တခါတလေ သင်တန်းမှာတွေ့ရတဲ့ ဘာသာခြား သူငယ်ချင်းတွေက မင့်တို့ဘုရားက ဘာဟောကြားလဲလို့ မေးလေ့ရှိပါတယ်။ အဲဒီအခါ ကိုယ်ဖြေဖြစ်တဲ့ အဖြေလေးက -
“အရာရာတိုင်းမှာ ဖြစ်ရခြင်း အကြောင်း ဆိုတာ ရှိတယ်။
အဲဒီဖြစ်ရခြင်း အကြောင်းကိုလည်း ပြောပြတယ်။
နောက် - မဖြစ်တော့ခြင်း- ပျက်သုန်းသွားခြင်းဆိုတာလည်း ရှိတယ်။
အဲဒီ ပျက်သုဉ်းနိုင်မယ့် လမ်းကြောင်းကိုလည်း ပြောပြတယ်။
ဆိုပါတော့ကွာ အဓိကက ဘာ့ကြောင့် ဖြစ်ရတယ်။ အဲဒီလို ဖြစ်လာရင် ဘယ်လို ခံစားရတယ်။ ဘယ်လို ဖြစ်လာတယ်ပေါ့။ ပြီးတော့ ဒါကို နောက်ထပ်မဖြစ်အောင် လုပ်နိုင်ဖို့ လမ်းကြောင်း လမ်းစဉ်ကိုလည်း ပြောပြတယ်။”
ဘုရားကတော့ လုပ်ချင်တာလုပ် ငါကယ်မယ်တော့ မပြောပါဘူး။ သူချပေးတဲ့ လမ်းစဉ်အတိုင်း ကိုယ်တိုင် ကျင့်သုံးကြည့်။ ပြီးမှ ယုံကြည်လို့လည်း ဆိုတယ်။ မျက်ကန်းယုံကြည်မှုမျိုးကိုလည်း သူက အားမပေးတဲ့ သဘောပေါ့။
နောက်တို့က သူ့ကို ဘုရားလို့ ပြောလို့ရသလို “ဆရာ”လို့လည်း ပြောလို့ရတယ်။ သူက သွန်သင်ပေးတတ် ဆုံးမပေးတတ်လို့ပေါ့။ လို့ ဖြေမိတတ်ပါတယ်။
အဿဇိမထေရ်မြတ်က အရှင်သာရိပုတ္တရာ အလောင်းလျာကို ပြောပြတဲ့ ဒီအထောက်အထားကို စိတ်ထဲမှာ အမှတ်ရရင်းပေါ့။
၁။ ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ
၂။ တေသံ ဟေတုံ တထာဂတော အာဟ
၃။ တေသဉ္စ ယော နိရောဓော
၎။ ဧ၀ံ ၀ါဒီ မဟာသမဏော ။
၁။ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည် အကြောင်းရင်း တဏှာ သမုဒယသစ္စာ ဟူသော အစအမွန်ရှိကုန်၏။
၂။ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြောင်းတဏှာ သမုဒယသစ္စာကို ဘုရားရှင် ဟောတော်မူ၏။
၃။ ထိုဒုက္ခ သမုဒယသစ္စာတရားတို့ နောက်ထပ်ဖြစ်ခြင်းမရှိသော ချုပ်ရာ နိရောဓသစ္စာကို
(တနည်း) ထိုဒုက္ခ သမုဒယသစ္စာတရားတို့ နောက်ထပ်ဖြစ်ခြင်းမရှိသော ချုပ်ရာ နိရောဓသစ္စာနှင့် နိရောဓ၏ အကြောင်းရင်း မဂ္ဂသစ္စာတို့ကို ဟောတော်မူ၏။
၎။ ရဟန်းမြတ်ဖြစ်သည့် ဂေါတမနွယ်ဖွား မြတ်ဘုရားသည် ဤသို့ ဟောလေ့ရှိပါ၏။ (မဟာဝါဘာဋီ ၁၊ ၄၉၆)
(အခြား အဖြေကောင်းလေးများရှိရင်လည်း လက်တို့ကြပါဦး)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist5 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။