ဦးဇင်း တိဿ ရန်ကုန်ဆင်းပြီး စာချတန်းအောင်လက်မှတ် ယူသည့် အခမ်းအနားအပြီး အမြန် မှီရာကားနဲ့ မန္တလေးကို ပြန်ခဲ့ရတော့သည်။ ဒီပြဿနာကို သူ့နည်း သူ့ဟန်နဲ့ ရှင်းလိုကြောင်းကိုလည်း ဒကာကြီးကို ပြောပြထားခဲ့ပြီး ဖြစ်သည်။ ကားပေါ်ပဲ ဖြစ်ချင်သည့် အစီအစဉ်နဲ့ ဆုံးဖြတ်ချက်တချို့ကို စိတ်ထဲမှာ ပြုလုပ်ခဲ့သည်။
ဦးဇင်း ဇနိတ နဲ့ ဦးတိဿတို့ကို ဒကာကြီးက ရင်းနှီးသည် ခင်မင်သည်။ မိမိသမီး ဘာသာခြားယောက်ျား နဲ့ လက်ထပ်တော့ ဒကာကြီးနှင့် စိတ်တူသူက ဦးဇင်းဇနိတ ဖြစ်သည်။ တပည့်တော်ကတော့ ဒီအမိုက်မကို သမီးအဖြစ်က စွန့်ပစ်မယ် ဘာသာခြားကို အိမ်ထဲ အ၀င်မခံဖူးဘုရား လို့ လျောက်တော့ ဦးဇင်းဇနိတ ဆန္ဒကလည်း ဟုတ်တယ် ဒါက ဖြတ်ပစ်ရမယ် ဟုသာ ဖြစ်သည်။ ထိုသို့ဖြင့်ပင် ဒကာကြီးသည် သမီး၏ ဆက်သွယ်မှုကိုလည်း လက်မခံတော့။ သမီးနဲ့ ပတ်သက်သမျှ အရာရာ အားလုံးကို စိတ်ထဲ တွေးမိတိုင်း မွေးခဲ့ ကျွေးခဲ့သည်မှာ နာကျဉ်လှလေခြင်းဆိုပြီး ဒေါသထွက်ရသည်။ ငါ့ဆုံးဖြတ်တွေ မမှားဖူး ဦးဇင်းဇနိတနဲ့ အတူတူပဲလို့တော့ စိတ်ထဲမှာ အဖေါ်ကတော့ ရှာထားပြီးဖြစ်သည်။
သို့ပေမယ့် ဦးဇင်းတိဿကတော့ ရန်ကုန်ကို ဆင်းသွားသည်။ ဦးဇင်းတိဿရော ဒီကိစ္စကို ဘယ်လို ဆုံးဖြတ်လေမလဲလို့ အဖေါ်ညှိလိုသည်။ သို့ဖြင့် ဦးဇင်းတိဿသည် ဖုံးဆက်တော့ ဦးဇင်းက နေဦး နေဦး ဒကာကြီး။ ဒကာကြီးက အဲလို ဆုံးဖြတ်တော့ စွန့်လွှတ်လိုက်တယ်လို့ ယူဆရင် ဦးဇင်းဒီကိစ္စကို ဆက်ပြီး တခုခု လုပ်ချင်စိတ်ရှိတယ်။ ခွင့်ပြု နိုင်မလား။ ပြုနိုင်ပါသည် ဟုဆိုတော့ ဟုတ်ပြီး မနက်ဖြန် ဘွဲ့နှင်းသဘင် ပြီးတာနဲ့ တန်းပြန်ခဲ့မည် ဟု ဆိုသည်။
သို့ဖြင့် ရန်ကုန်ပြန် ဦးတိဿ ကားပေါ်က ဆင်းကတည်းက ကျောင်းသို့ မသွားသေးပဲ ဒကာကြီးဆီကိုသာ တန်းလာခဲ့သည်။ ပြီးတော့ ဆွေးနွေးကြည့်သည်။
“ဒီလို ဒကာကြီးရ- အခု ဦးဇင်းတို့က သမီးရှင်နော်။ ဦးဇင်း ညီမလေးက အခု ဘာသာခြားယောင်္ကျားလေးနဲ့ ယူသွားပြီ။ အခု ဦးဇင်းတို့က သူ့ကို မခေါ် မပြောဖူး မဆက်ဆံဖူးဆိုရင် ညီမလေးမှာ အားကိုးရာ မဲ့သွားပြီပေါ့။ အားကိုးရာ မဲ့သွားရင် ဘာသာခြားက သူတို့ ဘာသာထဲကို သွတ်သွင်းမယ်။ ဒီလိုဆိုရင် ဦးဇင်းတို့က သမီးရော ကိုယ့်ဗုဒ္ဓဘာသာ လူမျိုး တဦးရော ဆုံးရှုံးတာပေါ့။”
“ဒီတော့ ဦးဇင်း ဒီကိစ္စကို ကိုင်တွယ်မယ်”
“တပည့်တော်ကတော့ ပြတ်ပြီးသားပဲ။ ကျန်တာ ကိုယ်တော့ သဘောပဲ” ဟု ဆွေးနွေးပဲ ရလာဒ် ထွက်သည်။
ဟုတ်ပီ။ ဦးတိဿသည် လူတယောက်နဲ့ ညီမငယ် နှင့် ဘာသာခြား ကောင်လေးပါ သူ့ဆီသို့ လာရောက်ရန် ခေါ်သည်။ ဘာသာခြား ကောင်လေးကိုလည်း ငါ့ဆီကို လာသာ လာခဲ့ပါ။ မင့်ရှိမခိုးလိုက ရှိခိုးစရာ မလိုပါဘူး။ အခုဟာက ဘာသာရေးကို ဆွေးနွေးဖို့ မဟုတ်ပါ။ မိသားစု အရေးကို နည်းနည်း စကားပြောဖို့ ဖြစ်သည် ဟု မှာလိုက်သည်။
ထိုသို့ဖြင့် တညနေ နေ၀င်မိုးချုပ်အချိန်တွင် ထိုညီမငယ် လင်မယားနှစ်ယောက် ဦးတိဿဆီ ရောက်လာတော့သည်။ ဦးတိဿက ငါ့ညီ မင့်ငါ့ညီမကို ယူတာတော့ ဟုတ်ပြီကွာ။ ဒါက မင့်တို့ ချစ်လို့ ယူကြတာ။ ငါက မတားပါဘူး။ ဒါပေမယ့်ကွာ ငါ့ညီမကိုတော့ မင့်တို့ ဘာသာထဲ မထည့်ချင်ဖူး။ မထည့်နိုင်ဖူးကွာ။ အဲဒီ ငါ့ဆန္ဒကိုတော့ ဖြစ်စေချင်တယ်။ မင့်တို့နှစ်ယောက်လုံးကို ဒကာကြီးက မကြည်ဖူး။ ဒါပေမယ့် ငါအဆင်ပြေအောင် ပြောပေးမယ်။ အေး မင့်ဘက်ကလည်း ငါ့ညီမကို သူကိုးကွယ်ချင်တဲ့ ဗုဒ္ဓဘာသာပဲ ကိုးကွယ် ခွင့်ရအောင် ကတိပေးရမယ်။ ဒီလိုဆိုတော့-
“ဦးဇင်း ကျွန်တော်ကလည်း သူ့ကို အစကတည်းက ပြောထားပါတယ်။ ကျွန်တော်လည်း ကျွန်တော့ဘာသာ အကြောင်းကို သေချာနားမလည်ပါဘူး။ ကျွန်တော် ကျွန်တော့ဘာသာမှာ အလှူပြုတယ်။ ဒါကလည်း ပိုက်ဆံ ရှိလို့ သူတို့က ပြုခိုင်းလို့ ပြုရတာပါ။ ကျွန်တော် ခွင့်ပြုပါတယ်” ထိုသို့ ဆိုလေသည်။
သို့ဖြင့် တဖြေးဖြေး ဦးတိဿ၏ ဆက်ဆံမှု ပြေပြစ်ခြင်း ပြောဟောမှု ကောင်းမွန်ခြင်းတို့ ကြောင့် ထိုဘာသာခြား ကောင်လေးသည် ဦးတိဿအတွက် လိုအပ်သမျှ အပြင် ကျောင်းတိုက် သံဃာများပါ ဆွမ်းကပ်လာတော့သည်။ ထို့နောက် ကျောင်းဆောက်ပေးတော့သည်။
ထိုအခါ သူ၏ ဘာသာခြားလူကြီးများက အဆက်ဖြတ်ကြသည်။ သူက ပြောသည်။ ကျွန်တော် မမှုပါဘူး။ ကျွန်တော့မှာ စီးပွားရေး ရှိနေတာပဲ။ ကျွန်တော်က ယုံကြည်လို့ လုပ်တာမှ မဟုတ်တာ။ ကျွန်တော့် လူမျိုးတွေ ဆိုပြီးလုပ်တာပါဟု သူ့ခံယူချက်နှင့် သူ လုပ်တော့ ထိုလူကြီးများ လျောချပေးခဲ့ကြသည်။ အေးကွာ။ မင့် လုပ်ချင်လည်း လုပ်ပေါ့။ ငါ့တို့ ဘက်ကိုလည်း ပုံမှန်လုပ်နေကြ အလှူကို လုပ်ပေါ့ ဟု ပြန်ပြောကြရသည်ဟု ဆိုသည်။
===============
ဒီအကြောင်းအရာလေးကို သူငယ်ချင်း တပါးက ပြောပြတာပါ။ ပြီးတော့ သူငယ်ချင်းက ဆိုသည်။ ငါတို့ ဗုဒ္ဓဘာသာတွေ ကိုယ့်ဘာသာဝင်တွေကို အခြားဘာသာထဲ မပါအောင် အစကတည်းက မချစ်မကြိုက်ခင် ကတည်းက လုပ်သင့်တယ်။ ချစ်ကြိုက်လို့ ယူသွားပြီဆိုလဲ ကိုယ့်သားသမီးကိုတော့ မစွန့်လွှတ်သင့်ဖူး။ တဖက်ကို ပါသွားတဲ့ သားသမီးကို ကိုယ့်မိဘက စွန့်လွှတ်ပြီ ဆိုရင် သားသမီးဘက်က မှီခိုရာ မရှိတော့ ဟိုဘက်က လုပ်ချင်သလို လုပ်လို့ရတယ်ကွ။
နှစ်ခု မရှုံးချင်အောင် အစကတည်းက လုပ်ရမယ်။
ရှုံးခဲ့ရင်လည်း တခုပဲ ရှုံးအောင် လုပ်ရမယ်။
အေး- အဲဒီ အရှုံးကို အနိုင်ပြန်ဖြစ်အောင် အခြားဘာသာခြား လူကိုပါ ကိုယ့်ဘာသာထဲပါအောင် တနည်းနည်း နဲ့ သိမ်းသွင်းနိုင်ရမယ်။ လို့ သူ့ယူဆချက်ကိုလည်း ပြောပြသွားသေးသည်။
ကိုယ်ကတော့ နားထောင်ပြီး အခုလို ပြန်ရေးလိုက်ရသည်။ ဒါကတော့ ခေတ်စကားနဲ့ ပြောရရင် အရှုံးကို မဖြစ်စေသင့်တဲ့ အရှုံးကို အနိုင်ဖြစ်အောင် ရင်ဆိုင်တတ်ဖို့ နည်းစနစ်တခုလို့ ယူဆမိသည်။
ထိုနည်းတူပင် ဘုရားရှင်လက်ထက်က ကျောင်းအမကြီး ၀ိသာခါသည် ဘာသာမတူသူ ယောက်ျားနဲ့ အိမ်ထောင် ပြုခဲ့ပြီး ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခွင့်ကို ရဖို့ရာ ပြုလုပ်အားထုတ် ကြိုးစားခဲ့သည်။ သူမသာမက ဘာသာမတူသူ တအိမ်သားလုံးပါ ကိုယ့်ဘက်ပါအောင် စည်းရုံးခဲ့လေသည်။
အချို့အဖြစ်အပျက်များသည် ကျွန်ုပ်တို့ အနာဂတ်ကို သတိပေးသည့် ခေါင်းလောင်းသံများ ဖြစ်နေတတ်ပါသည်။ မိမိစွမ်းနိုင်သလောက် ပြောဆိုပေးကြပါ။ သွန်သင်ပေးကြပါ။ အသိညာဏ်ရှိအောင် လုပ်ပေးကြပါ။ ထိုသို့ ပြုခြင်းဖြင့် သာသနာတော် အဓွန့်ရှည်ပါလိမ့်မည်။ သာသနာတော်ဟုဆိုရာဝယ် ကိုးကွယ် ဆည်းကပ်သူမရှိက အလိုလို ပျောက်ကွယ်သွားမည်သာ ဖြစ်ပြီး သာသနာတော် မပျောက်ကွယ်ရန် တာဝန်သည် မိမိတို့ ဘာသာဝင်များတာဝန် ဖြစ်ပေသည် ဟု ယုံကြည်မိပါသည်။
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။