စာချစကားဆိုတာ စာချတဲ့ ဆရာတွေ တခါတရံ တပည့်တွေအတွက် ပြောတဲ့ စကားလုံးလေးတွေပါ။ အလုပ်တခု လုပ်ပြီဟေ့ ဆိုရင် အချိန်ကြာလာသည်နှင့် အမျှ ငြီးငွေ့သွားတတ်သည်။ ပျင်းရိသွားတတ်သည်။ စိတ်ဇွဲတွေ လျော့သွားတတ်သည်။ ထိုအခါတွင် အားတက်စေမည့် စကားမျိုး၊ မခံချင်စိတ် ဖြစ်စေမည့် စကားမျိုးကို ပြောကြရလေ့ရှိပေသည်။ ယခု ကိုယ်ကျင်လည်ရာ ၀န်းကျင်ကတော့ သာမဏေကျော် စာဝါဟု ခေါ်သည့် ၀ိနည်းငါးကျမ်း အင်္ဂုတ္တိုရ် ၁၁ ကျမ်း ဓမ္မပဒဋ္ဌကထာ နှင့် သဒ္ဒါ သဂြိ င်္ုဟ် အားလုံးပါဝင်ရာ စာဝါကို တနှစ်တွင် ၈ လနီးပါး ပို့ချကြ သင်ယူ ကျက်မှတ်ကြရသည့် ခရီးရှည်တခုပင် ဖြစ်ပေသည်။ ထို့ကြောင့် စာချဆရာများက ငြီးငွေ့လာသူ၊ ကျရှုံးဖန်များလာသူ တပည့်များကို အားတက်စေမည့် စကားလုံးများဖြင့် ပြောဆိုကြရပါသည်။
ပါဠိထဲတွင် အာရကာ- ဝေးစွာ ဆိုသည့် စကားလုံးပါရှိသည်။ ထိုစကားလုံးကို မူတည်ကာ တခါတရံ ပျင်းရိနေသည့် စာသင်သားများကို
အင်း.... မင်းတို့ကတော့ အာရကာ - ခွေးကိုးညအိပ်တောင် ဝေးမယ့်သူတွေပဲ......
ဟု ပြောဆိုကြလေ့ရှိသည်။ ဆိုလိုသည်မှာ ခွေးတကောင် ခြေလေးချောင်းဖြင့် တနေရာမှ တနေရာ ပြေးသွားရင် တနေ့ကို မိုင်ပေါင်းများစွာ ရောက်နေပေလိမ့်မည်။ ထိုသို့ ခွေးအပြေးအလွှားမျိုးဖြင့် ကိုးညအိပ်တိုင်တိုင် ပြေးလွှားသည့် နှုန်းကို မှန်းဆကြည့်ပါက အလွန်အင်မတန် ဝေးသည့် အရပ်တခုကို ရောက်မည် မှန်ပေသည်။ ထို့ကြောင့် ကိုယ်မျှော်မှန်းသည့် ပန်းတိုင်နှင့် အဝေးဆုံးရောက်မည့်သူ အဖြစ်တင်စားကာ ပျင်းရိသူများကို အာရကာ- ခွေးကိုးညအိပ်တောင် ဝေးမယ့် သူတွေဟု ဆိုလိုခြင်းဖြစ်ပေသည်။
တခါတရံတွင်လည်း တောင်မြို့ ဂန္ဓာရုံဆရာတော်၏ ကထာသလ္လာပစာအုပ်ထဲမှ စကားလုံးလေးဖြင့် ပြောဆိုတတ်ကြပေသည်။
သုသူတိ ဥဿာဟိယမာနော သုနခေါပိ ဍ္ဎံသတိ- ခွေးတောင်မှ ရှုးတိုက်ရင် ကိုက်တတ်တယ်။
တချို့က ပြောလည်း မတုန်မလှုပ်နဲ့။ ဘယ်လိုမှ တွန်းတင်လို့ မရတဲ့သူများကို အထက်က စကားလုံးလေးနဲ့ နာနာလေးထိုးနှက်ပြောဆိုကြရပါတယ်။ အေး.... မကြာမကြာ ပြောနေတာ။ တိုးတက်ကို မလာဘူး။ ခွေးတောင်မှ ရူးတိုက်ရင် ကိုက်တတ်တယ်။ လူဖြစ်ပြီး နားကို မလည်ဖူး.... ဟု ပြောဆိုတတ်ကြရပြန်ပါသည်။
စာချတာဝန် ထမ်းဆောင်ရင်း ရင်တွင်းမှ ကရုဏာဒေါသလေးများ ဖြစ်ပွားလာပါက ပြောလေ့ပြောထ စကားလုံးလေးတွေပါပဲ။ International age မှာ monk's education လို့ ခွဲခြားခံနေရတဲ့ စာသင်တိုက်မှာ မနေဖူးကြသူများအတွက် ကြားဖူးနားဝ ဗဟုသုတ ရစေရန် ရည်ရွယ်ကာ ရေးလိုက်မိပါသည်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။