ဘုန်းကြီးကျောင်းတွေကို သွားရောက်လေ့လာမိရင် ကြားပန်းတွေ၊ ဓမ္မစကြာတွေ၊ သာသနာ့အလံတွေ၊ ဗောဓိပင်ညောင်ပင် နဲ့ စေတီတော် တို့ကို တွေ့မြင်နိုင်တာပေါ့။ ထပ်ပြီး ဖြည့်စွက်ပြောရရင် ဘုန်းကြီးကျောင်းတွေမှာ ဘုရားဆင်းတုတော်ကတော့ အထင်ရှားဆုံးပါပဲ။ အဲဒီ သင်္ကေတတွေအားလုံးက ဗုဒ္ဓဘာသာဝင် အတွက်တော့ အလွန်အဓိပ္ပါယ်ရှိတာပေါ့။
ကြာပန်းများ
“ကြာပန်းတွေဟာ ရွံ့နွံမြေမှာ အခြေအမြစ်တည်ကြတယ်။
ရေအနက်ကနေ ထိုးထွက်ပြီး ရေမျက်နှာပြင်ပေါ်တက်ကာ ကြီးပွားကြတယ်။
ပြီးပြည့်စုံတဲ့ လှပခြင်း၊ နေရောင်အောက်မှာ စင်ကြည်ခြင်းတွေနဲ့ ပွင့်လန်းကြတယ်”
ကြာပန်းဆိုတာ စင်ကြယ်ခြင်းကို ကိုယ်စားပြုတာပါ၊ ဘာကြောင့်လဲဆိုတော့ သူစတင်ရှင်သန်ခဲ့ရာ နွံတောထဲမှာ မနေပဲ ရေပြင်ပေါ်တက် အညစ်အကြေးမကပ်အောင် နေနိုင်လို့ပေါ့။
အဲဒီနည်းတူပါပဲ ဗုဒ္ဓဟောကြား မြတ်တရားများကလည်း ရည်ရွယ်ချက်ခြင်းက ကြားပန်းများနဲ့ သွားတူနေပါတယ်။ မြတ်တရားဟာ ညစ်ထေးမှုတွေ ဖျားယောင်းတဲ့ လောကကနေ ပေါက်ဖွားလာပြီး စင်ကြယ်မှုတွေကျန်ရစ်စေဖို့ မျှော်လင့်ချက်တွေ ပေးစွမ်းနိုင်လို့ပါပဲ။
====================================
ဓမ္မစကြာ
တခါတလေ ကျွန်ုပ်တို့ ကားကို စတင်မောင်းပြီဆိုရင် ကားဘီးက လိုချင်တဲ့ ခရီးပန်းတိုင်မရောက်မချင်း အမြဲတစေ လည်ပတ်နေတော့တာပါပဲ။ မြတ်စွာဘုရား ဓမ္မစကြာတရားတော်ကို စတင်ဟောတော်မူကတည်းက သစ္စာတရားတွေဟာ ကမ္ဘာမြေအနှံ အဆက်မပြတ် ပျံနှံ့လည်ပတ်နေခဲ့တယ်။ အဲဒီသစ္စာတရားတွေက သတ္တ၀ါတွေအားလုံး သူတို့ခံစားရတဲ့ ဒုက္ခတွေကနေ မလွတ်မချင်း ဆက်ပြီးတော့လည်း ပျံ့နှံ့နေပါဦးမယ်။ ဒါ့ကြောင့် ဓမ္မစကြာသင်္ကေတက ပိုပြီးပျော်ရွှင်စွာ နေချင်တဲ့ သတ္တ၀ါတွေကို ကူညီဖို့ မြတ်ဘုရားတရားတော်တွေ စဉ်ဆက်မပြတ် ပျံ့နှံ့လည်ပတ်နေပါဦးမယ်လို့ ဆိုလိုပါတယ်။
==================
သာသနာ့အလံ
ဗုဒ္ဓဘာသာ မှတ်တမ်းတွေအရ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ဗောဓိပင်ခြေရင်းမှာ ထိုင်တော်မူစဉ် သဗ္ဗညုတ ဉာဏ်တော်ရပြီး ခန္ဓာကိုယ်က ရောင်ခြည်ခြောက်သွယ် လွှတ်တော်မူခဲ့တယ်။ ဒါကို အခြေခံပြီး သာသနာ့အလံက ကမ္ဘာကြီးမှာ လူမျိုးတန်းစား ဘယ်လောက်ကွဲကွဲ မြတ်ဘုရားရဲ့ ပညာဉာဏ် ဒိုင်းအောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ပါတယ်လို့ ညွှန်းဆိုပါတယ်။
=======================
ဗောဓိပင်
ဗောဓိပင်ဆိုတာ အိန္ဒိယပြည်မှာတွေ့ရတဲ့ သဖန်းသီး ကတွတ်သီးလို အမျိုးအစားထဲက ပိပလ (pipala) သစ်ပင်ကို ဆိုလိုတာပါ။ ဒီသစ်ပင်ကို မြတ်စွာဘုရားရှင် သဗ္ဗညုဉာဏ်ကို ဒီသစ်ပင်အောက်မှာ ရရှိပြီးနောက်ပိုင်းမှ ဗောဓိပင်လို့ အသိအမှတ်ပြုကြတာပေါ့။ ဒီကနေ့မှာတော့ အဲဒီဗောဓိပင်ကို မြတ်ဘုရားရဲ့ ပညာဉာဏ်ကို ကိုယ်စားပြုဖို့ အသုံးပြုလေ့ရှိပါတယ်။ ဒါ့ကြောင့် ဗောဓိပင်ကို ပညာပင်လို့ ခေါ်ကြပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်တွေတွေ အလေးအမြတ်ထားကြတာပေါ့။ ဘုရားရှင်အထံကနေ အသိဉာဏ်တွေကို နားလည်သဘောပေါက်ခွင့်ရတဲ့အတွက် ကျေးဇူးတရားကို ထုတ်ဖေါ်ပြသဖို့ နည်းလမ်းတခုအဖြစ် ဗောဓိပင်ကို လေးစားသမှု (ဂုဏ်ပြု) ကြတာပေါ့။
===============================
စေတီတော်
စေတီတော်ဆိုတာ မြတ်စွာဘုရားရဲ့ ကျန်ရစ်တဲ့ ဓာတ်တော်တွေ ဒါမှမဟုတ် ရဟန်းမြတ်ရဟန်းကောင်းတွေရဲ့ ကျန်ရစ်တဲ့ ဓာတ်တော်တွေကို ထည့်သွင်းပူဇော်ထားပြီး လူပုဂ္ဂိုလ်အပေါင်း အရိုအသေပြုနိုင်ဖို့ တည်တဲ့ အထိမ်းအမှတ် အဆောက်အဦးတခုပါပဲ။ ယနေ့မှာတော့ စေတီတော်တဆူဟာ မြတ်ဗုဒ္ဓရဲ့ ကောင်းမြတ်တဲ့ လှုပ်ရှားဟန်တွေနဲ့ ရဟန်းမြတ်တွေကို သတိရစေဖို့ ဗုဒ္ဓဘာသာသင်္ကေတအဖြစ် ဖြည့်ဆည်းပေးလျက်ရှိပါတယ်။
=========================
ဘုရားကျောင်းနှင့် ရုပ်ပွားတော်များ
လူတွေဟာ လိုနေတာတွေ သူတို့ချစ်မြတ်နိုးတာတွေကို အမှတ်ရဖို့ မကြာမကြာ အာရုံခံပြီးတော့ သူတို့မြင်နိုင်တဲ့ ပုံစံတွေကို အလေးအမြတ်ပြုကြတယ်။ သာဓကပြရမယ်ဆိုရင် ချစ်ရတဲ့ လူတယောက် ကို အမြဲအမှတ်ရနေဖို့ သူ့ဓာတ်ပုံတစ်ပုံ ချိတ်ဆွဲထားခြင်းပေါ့။ နိုင်ငံတော်အလံကတော့ သစ္စာရှိတဲ့လူတွေ (မင်းမျိုးမင်းနွယ်တွေ) သူတို့နိုင်ငံတော် ရှေ့ဆက်ချီတက်ဖို့ အမှတ်ရစေတာပေါ့။
ဓာတ်ပုံနဲ့ နိုင်ငံတော်အလံတွေက အရည်အချင်းပြည့်ဝသူတွေအဖို့ အမှတ်တရဖြစ်စေမယ့် ဥပမာပြ သင်္ကေတ သို့မဟုတ် ကိုယ်စားပြုတဲ့ အရာတွေပါပဲ။ အဲဒါတွေက လူတယောက်ရဲ့ ချစ်ခြင်း၊ လေးစားခြင်း၊ သစ္စာရှိမှုကို ညွှန်ပြတဲ့ ဆုံချက်သဏ္ဍာန်တွေပဲလေ။
အတူတူပါပဲ ဗုဒ္ဓဘာသာဝင်တွေအိမ်မှာ ဘုရားကျောင်းဆောင်တွေ ဒါမှမဟုတ် ဘုန်းကြီးကျောင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးထားရာ ဆုံချက်သဏ္ဍာန်တွေ ရှိကြပါတယ်။ ဘုရားကျောင်းဆောင်ရဲ့ အလယ်တည့်တည့်မှာတော့ ပုံမှန်အားဖြင့် ဘုရားရှင်ရုပ်ပွားတော် ရှိပါတယ်။ ရုပ်ပွားတော်ကို စကျင်ကျောက်၊ ရွှေ၊ သစ်သား၊ ရွံ့ အမျိုးမျိုးနဲ့ ထုလုပ်ထားတာတော့ ဖြစ်နိုင်ပါတယ်။ ဒီရုပ်ပွားတော်တွေကတော့ မြတ်ဘုရားရဲ့ ဂုဏ်ရည်ကောင်းတွေကို လူတွေအမှတ်ရနေဖို့ သင်္ကေတတွေက ကူညီကြပါတယ်။
ဘုရားကျောင်းဆောင်တွေမှာ တန်ဖိုးရှိ ဗုဒ္ဓကျမ်းစာတွေကို ဓမ္မကို ကိုယ်စားပြုတဲ့အနေနဲ့ ထားရှိတတ်ပါတယ်။ အချို့ဘုရားကျောင်းဆောင်တွေမှာတော့ ရဟန်းတော်တွေနဲ့ အလေးထားထိုက်တဲ့ သံဃာတော်ကြီးတွေရဲ့ ရုပ်ပုံတော်တွေ၊ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ ကိုလည်း ထားရှိတတ်ကြပါတယ်။
ဗုဒ္ဓဘာသာတွေဟာ ဘုရားစင်ရှေ့မှာ မတ်တပ်ရပ်လိုက်ကြပါတယ်။ တွေ့ရှိဖူးပြီး မြတ်ဘုရားနဲ့ သံဃာ့ဂုဏ်တွေကို အာရုံပြုရာမှာ အကူအညီရစေဖို့ ရုပ်ပွားဆင်းတုတော်တွေကို ဖူးမြင်လိုက်ပါတယ်။ အချွန်အတက်တွေက သူတို့ကိုယ်တိုင် အဲဒီလိုဂုဏ်ရည်တွေ မျိုးစေ့ချဖို့ ရှေ့ဆက် အလုပ်ဖြစ်စေမှာပါ။
(မှတ်ချက်။ ။မြန်မာပြည်ရှိ ဘာသာဝင်များက ဘုရားရှင်ကို ထိုင်လျက်ရှိခိုးသော်လည်း အခြားလူမျိုးများ သဘာဝအရ မတ်တပ်ရပ် ရှိခိုးသည် နှင့် တနေ့ ကိုယ်ကိုကိုယ် ဘုရားဖြစ်အောင် ရဟန္တာဖြစ်အောင် ကုသိုလ်မျိုးစေ့တွေ ဖြစ်ထွန်းအောင် စွမ်းဆောင်နိုင်မှာပါဟု ဆိုလိုဟန်တူပါသည်။)
Symbols in Buddhism, Buddhism key stage 2, Published by Buddhist Education Foundation (UK) ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
ဗဟုသုတ တိုးပွားကြပါစေ -
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist5 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။