ရိုးရိုး ကျင့်
မြင့်မြင့် ကြံ
မှန်မှန် လုပ်
ကုပ်ကုပ် နေ
သူတော်ကောင်း ကျက်သရေ။
ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသည့် သူတော်ကောင်းတယောက် ဖြစ်လိုလျင် အထက်ပါ အတိုင်းကျင့်ပါဟု ဆရာသမားများက တဖွဖွ မှာကြားလေ့ရှိသည်။
ပြဿနာ တစုံတရာ ဖြစ်လို့ ဆုံးမခြင်းကို သြ၀ါဒ
ပြဿနာမဖြစ်ခင် သင့်အတွက် မကောင်းသတင်းတွေ ကျော်ဇောနိုင်တယ် စသဖြင့် ကြိုတင်ဆုံးမခြင်းကို အနုသာသန လို့ခေါ်ပါသည်။ (ဓမ္မပဒဋ္ဌကထာ)
ဘယ်လိုပဲ ဖြစ်စေ ဆုံးမခြင်းပင် ဖြစ်သည်။ ပြဿနာမဖြစ်သေးခင်နှင့် ဖြစ်ပြီးတို့ဖြစ်သည်။
ယခုခေတ်တွင် လွတ်လပ်ခြင်းဆိုသည်ကိုတောင်းဆိုပြီး ဆုံးမခြင်းကို မလိုက်စားကြက တဖြေးဖြေးများလာသည်။ လူ့လောကတွင် ပြောဆိုဆုံးမ များသည့် လူကြီးကို “ဒီအဖိုးကြီးကွာ တွန်နေတော့တာပဲ“ (မည်တွန်တောက်တီးနေတော့တာပဲ)။ သာသနာတော်တွင် ဆရာသမားကတော့ မလွယ်ဖူးဟေ့ “ရွှေအိုးချည်းပဲ ပေးနေတော့တာပဲ” (အရှင်ရာဟုလာ၏ စကားတစ်ခုရှိပါသည်။ မိမိကို ဆုံးမသူကို ရွှေအိုးရှိရာနေရာကို လက်ညှိုးညွှန်ပြသူ တယောက်ပမာ မှတ်ထင်ပါသည်ဟု မိန့်ဖူးပါသည်- ထိုစကားကို ရည်ညွှန်းပြီး ဆရာသမားကို ရွဲ့ပြောဆိုကြခြင်းဖြစ်သည်)။
တခါတရံ သနားကရုဏာစိတ်ဖြင့် ပြောဆိုကြသည့် စကားများကိုလည်း ကြားရလေ့ရှိပါသည်။
လူ့လောကတွင် “မိမဆုံးမ ဖမဆုံးမသား”တွေ။ သာသနာတော်တွင်တော့ “ဒီကိုယ်တော်လေး ဆုံးမမည့် ဆရာသမား မရှိဖူးထင်တယ်” စသဖြင့် ဖြစ်သည်။
တခါက ဖြစ်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ခုနှစ်နှစ်အရွယ် ကိုရင်ငယ်က အရှင်ဘုရားသာရိပုတ္တရာ- အရှင်ဘုရားရဲ့ သင်္ကန်းအစွန်းက ထောင့်စွန်းကြီး တွဲကျနေပါသည် လို့ ပြောဆိုရာ မထေရ်မြတ်က စကားတစုံတရာ ခွန်းတုန့်မပြန်ပဲ သေချာစွာ အ၀န်းညီအောင် ပြင်ဆင်ဝတ်ပြီး “ဆရာ ဒီလိုဆို သင့်ပါသလား”လို့ ရိုသေစွာ လုပ်အုပ်ချီပြီး မတ်တပ်ရပ်ကာ ပြင်ဆင်ခဲ့ဖူးသည်။ အသက်အနေနဲ့ ခုနှစ်နှစ်သာ ရှိသေးပြီး အဲဒီနေ့ကမှပဲ ရဟန်းဖြစ်လာတဲ့ ကိုရင်ငယ်လေးက သွန်သင်မယ်ဆိုလည်း ဦးခေါင်းနဲ့ သေချာစွာ ခံယူပါမည်ဟု ဆိုသည်။ ထိုအရာသည် အရှင်သာရိပုတ္တရာမထေရ်မြတ်၏ အဆုံးအမ အပြောအဆိုကို လိုက်နာကျင့်သုံးမှုပင် ဖြစ်သည်။ (သဂါထာဝဂ္ဂအဋ္ဌကထာ၊ ၂-ဒေ၀ပုတ္တသံယုတ်၊ ၉-သုသိမသုတ်) မိမိထက်ကြီးသည် ငယ်သည်မဟူ ကောင်းရာညွှန်ပြ ဆုံးမမှုကို လိုက်နာမှုပင် ဖြစ်ပေသည်။
ထို့ကြောင့် အဆုံးအမသည် စာအုပ်စာပေတွင် ရှိသကဲ့သို့ အပြင်လောကဘက်တွင်လည်း ဆုံးမတတ်သူ ဆုံးမလေ့ရှိသူများ ရှိသင့်ပါသည်။ အဆုံးအမကို လိုက်နာတတ်သူလည်း ရှိသင့်ပါသည်။ သို့မှသာလျင် သာသနာတော်တွင်ရော အပြင်လောကလုံးပါ လိမ္မာယဉ်ကျေးသူများ များပြားလာပါလိမ့်မည်။ ဖြစ်ပြီးမှ ဆုံးမရသည့် ပြဿနာများ လျော့ကျသွားပါလိမ့်မည်။ ပြစ်ဒဏ်ဖြင့် ဆုံးဖြတ်ရမှုများ လျော့ကျသွားပါလိမ့်မည်။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist5 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။