ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

လာမည့် ၇ ရက်နေ့မှ စတင်ပြီး ကေလနိယ ကျောင်းတွင် M.A သမားများ စာမေးပွဲဖြေရပါတော့မည်။ စာမေးပွဲဖြေဆိုသူများအတွက် တောင်မြို့ဆရာတော်၏ လင်္ကာလေးကို မျှလိုက်ရပါသည်။

အောင်မြေပလ္လင် အောင်ပင်လှ၌ အောင်မြင်သပ ရန်သူပုန်
အောင်ရှင်ဘုရား အရဟံဂုဏ်ဝယ် မကျန်အကုန်တေဇာနှင့်
ဝေဆာမြင့်မြင့် ဆင်းရနံ့လူတယ် သတင်းပျံ့ကြူ ဆင့်ကဲသာလို့တင့်
မြင့်ပဲသာလို့ မြင့်ရေးပေါ်အောင် အရှင့်မြေးတော် ကျော်ကျော်သနှင့်
မလင့်တွေးမျှော် တော်လျော်သင့်ဖို့ ကော်ရော်သဖြင့် အရှင့်ထံ
အောင်ပန်းထွေထွေ ညောင်ရေတကောင်းနှင့် အောင်စေကြောင်း ခွင့်တောင်းအောင်ဆုပန်
အပရာဇိတ ပလ္လင်ပျံမှာ အရှင့်သဏ္ဍာန် စိတ်အစဉ်ညွှတ်လို့
ထိပ်တင်တမွတ် အလွတ်ဖြိုးကျယ်စွာ မချွတ်ကိုးကွယ်ကာ
အောင်ပန်းဆင့်ဆင့် ခိုင်ပွင့်ညှာကို အနိုင်ကျင့်ကာ ယူစမ်းမယ်ဗျလေး
မရှောင်တမ်းဖြင့် နိုင်သင့်ရာကို အနိုင်ကျင့်ကာ ယူစမ်းမယ်ဗျလေး ......။

အောင်ဓာတ်ကူးသည် လို့ ဆိုကြသည့် စကားရှိပါသည်။ ဆရာသမား အစဉ်အဆက်က ရွတ်ဆိုရန် အားပေးခဲ့သည့် လင်္ကာလည်း ဖြစ်ပါသည်။ စာစကားနှင့်ပြောရလျင် နှုတ်တက်ရွရွဖြစ်အောင် ရွတ်ဆိုရမည်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ အောင်မြင်ပုံ အရဟံဂုဏ်ကို အာရုံပြုကာ ရှိခိုးခြင်းဖြင့် အောင်ဓာတ်ကူးစက်ကာ အောင်မြင်မင်္ဂလာအဖြာဖြာတို့ ရရှိကြပါစေ။

(မှတ်ချက်။ ။ သမ္မောဟ၀ိနောဒနီဘာသာဋီကာ ကျောဖုံးတွင် ပါသည်ဟုမှတ်မိပါသည်။ သို့သော် ယခုအခါ နှုတ်တက်သာ ရပါတော့သည်။ နှုတ်တက်ရထားတဲ့အတိုင်း ရေးထားခြင်းဖြစ်သဖြင့် အမှားအယွင်းရှိခဲ့သော် ထောက်ပြတော်မူကြပါ)

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)