စာသင်တိုက်ဆိုတာ သံဃာအများနဲ့ ဆက်ဆံရတဲ့နေရာဖြစ်သလို အမြဲတစေ လှုပ်ရှားနေရတဲ့နေရာလည်း ဖြစ်ပါသည်။ စာသင်ချရုံသက်သက်သာ ပြုလုပ်ပေးရရုံမက ရှင်ကောင်း ရဟန်းကောင်းတွေ ဖြစ်လာအောင်လည်း သွန်သင်ပေးရသည်။ စာသင်သား အများစုကတော့ ငယ်ရွယ်သူများဖြစ်ကြသည်။ အခုတခါပြောလိုက်ရင် ဘယ်ဘက်နားကကြားပြီး ညာဘက်နားကနေ အဆုံးအမတွေ ပြန်ထွက်သွားသည်က များသည်။ ထို့ကြောင့်လည်း သြ၀ါဒတွေက ထပ်ခါတလဲလဲ ပေးကြစမြဲဖြစ်သည်။ စာသင်တိုက်မှာ နေဖူးရင် အကြားရဆုံး သြ၀ါဒကတော့-
ပ-ဖ ဖြစ်လိမ့်မည်။ မြန်မာအသံထွက်နဲ့ကတော့ ပစောက်နဲ့ ဖဦးထုပ်ပေါ့။ အဓိပ္ပါယ်ကတော့ ရှင်းပါသည်။
“ပျင်းရင် ဖျင်းလိမ့်မည်၊ ပစောက်နဲ့ ဖဦးထုပ် နီးသည်”
ပျင်းနေတဲ့လူတယောက်က တိုးတက်လမ်း မရှိပါ။ ထိုအခါ- လူဖျင်း (အသုံးမကျသည့်လူ) ဖြစ်သွားပါလိမ့်မည်။ ဒါကိုပဲ သုံးခေါက်ဆိုလို့ နားမ၀င်မှာ စိုးလို့ ဆိုခိုင်းပါသေးသည်။ စကားဆိုတာ သူများ လိုက်နာသည် မလိုက်နာသည်ထက် နားထောင်လိုက်သည် နားမထောင်လိုက်သည်ကိုသိဖို့က အဦးဆုံးဖြစ်သည် မဟုတ်လော။ နားထောင်ဖြစ်မှလဲ လိုက်နာဖြစ်မည် မဟုတ်လော။
ရန်ကုန် ကမ္ဘာအေး ဂန္ဓာရုံ တိပိဋကဆရာတော် ဆုံးမသြ၀ါဒပေးဖူးသည်ကတော့ တမျိုးတဖုံ ကြားဖူးပါသည်။
ပ- ပျင်းရင်
ဖ- ဖျင်းလိမ့်မည်။ ဖျင်းလျင်
ဗ- ဗလာနတ္ထိ- ဘာမှ မရှိဖြစ်လိမ့်မည်။ ဘာမှ မရှိလျင်
ဘ- ဘေးမှာပဲနေရလိမ့်မည်။ လူတော မတိုး။ ဘေးထွက်နေရလျင်
မ- မြောင်းထဲ ရောက်ပြီသာမှတ်ပေတော့။ ဘာမှ သုံးစားမရတော့- ဟု ဆုံးမသည်ဟု ကြားဖူးပါသည်။
လူတော်လူကောင်းများ ဖြစ်ကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။