ကျောက်တောင်ထိပ်ရောက်ဖို့ ကျဉ်းမြောင်းကွေ့ကောက်သည့် အတက်လမ်းကို ခက်ခဲစွာ ထွင်းထားခြင်း ခြင်္သေ့ရုပ်ပုံသဏ္ဍာန်ကို ထွင်းထုထားခြင်းတို့ကြောင့် စိဂီရိယ -သို့မဟုတ်- သီဟဂိရိယ (ခြင်္သေ့တောင်)ဟု ခေါ်ဆိုသည်။(The story of Lanka)
ကဿပ (Kassapa) ဘုရင်ဆိုတာ တမူထူးခြားသည့် ဘုရင်ပင်ဖြစ်ပေသည်။ အနုရာဓပုရနေပြည်တော်မှာ ဘုရင်ဖြစ်သည့်နောက်ပိုင်းတွင် သူ၏မြို့တော်ကို စိဂီရိယသို့ ရွေ့ပြောင်းပစ်ခဲ့သည်။ စိဂီရိယဆိုတာ ဘေးပတ်ပတ်လည်မှာ သစ်ပင်တွေ ၀ိုင်းရံနေပြီး အမြင့်ပေ ၆၀၀ရှိသည့် ကျောက်တောင်ကြီး တခုဖြစ်ပေသည်။ ထိုကျောက်တောင်ထက်တွင် သူက မြို့တော်တည်ပြီး နတ်ဘုရားတပါးလိုပျော်ရွှင်စွာ လူ့လောက အရသာများကို စံစားခဲ့သည်။ သူသည် ထိုနေရာတွင် နှစ်ပေါင်း ၁၈ နှစ်ကြာအောင် အုပ်စိုးနေထိုင်ခဲ့လေသည်။
ကဿပဘုရင်သည် ပုံမှန်အားဖြင့် ပန်းချီ ပန်းပု အနုပညာကို ချစ်မြတ်နိုးသူတဦးဖြစ်ပေသည်။ သူသည် ပန်းချီဆွဲဆရာများကို ခေါ်ယူခဲ့ပြီး တောင်ထိပ်အတက်လမ်းပေါက် အထက်ရောက်ဖို့ ပေ ၄၀အလိုလောက် ကျောက်တုံးအကွက်တွင် Fresco- နံရံဆေးရေးပန်းချီ များကိုရေးဆွဲစေခဲ့သည်။ နံရံဆေးရေးပန်းချီများသည် အမျိုးသမီးရုပ်ပုံများ၊ ဘုရင့်မိဖုယားများ၊ Apsara:s ခေါ်သည့် နတ်မိန်းမပျိုလေးများ၊ သို့မဟုတ်- အနီးနားရှိ PIdurangala ကျောင်းသို့ သွားသည့် လက်ထဲတွင် ပန်းများကိုင်ထားကြသည့် ဘုရားဖူးများကို ရေးဆွဲထားသည်။ (Lanka the land of kings, J.B Desanayaka,2007)
ကျုံး
နန်းတော်ရာဟောင်းများ -
2
ရှေးဟောင်းသုတေသနမှ ရေးထွင်းထားသည့် စိဂီရိယအကြောင်း
မြို့ပျက်ကို ဖြတ်ကျော် ကျောက်တောင်ပေါ်က နန်းတော်ဆီသို့ -
3
fresco တွေကြည့်ဖို့ အသွားလမ်း
ပြီးတော့ ကြောင်လိမ်လှေခါးနဲ့ အထက်ကို တက်
တောင်ခါးပန်းတွင် ရေးဆွဲထားသည့် နာမည်ကျော် Fresco နံရံဆေးရေး ပန်းချီများ-
နံရံဆေးရေး ပန်းချီတွေ ကြည့်ရှုအပြီး ခြင်္သေ့တောင်ဆီတက်ရန် အသွားလမ်း -
Mirror wall - ဟုခေါ်သည်။ သရွတ်ကိုင်ထားသည်မှာ ပြောင်လက်နေသဖြင့် လူ့ပုံရိပ်တောင် ကြည့်လို့ရသည်ဟု ဆိုသည်။
တောင်ခါးပန်းမှ လှမ်းမြင်ရသည့် ဘုရင့် ဥယျာဉ်ဆိုတာ
==========
ဒါ့ကြောင့် စိဂီရိယ (ခြင်္သေ့တောင်)လို့ခေါ်တာ
ဒီအတက်လမ်းတွေက အင်္ဂလိပ်တွေ လက်ထက်တုန်းက လုပ်ခဲ့တာလို့ သိရသည်။ မော်ဒန်အတက်လမ်းတွေ ဆိုရမလားပဲ။ အဲဒီအတက်လမ်းတွေ ဘေးကပ်ရပ်မှာတော့ မူလ အတက်လမ်း ရှိသည်။ ထိုအတက်လမ်းကတော့ ခြေတလှမ်းလှမ်းစာရုံ ကျောက်သားကို ထစ်ပြီး လုပ်ထားခြင်းဖြစ်သည်။ သံလှေခါးတောင် မနည်း တက်နေရတော့ ကျောက်သားထစ်လှေခါးကို တက်ခဲ့သူ ဘယ်နှစ်ယောက်များ အောက်ကို ပြုတ်ကျခဲ့လေမလဲလို့ အတွေးလည်း ပွားခဲ့သည်။
=========
တောင်ထိပ်ပေါ်တွင် တွေ့ရသည့် ဘုရင်ထိုင်ရာ ကျောက်ထိုင်ခုံ
ကျောက်တောင်ပေါ်က ရေကန်
တောင်ပေါ်တနေရာ
Sigiriya ကို ကျောင်းတော်အဖြစ်ပြုလုပ်ကာ ဓာတုသေနမင်း၏ သူငယ်ချင်းဖြစ်သည့် ဘုန်းတော်ကြီး မဟာနာမကို ပေးအပ်လှူဒါန်းခဲ့လေသည်။ (The story of Lanka, L.E.BLAZE, 2008)
ယခင်အခေါက်က ဘုန်းကြီးကျောင်းဖြစ်သွားသည့် - ဖြစ်ခဲ့သည့် စိဂီရိယကို မကျေနပ်မိသည်မှာ အမှန်ပါ။ အခုအခေါက်တော့ ရတဲ့အချိန်မှာ ဘုန်းကြီးကျောင်းပုံရိပ်များကို ရသမျှ ရှာဖွေခဲ့မိပါသည်။
နံရံဆေးရေး ပန်းချီပါသော်လည်း မမြင်ရတော့သည့် ကျောက်တုံး
================
=======================
=====================
===============
===================
========================
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။