ကုလားဘုန်းကြီးကျောင်း တကျောင်းက ဆွမ်းစားအကူအညီလိုလို့ ကြွခဲ့ပါဟု ဆိုသဖြင့် ကြွသွားကြသည်။ အပြန်တွင် ထိုဘုန်းကြီးကပင် ကားငှါးပေးသည်။ သုံးဘီးကားပေါ့။ မိမိတို့ နေထိုင်ရာနှင့် ၁၅၀ နှုန်းသာ ကျသင့်သည်။ ထိုအခါ ဘုန်းကြီးက ကုလားကားမောင်းသမားထံမှ ငွေ ၅၀ အတင်းတောင်းတော့သည်။ သူ့လက်ထဲမှာ ၂၀၀ ကိုင်ထားသည်။ ဘုန်းကြီးက ပြောသည်။ ကားသမားကို မယုံတဲ့။ အန်းငွေ အရင်ရပြီးမှ ပေးငွေကို ပေးချေလိုက်လေသည်။ ထို့ကြောင့်လည်း ကားစီးလျင် အရင်ဦးဆုံး ဈေးမေးပြီးမှ စီးဖြစ်သည်။ ထို့ပြင် အတိအကျ ပေးနိုင်အောင် လုပ်ထားရသည်။ သို့မဟုတ်လျင် ငွေ မြင်လျင် ပိုတောင်းတတ်ကြသည်။ (ကားသမား တဦးတလေတော့ အခမဲ့ ပို့ပေးသည်ကိုတော့ တနှစ်အတွင်းမှာ နှစ်ခါလား မသိ ကြုံဖူးပါသည်။ အော်.... သဘောကောင်းတဲ့ ကားသမား နည်းနည်းလေးတော့ ရှိတယ်လို့ ပြောချင်လို့ပါ)
အများစုသည် လစာကောင်းကောင်းရကြသည်။ ကျောင်းဆရာတဦးပင် တလ ရူပီး ၃၀၀၀၀ိ (မြန်မာငွေ သုံးသိန်းဝန်းကျင်)ရသည် ဟုသိရသည်။ ငွေဖြုန်းသည်ကိုတော့ မသိပါ။ သုံးသည်ကိုတော့ မမြင်မိပေ။ လဘက်ရည်ဆိုင်တွင် ငုတ်တုတ်ထိုင်ကာ အချိန်ကြာမြင့်စွာ သောက်သည်လည်း မတွေ့မိ။ စားသောက်ဆိုင်ရောက်လျင် သောက်သည်ကိုက နွားနို့။ ချက်ပြုတ်စားသောက်တော့ ပြန်လည်း အုန်းသီး မပါလျင် အစားအစာ မဖြစ်။ အုံးသီးပါလျင် ထမင်းမြိန်သည် ဟင်းကောင်းသည်။ ထို့ကြောင့်ပင် စားသည့် ဟင်းတိုင်း အုန်းဆီဖြင့် ချက်ပြီး အုန်းသီးဆံကို ခြစ်ကာ ထည့်တတ်ကြလေသည်။ ထို့အပြင် အကြိုက်ဆုံး အစားအစာမှာ ပိန္နဲသီး ဖြစ်လေသည်။ ပိန္နဲသီးကို နုနုလေးမှသည် ရင့်ရင့်ကြီးထိ အစေ့ပါမကျန် ချက်ပြုတ်စားသည်။ အဖတ်လေးများကို ကြော်စားသည်။ ငွေရဖို့အတွက်တော့ ဘာဖြစ်ဖြစ်ပေ လုပ်လေ့ရှိတတ်ကြပေသည်။ နိုင်ငံသားပိုင်ဘဏ်၊ အင်တာနေရှယ်နယ်ဘဏ်တွေ ဘယ်လောက်ပဲများများ ငွေစုဖို့ သွားအပ်လိုက်တိုင်း လူတန်းရှည်ဖြင့် တန်းစီဖို့ရာသာ အသင့်ပြင်ထားပေတော့။ ထို့ကြောင့် ကုလားများသည် လောဘကြီးတတ်သူများ ဖြစ်သည်။ လောဘကြီးတော့ ဘာဖြစ်။ လောဘကြီးတော့ သူခိုးပေါတာပေါ့။ သူခိုးပေါတော့ ဘာဖြစ်။ သူခိုးပေါတော့ အခိုးမခံရအောင် အိမ်ခြံတွေကို မြင့်မြင့်ဆောက်တာပေါ့။ အိမ်တွင်း ပစ္စည်းကို အလှထုတ်ပြဖို့ နေနေသာသာ။ သူတပါးကိုတောင် ရှိမှန်းအမြင်မခံတတ်ကြပေ။ အမယ် အိမ်အတွင်း ၀င်ကြည့်ရင်တော့ သန့်ရှင်းလို့ အတော်အနုပညာဆန်တဲ့လူတွေလို့ ဆိုရလောက်ပေသည်။
လောဘကြီး သူခိုးပေါ ဆိုတာနဲ့ ဆက်စပ်လို့ မျက်လှည့်ဆန်တဲ့ သူခိုးအကြောင်းကို ပြောပြရဦးမည်။ သူငယ်ချင်းတဦး ဆိတ်ငြိမ်ရပ်ကွက် ကျောင်းတွင် နေထိုင်ခွင့်ရသည်။ တဦးတည်းအတွက် အခန်းတခန်းလည်းရသည်။ အခန်းတွင် သံစကာ စသည်ဖြင့် အတော်ကိုလုံခြုံလှသည်။ တနေ့တွင် တောင်းလေ့ရှိသူ တယောက် လာတောင်းသည်။ အစပထမ ဆပ်ပြာခဲတောင်းသည်။ သူက တံခါးဝကို ဖွင့်ကာ ဆပ်ပြာပေးလိုက်သည်။ တောင်းသည့်သူက မတင်းတိမ်သေး။ သကြားရှိရင် နည်းနည်းလောက်ဟု ဆိုသည်။ အေး ရပါတယ်ဟု စိတ်ထားကောင်းကောင်းဖြင့် သကြားယူမည်ဟု အခန်းတွင်းထဲ ပြန်ဝင်သည်။ သူဝင်တော့ နောက်ကနေ တောင်းသူလည်း ကပ်ဝင်လိုက်လာသည်။ သတိမထားမိ။ ထို့နောက် သကြားကို စက္ကူဖြင့် ထုပ်ကာ ရော့ ဟုပေးလိုက်သည်။ တန်းယူမသွားသေးပဲ။ မတ်တပ်ရပ်လျက်ပင် သကြားထုတ်ကို ဖြေကြည့်သလိုလိုနှင့် ပေါ့လျော့စွာ လုပ်လိုက်သည်။ သကြားတွေ ဖိတ်စင်ကြကုန်သည်။ သူငယ်ချင်းလည်း အတော့်ကို စိတ်တိုသွားသည်။ တောင်းသူကို သွားသွား ပြန်ကွာ.... စသဖြင့် မာန်သည်။ ပြီးတော့ သကြားများကို ကုန်းရှင်းလိုက်သည်။ ထို့နောက် တောင်းသူလည်း ပြန်သွားသည်။ သို့ပေမယ့် ဟန်းဖုန်းတလုံး အဆစ်ပါသွားခဲ့လေပြီ။ သကြားကုန်းရှင်းချိန်မှာပဲ ယူသွားခြင်းဖြစ်ပေသည်။ အစပထမ အခန်းတွင်းထဲ ၀င်ခွင့်ရအောင် လုပ်သည်။ သကြားထည့်တုန်း ဘာယူရကောင်းမလဲလို့ ကြည့်ပုံရသည်။ ထို့နောက် သကြားမှောက်တော့ ကုန်းရှင်းတုန်း စွက်ကနဲယူကာ ပိုင်ရှင်က ငေါက်ငန်းချိန်တွင် ပြန်သွားခြင်း ဖြစ်ပေသည်။ အော် သင်္ခန်းစာ တခုပင်ဖြစ်ပေသည်။
ဒေါသနဲ့ ပတ်သက်လျင်တော့ နည်းတတ်ကြသည်။ ကုလားတယောက်ကို ဆဲဆိုချင်သလောက် ဆဲလို့ရပေသည်။ အာမညောင်း မချင်းပေါ့။ သွားတော့ ကိုယ်ထိလက်ပါး စော်ကားလို့ မရပေ။ တရားရုံးက ဆီးကြိုနေလေသည်။ အလျော်ပေးဖို့ စောင့်ကြိုနေလေသည် ဟု ဆိုသည်။ ကိုယ်တိုင်တော့ မကျူးလွန်မိ။ ကျူးလွန်မိ နီးပါးတော့ ဖြစ်ခဲ့ဖူးပါသည်။ ဒေါသ နည်းလို့လားတော့ မသိ။ သူတို့သည် စိတ်ရှည်တတ်ကြသည်။ စိတ်ရှည်တတ်ကြသည့် အပြင် အချိန်ကို ဆွဲလို့ဆွဲနှင့် တခါတရံ စိတ်ပျက်ရလောက်အောင်ပင် အချိန်မမှန် မကန် လုပ်တတ်လွန်းလှသည်- ဟု ဆိုချင်လှပါသည်။
မြန်မာပြည်က လူတွေကတော့ (ကိုယ့်ပတ်ဝန်းကျင်အရ) ဒေါသ ကြီးတတ်ကြသည်။ ထစ်ကနဲ ရှိ ရိုက်ထည့်လိုက်ရမှ ကျေနပ်သည်။ ဒေါသအစွယ်လေးကို ထုတ်ပြလိုက်ချင်သည်။ မိဘတချို့ဆိုလျင် ငါ့သား ရန်ဖြစ်ရန်တော့ ခံပြီး ပြန်မလာနဲ့။ ကိုယ်က ချခဲ့ရလို့ အလျော်ပေးရတာက တန်သေးသည်ဟု ဆိုတတ်ကြသည်ကို ကြားဖူးသည်။ ထို့ကြောင့်လည်း ဆေးရုံနှင့် ရပ်ကွက်လူကြီးအိမ်တွင် ငွေထုတ်ကိုင်ကာ ဖြေရှင်းသည့် လူစုကို မကြာခဏ မြင်တွေ့ရလေ့ရှိသည်။ လောဘကတော့ နည်းလွန်းသည်။ ရသမျှနှင့် ရောင့်ရဲတတ်ကြသည်။ အဆင်းရဲခံကာ ထိုးဖေါက်နိုင်ဖို့ ကြိုးစားကြသည်ကိုမတွေ့မိ။ ငွေရှာဖွေကာ စုဆောင်းသည်ကို မမြင်မိ။ ဘဏ်တံခါးဝသည် အမြဲတမ်း ရှင်းနေတတ်ပေသည်။ ထို့ကြောင့် မြန်မာများသည် ဒေါသကြီးတတ်သူများ ဖြစ်သည်ဟု ဆိုချင်ပါသည်။ ဒေါသကြီးတော့ ဘာဖြစ်။ ဒေါသကြီးတော့ ရန်ဖြစ်။ ရန်ဖြစ်တော့ ငွေကုန်တာပေါ့။ ငွေကုန်တော့ လူပင်ပန်း စိတ်ပင်ပန်းတာပေါ့။
သီရိလင်္ကာရော မြန်မာပါ ဗုဒ္ဓဘာသာများ ဖြစ်ကြသည်။ သို့သော် ရေမြေတောတောင်ဓလေ့အရ နိုင်ငံအနေအထားအရ ကွာခြားပါသည်။ မည်သို့ပင်ဖြစ်စေ အသိညာဏ်သုံးပြီး သတိကလေး ကပ်ထားလျင်တော့ မည်သည့်နေရာတွင် နေထိုင်ရသည်ဖြစ်စေ အဆင်ပြေပေလိမ့်မည်။ ကိုယ့်တက်လမ်းလေး ဖြစ်ပေလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။