ဝိဇယမင်းနောက် သုံးဆက်မြောက် ပဏ္ဍုကဘယသည် လင်္ကာမြေ နန်းပလ္လင်ကို အနိုင်မရရှိခင် အန္တရာယ်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ရသည်။ သူ့တွင် ဦးလေး (၁၀) ယောက်ရှိခဲ့ပြီး ၉ ယောက်ကို သုတ်သင်ခဲ့ရသည်။ ပညာရှိပုဏ္ဏားကြီးကလည်း သူသည် ဦးကြီးဦးလေးများကို သတ်ဖြတ်ပြီးနောက် ဘုရင်အဖြစ်ရောက်ရှိလိမ့်မည်ဟု အသေအချာပင် ဟောကြားခဲ့သည်။ ထို့ကြောင့်ပင် သူ့ကို မွေးဖွားသည့် အချိန် ဦးလေးတော်က သူ၏မိခင်ကို သမီးတော်တပါး မွေးဖွားတာပါ ဟု လှည့်စားခဲ့သည်။ သူ့ကိုမူ ကျေးတောရွာလေး တရွာက ကျွဲနွားကျောင်းသူ နွားကျောင်းသမား တဦးထံ သားအရင်းတယောက်ပမာ မွေးစား ထားပါရန် ပို့ဆောင်အပ်နှံမှု ပြုလုပ်ခဲ့သည်။
နောက်လာမည့် ဖတ်စရာ အကြောင်းအရာများကတော့ ပဏ္ဍုကဘယလေး ဘယ်လို အန္တရာယ်ကြားက လွတ်မြောက်လာ ခဲ့သည်ဆိုတာ စိတ်ဝင်စားစရာတွေ ဖြစ်နေပါလိမ့်မည်။ သူနေထိုင်ရာ ရွာတွင် မင်းသားလေးနှင့် အတူ အပေါင်းအဖေါ်သူငယ်ချင်းတွေ စုဆော့ကစားလေ့ရှိရာ နေရာအနီးတွင်တော့ စိမ့်စမ်းအိုင်ကြီး တခုရှိနေသည်။ အိုင်ကြီးအလယ်တွင်မူ အခေါင်းပေါက်ပါသည် သစ်ပင်ကြီးလည်း ပေါက်ရောက်လျက် ရှိသည်။ အဲဒီအခေါင်းပေါက်ကြီးဆီ ရေထဲကနေ ငုတ်လျိုးပြီး ဘယ်လိုသွားရမည်ဆို သည်ကိုလည်း မင်းသားလေးကတော့ သိနှင့်ပြီး ဖြစ်သည်။ သို့သော် အခြားတစုံတယောက်ကိုမျှ သူ မပြောကြားပဲ ထားခဲ့သည်။
သူ (၇) နှစ်သား အရွယ်တွင် ဦးလေးတော်သည် သူ့သတင်းစကား အကြောင်းအရာများကို နားထောင်ရန် ရွာသို့ ရောက်လာခဲ့ပြီး မင်းသားငယ်ဖြစ်သူ သူ့ကို အဆုံးစီရင်ပစ်ဖို့ လူအများကို ညွှန်ကြားခဲ့တော့သည်။ တနေ့ ဦးလေးတော် စေလွှတ်လိုက်သည့် လူအများက မင်းသားငယ်လေးနှင့်တကွ ကလေးငယ်များ ဆော့ကစားရာ နေရာကို ပတ်လည်ကနေ ၀ိုင်းလာခဲ့ကြတော့သည်။
မင်းသားငယ်က သူ့အန္တရာယ်ကို မြင်တွေ့ခဲ့ပြီး သူ့အ၀တ်အစားတွေ ၀တ်ဆင်လျက် (မချွတ်ပဲ)နှင့်ပဲ ရေအောက်ကို ခုန်ထိုးချကာ သစ်ပင်အခေါင်းတွင်းတွင် ပုန်းအောင်းနေထိုင်လိုက်တော့သည်။ အခြားကလေး အားလုံးကို သတ်ဖြတ်လိုက်ပြီး အ၀တ်အစားအားလုံးကို ရေတွက်ကြည့်ရာ မင်းသားငယ် ပဏ္ဍုကဘယနှင့်အတူ တဦးတယောက်မျှ လွှတ်ထွက်မသွားကြောင်း ဦးလေးတော်ကို လျှောက်ထားရန် အဆုံးတွင် ထွက်ခွါသွားခဲ့ကြတော့သည်။
ရက်အနည်းငယ် ကြာညောင်းသည့်အခါတွင်မူ မင်းခယောင်္ကျားများက မင်းသားငယ် လွတ်ထွက်မသွားနိုင် လောက်အောင် ကျေးတောရွာရှိ နွားကျောင်းသား ကလေးငယ်များအားလုံးကို အကောင်းဆုံး သတ်ဖြတ်နိုင် ခဲ့ပြီဟု တွေးထင်ခဲ့ကြလည်း မင်းသားငယ်ကား အသက်ရှင်လျက်ရှိနေသေးကြောင်း ဦးလေးထံသို့ သတင်း စကား ပျံ့နှံ့လာခဲ့လေတော့သည်။
နောက်ထပ်တဖန် နွားကျောင်းသားဖခင်ကြီး တောလိုက်သွားစဉ်အခါက မင်းသားငယ်ကို သတ်ဖြတ်ပြီး မီးဖိုထဲ ထည့်သွင်းဖို့ စီမံထားပြီး မင်းသားငယ်အား ရွာတရွာသို့ စေလွှတ်ကြသည်။ မင်းသားငယ်သည် သွားလိုသော်လည်း ထိုနေ့က အလွန်ပင်ပန်းနေသဖြင့် သူ့၏ အစောင့် နွားကျောင်းသား၏ မူလသားအရင်းကို မီးတုတ်နှင့်အတူ ထိုရွာသို့ မင်းသားငယ်က သွားစေခဲ့သည်။ ထိုအချိန်တွင် သားအရင်းဖြစ်သူ ကလေးငယ်သည် မင်းသားငယ် ရုပ်သွင်နှင့် ချွတ်စွပ်တူလျက် ရှိပြီး သတ်ဖြတ်သူတို့က ၀ိုင်းလိုက်ကြကာ အဆုံးစီရင်ပစ်လိုက်ကြတော့သည်။ ယခုအကြိမ်တွင်လည်း မင်းသားငယ်တွင် သေမင်းဘေးမှ နောက်ထပ်တဖန် လွတ်မြောက်ခြင်းရစေဖို့ ကံကြမ္မာများ အလုံအလောက် ရှိနေခဲ့တော့သည်။
မင်းသားငယ် ကြီးပျင်းလာချိန်တွင် သူ့ဖခင်က ချမ်းလည်း ချမ်းသာ ပညာလည်းပြည့်ဝသည့် ပုဏ္ဏားတော်ကြီးထံ ပညာတတ်တယောက်ဖြစ်လာစေဖို့ စေလွှတ်ခဲ့သည်။ နက္ခတ်ပညာဘက်ပါ တတ်ကျွမ်းလှသည့် ပုဏ္ဏားတော်ကြီးက သူ့တပည့်သည် ဧကန်မုချ ဘုရင်ဖြစ်ရလိမ့်မည်ဟု ကြိုတင် သိမြင်ခဲ့သည်။ ထို့မကြောင့် မကြာမီပင် မင်းသားငယ်ကို တတ်သိလိမ္မာလှသည့် မင်းသားငယ်တပါး ဖြစ်လာစေဖို့ မင်းသားတို့ သိသင့် သိထိုက်ဖွယ်ရာ အတတ်ပညာများစွာကို သင်ကြားပေးခဲ့လေသည်။
ပဏ္ဍုကဘယသည် နန်းပလ္လင်အတွက် တိုက်ပွဲတွေ စတင်ကာ ဆင်နွဲဖို့ အဆင်သင့် ဖြစ်ချိန်ကား ရောက်ရှိလာလေပြီ။ ပုဏ္ဏားတော်ကြီးက သူ့ကို ငွေကြေးအပြင် အကြံညာဏ်များပါ အကူအညီပေးလေတော့သည်။ ထို့ကြောင့်ပင် မင်းသားသည် အချိန်တိုအတွင်းပင် ပြည့်စုံလောက်လုံသည့် စစ်အင်အားကို ပိုင်ဆိုင်ခဲ့တော့သည်။
လက်ရှိနေထိုင်ရာ အရပ်ကို သိမ်းပိုက်လိုက်နိုင်ပြီး အုပ်စိုးနေသူ ဦးလေးတော် တဦးကို သတ်ဖြတ်ကာ သူ၏ သမီးကိုလည်း လက်ထပ်ထိမ်းမြှားယူလိုက်တော့သည်။
ဦးလေးလည်း တော်စပ်၊ မင်းသားငယ်အပေါ် အကြင်နာတရားလည်းရှိသူ အခြားဘုရင်ဖြစ်သူ ဦးလေးတဦးကမူ ကဏ္ဍုကဘယ၏ စစ်စွမ်းပကား ကြီးမားမှုကို သိမြင်ပြီး တိုက်ခိုက်ဖို့ ခက်ခဲလှပုံကို တွေ့မြင်ပြီးနောက် မဟာဝေလိဂင်္ဂါ မြောက်ဘက်ခြမ်း နိုင်ငံအားလုံးကို မင်းသားငယ်ကို ပေးလိုက်ခြင်းဖြင့် သူနဲ့အတူ တိုင်းနိုင်ငံကို ခွဲဝေအုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့လေသည်။ သို့သော်လည်း အခြားဦးလေး (၈) ယောက်ကမူ ထိုအစီအစဉ်ကို သဘောမတူကြပဲ ဆက်လက်တိုက်ပွဲ ၀င်ခဲ့ကြသည်။
ပဏ္ဍုကဘယက ယက္ခများကို စစ်အောင်နိုင်ဖူးသည့် တိရိဂလ ခေါ်သည့်တောင်ကုန်း တခုရှိခဲ့သည်။ ပဏ္ဍုကဘယနှင့် ဦးလေးတော်များအကြား ထိုတောင်ကုန်းထက်တွင် အလွန်ကြီးမားသည့် စစ်ပွဲကြီးတခု ဖြစ်ပွားခဲ့သည်။ ယက္ခများက ပဏ္ဍုကဘယကို အကြီးအကျယ် အကူအညီပေးခဲ့သဖြင့် ပဏ္ဍုကဘယသည် စစ်နိုင်သူ တဦးအဖြစ် ရောက်ရှိခဲ့ရသည်။
ယခုတော့ ဦးလေးတော် (၈) ယောက်ကို အနိုင်ရလို့ သတ်ဖြတ်ပစ်လိုက်ပြီး စစ်ပွဲမှာ အောင်မြင်ခဲ့ပြီးဖြစ်သဖြင့် အနီးအနား အရပ်ဒေသ အနုရာဓပုရဆီသို့ ချီတက်ခဲ့တော့သည်။ ထို့ပြင် ထိုစစ်ပွဲကြီး ပြီးမြောက်သည့် (၁၇) နှစ်မြောက်တွင် သူသည် လင်္ကာမြေ၏ လက်ရှိဘုရင်တပါး ဖြစ်လာခဲ့တော့သည်။
ခရစ်တော် မပေါ်ထွန်းမီ နှစ်ပေါင်း (၄၀၀) ခန့်အလို အချိန်ကစပြီး အနုရာဓပုရသည် ဆင်ဟာလဘုရင်များ၏ မြို့တော်ကြီး တခုအဖြစ် တည်ရှိခဲ့လေသည်။ သို့သော်လည်း ပဏ္ဍုကဘယ မင်းအဖြစ်မရောက်သေးသည့် အချိန်ကဆိုလျင်မူ အနုရာဓပုရသည် ရွာကြီးတရွာ အဖြစ်ထက် ဘာမှ မပိုပေ။
ဘုရင်သည် ထိုမြေနေရာကို မြို့တော်ကြီး တည်ဆောက်တော့မည်ဟု စိတ်ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ထို့နောက် သူသည် ထူပိန်းစွာ ပေါက်နေသည့် တောနက်ကြီးကို ခုတ်ထွင်ရှင်းလင်းပြီး လမ်းတွေဖေါက်သည်၊ “ဇယဝေရ” (စစ်နိုင်ရေကန်) လို့ခေါ်သည့် ရေကန်တခုလို ရေကန်များစွာ တူးဖေါ်ခဲ့သည်။ မြို့တော် ဆင်ခြေဖုံးရပ်ကွက်တွင် လူနေရပ်ကွက် လေးခုကို ထည့်သွင်းသည်။ သချိ င်္ုင်းမြေနေရာကို သတ်မှတ်ပေးသည်။ တရားဥပဒေ ချိုးဖေါက်သူများကို အပြစ်ပေးဖို့ နေရာကိုလည်း ပိုင်းခြားပေးသည်။ မြို့နေလူတန်းစား လူအများသည် ဂုဏ်သရေရှိသူများ ဖြစ်ရမည်ဆိုပြီး မြို့တော်သန့်ရှင်းရေးနှင့် အညစ်အကြေးများ ကင်းဝေးစေရေးအတွက် သန့်ရှင်းရေးအလုပ်သမား ၇၀၀ ခန့်ကိုလည်း အလုပ်ခန့်အပ်ခဲ့သည်။ လမ်းသန့်ရှင်းရေးသမားများသည် သူတို့အလုပ်လုပ်ကိုင်ရာ နေရာနှင့် မဝေးကွာသည့် တောရွာများတွင် နေထိုင်ကြသည်။
ပဏ္ဍုကဘယဘုရင်သည် သူ့ကို ကူညီခဲ့သည့် ယက္ခများ ကျေးဇူးကို မမေ့တတ်သူ တယောက်ဖြစ်လေသည်။ ထို့ကြောင့်ပင် ဆင်ဟာလများထက် အရေးအတွက်များပြီး စွမ်းအားလည်း ကြီးမားသူယက္ခများကို လေးစားစွာ ဆက်ဆံသည်။ ဂရုစိုက်မှုပြုသည်။ အရပ်မျက်နှာအချို့မှ လာရောက်တတ်သည့် အန္တရာယ်အချို့ကို တားမြစ်နိုင်ဖို့ ယက္ခတို့ကို မြို့မြောက်ဖက်ခြမ်းတွင် တာဝန်ပေးသည်။
ယက္ခများကား နတ်ဘီလူးများကို ကိုးကွယ်သူများ ဖြစ်ကြပြီး ဘုရင်သည် တနှစ်ပြီးတနှစ် လိုအပ်သည့် ပူဇော်ဖွယ်ရာ ပစ္စည်းပစ္စယများကို ပုံမှန်စီမံပေးခဲ့သည်။ ထိုနည်းအတိုင်းပင် သူ၏ အနုရာဓပုရနေ အခြားဘာသာ ၀င်များကိုလည်း စီမံပေးလေ့ရှိသည်။
ဘုရင်ကိုယ်တိုင်ရော ဆင်ဟာလလူမျိုးများရော ဗြဟ္မဏဘာသာဝင်များဖြစ်ကြပြီး ပုဏ္ဏားတော်ကြီးများအတွက် ကျောင်းဆောင်များ၊ ပြဿာဒ်များဆောက်လုပ်စေပြီး လိုအပ်သမျှ အ၀၀ကို အထောက်အပံ့ပေးခဲ့လေတော့သည်။
------၀၀၀-------
The story of lanka ကို ဘာသာပြန်ထားပါသည်။
The New Religion- ကို ဆက်ရေးပါမည်။
================================
ဒီဝတ္ထုထဲတွင် မင်းသားငယ်ကို အိုးထဲထည့် မီးဖုတ်ဖို့ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရတော့ ဓမ္မပဒထဲမှ ကုမ္ဘဃောသက ၀တ္ထုကို သွားသတိရသည်။ ကုမ္ဘဃောသ၀တ္ထုတွင်လည်း ယခုလိုပဲ အိုးထဲထည့် မီးဖုတ်ဖို့ ပြင်ဆင်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့်ပင် သေကံ မရောက်ခဲ့ပေ။ ထို့ကြောင့် ယခုဖြစ်စဉ်သည် ရှေးယခင်က အိန္ဒိယ တို့ လုပ်လေ့လုပ်ထရှိသည့် နည်းတခု ဖြစ်ပေလိမ့်မည်ဟု ယူဆမိသည်။
=====================================
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။