ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

.
.
ဒမ္ဗူလကျောင်းတော်ကို စေတီဆင်းတုတော်များ ဌာပနာထားရာ အခန်းမြတ်အဖြစ် ပြောင်းလဲထားသည့် အခန်း (၅) ခန်းဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအခန်းများအတွင်းတွင် ၁၅၀ သော ဘုရားဆင်းတုတော်များ၊ အချို့သော နတ်ရုပ်များ၊ အခြားသော မြတ်ဘုရားသာသနာတော်မှ အရေးပါကြော်ကြားသည့် ရဟန်းတော်များနှင့် နိုင်ငံသမိုင်းမှ အရေးပါကျော်ကြားသည့် ပုဂ္ဂိုလ်များ၏ ရုပ်တုများဖြင့် ဖွဲ့စည်းထားပါသည်။ ထိုရုပ်ထုများနှင့် နံရံဆွဲပန်းချီများသည် ဆင်ဟာလ စာပေနှင့် ယဉ်ကျေးမှု၏ များစွာအရေးပါသည့် ဖြစ်ရပ်များအဖြစ် ကိုယ်စားပြုထားပေသည်။

ဒမ္ဗူလကျောင်းတော်ကို သွားမယ်ဆိုရင် ကားသမားကို Golden temple မှာ ဆင်းမယ်လို့ ပြောလိုက်ပါ။ ဒမ္ဗူလသွားရာလမ်းနဲ့ ဒမ္ဗူလမြို့ဟာ အနည်းငယ်ဝေးလို့လေ။ အဲလို မဟုတ်ရင် မြို့ထဲကနေတဆင့် ကျောင်းကို ထပ်သွားရပါလိမ့်မယ်။
ဒမ္ဗူလကျောင်းတော်

Cave No. I (Dev Raja Viharaya) ကျောက်ဂူအမှတ် (၁) ရာဇ ၀ိဟာရ





ယခုလျောင်းတော်မူပုံသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပုံကို ညွှန်းဆိုပါသည်တဲ့။ မကြာမီ ဖေါ်ပြဦးမည့် Gal vihara, polonnaruwa ရှိ လျောင်းတော်မူပုံကို ဆွေးနွေးရာတွင် ယခု လျောင်းတော်မူပုံကို အထောက်အထားတခုအဖြစ် ပြောဆိုလေ့ရှိကြသည်။ လျောင်းတော်မူပုံ ခြေရင်းတွင် ရပ်တော်မူပုံ၊ ခေါင်းရင်းတွင် ထိုင်တော်မူပုံတို့ ရှိကြသည်။ လျောင်းတော်မူပုံသည် အလျားအားဖြင့် ၄၇ ပေခန့်ရှိသည်။ သင်္ကန်းတော်သည်ကား ခြေကျင်းဝတ်ထိအောင် ဖုံးလွှမ်းထားသည်။ တောင်ဘက် အခန်းအဆုံးရှိ ရုပ်ပွားတော်ကို အရှင်အာနန္ဒာဟု ဖေါ်ပြကြသည်။ အရှင်အာနန္ဒာမထေရ်သည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည်ကို ၀မ်းနည်းနေဟန် ဟုဆိုကြသည်။





ဒီကျောက်ဂူ (၁) အတွင်းရှိ မရေမတွက်နိုင်သည့် နံရံရေးပန်းချီ၊ မျက်နှာကျက်ရေး ပန်းချီများမှာ အလှူရှင်များ ထွန်းညှိသည့် အမွှေးတိုင် မီးခိုးများကြောင့် ပျက်စီးသွားခဲ့ရသည်ဟု စာအုပ်ငယ်တွင် ဖေါ်ပြထားသည်။

=======================

Cave II (Maha Raja Viharaya or the Temple of The great King)
ကျောက်ဂူ အမှတ် (၂) မဟာရာဇ ၀ိဟာရ (သို့) မင်းကြီးကျောင်း

ယခုအခန်း (၂) သည် အခန်းများထဲတွင် အကြီးဆုံးနှင့် အချီးကျူးထိုက်ဆုံး နေရာတခုဖြစ်ပေသည်။ ဒီနေရာကို ဘုရင်ကြီး ၀ဋ္ဋဂါမဏိ အဘယက တွေ့ရှိခဲ့သည်။ လှိုဏ်ဂူသည် ၇၂ပေ ရှည်လျားပြီး ၇၅ပေ ကျယ်ဝန်းသည်။ အ၀င်ပေါက် အမြင့်ကား ၂၁ပေရှိသည်။ လှိုဏ်ဂူထဲတွင် ရုပ်ပွားတော်ပေါင်း ၅၃ဆူ ကိန်းဝပ်သည်။ ထိုရုပ်ပွားတော်များတွင် အများဆုံးမှာ ဘုရားရှင်ရုပ်ပွားတော်များ၏ အနေအထားပုံစံမျိုးစုံ၊ မုဒြာမျိုးစုံရှိသည်။





===============

Cave III (Maha Alut Viharaya)
ယခု လှိုဏ်ဂူထဲတွင် ရုပ်ပွားတော်ပေါင်း ၅၀ ရှိသည်။




================

Cave No. IV (Pascima vihara)
Cave No. V (Devana Alut Viharaya) တို့ကား ပိတ်ထားသည်။
ကျမ်းကိုး- Dambulla Roack Temple, Prof. Mangala Ilangasinha, University of Kelaniya