အနုဿတိဆယ်ပါးထဲမှာ ဒေ၀တာနုဿတိကို ဘာသာပြန်တော့ နတ်များကို အဖန်ဖန်အထပ်ထပ် သတိရခြင်းလို့ ခေါ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ အားလုံး ကုသိုလ်ကောင်းမှုတွေ လုပ်ဖူးကြပါတယ်။ နတ်များကို အထပ်ထပ်သတိရခြင်း ဒေ၀တာနုဿတိကိုတော့ ဆင်ခြင်မိသူ နည်းလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့် ဆင်ခြင်လိုသော် ဆင်ခြင်တတ်စေရန် ၀ိသုဒ္ဓိမဂ် (၁)ထဲက ဒေ၀တာနုဿတိကို ဘာသာပြန်လိုက်ပါတယ်။
“နတ်များကို သတိရမယ် အောက်မေ့ဆင်ခြင်မယ်ဆိုသူဟာ အရိယမဂ်အစွမ်းနဲ့ ကောင်းစွာပြီးစီးတဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့သူ ဖြစ်ရပါမယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့တနေရာမှာ ထိုင်ပြီးတော့
“စတုမဟာရာဇ် နတ်တွေ ရှိကြတယ်။
တာဝတိံသာ နတ်တွေ ရှိကြတယ်။
ယာမာ နတ်တွေ ရှိကြတယ်။
တုသိတာ နတ်တွေ ရှိကြတယ်။
နိမ္မာနရတိ နတ်တွေ ရှိကြတယ်။
ပရနိမ္မိတ၀သ၀တ္တိ နတ်တွေ ရှိကြတယ်။
ပထမဈာန်ဘုံမှာ ဖြစ်တဲ့ ဗြဟ္မာတွေ ရှိကြတယ်။
အဲဒီ ဗြဟ္မာတွေထက် မြင့်မြတ်တဲ့ ဗြဟ္မာတွေ ရှိကြတယ်။
အဲဒီနတ်ဗြဟ္မာတွေဟာ ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံခဲ့လို့ ယခုလူ့ဘ၀ကနေ သေဆုံးပြီးတဲ့နောက်မှာ နတ်ဘုံ ဗြဟ္မာ့ဘုံတွေမှာ ဖြစ်ကြရတယ်။
ငါ့မှာလဲ အဲဒီလို နတ်ပြည် ဗြဟ္မာ့ပြည်ကို ရောက်နိုင်တဲ့ ရတနာသုံးပါးကို ယုံကြည်တဲ့ သဒ္ဓါတရား ရှိတယ်။
ဒိနောက် အဲဒီနတ် ဗြဟ္မာတွေဟာ သီလတရားတွေ၊ အကြားအမြင် သုတတွေ၊ စွန့်ကြဲပေးကမ်းလှူဒါန်းခဲ့ဖူးတာတွေ၊ ပညာတရားတွေ ရှိဖူးတယ်။ ဒ့ါကြောင့် ယခုလူ့ဘ၀ကနေ သေဆုံးပြီးတဲ့နောက်မှာ နတ်ဘုံ ဗြဟ္မာ့ဘုံတွေမှာ ဖြစ်ကြရတယ်။
ငါ့မှာလဲ နတ်ပြည် ဗြဟ္မာ့ပြည်ကို ရောက်နိုင်တဲ့ သီလ စွန့်ကြဲမှုစာဂ ပညာတွေရှိတယ်လို့ နတ်တွေကို သက်သေအရာမှာ ထားပြီး မိမိမှာရှိတဲ့ သဒ္ဓါအစရှိတဲ့ ဂုဏ်တွေကို ဆင်ခြင်ရပါမယ်။
မိမိမှာ ရှိတဲ့ ဂုဏ်နဲ့ နတ်တွေမှာ ရှိတဲ့ ဂုဏ်ကို ညီမျှခြင်းထိုးပြီးလည်း ဆင်ခြင်နိုင်ပါတယ်။”
အကျိုးရလာဒ်
=========
အဲဒီလို ဆင်ခြင်နေတဲ့ အချိန်မှာ ရာဂတရားတွေ ထကြွသောင်းကြမ်းတာ၊ ဒေါသတရားတွေ ထကြွသောင်းကြမ်းတာ၊ မောဟတရားတွေ ထကြွသောင်းကြမ်းတာ မရှိပါဘူး။ ကိုယ့်စိတ်ကလေးက ဒီနတ်တွေကို အာရုံပြုပြီး ဆင်ခြင်တဲ့ ဆီမှာပဲ ဖြောင့်တန်းပြီး ရှိနေပါလိမ့်မယ်။ နောက် စိတ်ညစ်စရာ ညစ်ညူးတဲ့ နီဝရဏတရားတွေ ကင်းကွာပြီး တခဏတည်းနဲ့ ဈာန်အင်္ဂါတွေ ဖြစ်နိုင်ပါတယ်။ ဈာန်ကတော့ ဥပစာရဈာန် အဆင့်ပဲ ရောက်နိုင်ပါတယ်။
နတ်တွေကို အာရုံပြု ဆင်ခြင်စဉ်းစားလေ့ရှိတဲ့ ရဟန်းဆိုရင် နတ်တွေက ချစ်မြတ်နိုးမယ်၊ အတိုင်းထက်အလွန် သဒ္ဓါတရားတွေ တိုးပွားမယ်။ နှစ်သက်ဝမ်းမြောက်မှုတွေ များစွာဖြစ်ပြီးတော့ နေနိုင်မယ်။ အထက်ဈာန်မဂ်ဖိုလ်ကို မရနိုင်ဦးတော့ သုဂတိခေါ်တဲ့ နတ်ရွာ ဗြဟ္မာ့ပြည်တို့ကို သေဆုံးရင် ရောက်လိမ့်မယ်။
(၀ိသုဒ္ဓိမဂ် ပါဠိ ၁- ၂၁၈)
(နတ်မင်းကြီးလေးပါးရှိတဲ့ နတ်ပြည်ကို စတုမဟာရာဇ်နတ်ပြည်။
ကုသိုလ်ပြုဖေါ်ပြုဖက် သူငယ်ချင်း ၃၃ ယောက်ဖြစ်နေတဲ့ နတ်ပြည်ကို တာဝတိံသာနတ်ပြည်။
ဆင်းရဲဒုက္ခဟူသမျှ ဘာဆိုဘာမှ မရှိတဲ့ နတ်ပြည်ကို ယာမာနတ်ပြည်။
ကိုယ့်ပီတိနဲ့ ကိုယ်ပြည့်စုံနေတဲ့ နတ်ပြည်ကို တုသိတာ။
စည်းစိမ်ဥစ္စာတွေကို ဖန်ဆင်းပြီး နှစ်သက်နေတဲ့ နတ်ပြည်ကို နိမ္မာနရတီနတ်ပြည်။
သူတပါးဖန်ဆင်းပေးထားတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ကိုယ့်အလိုဆန္ဒပြည့်စုံစေတဲ့ နတ်ပြည်ကို ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်။ ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်ရှိတဲ့ နေရာကို ဗြဟ္မာ့ပြည်။
ဒိထက်မြင့် မြင့်တဲ့ ပရိတ္တာဘာစတဲ့ ဗြဟ္မာ့ပြည်များ။) (၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ ၁ နှာ- ၂၈၅)
“ယေဟိ သဒ္ဓါဟိ ဂုဏေဟိ ၊ ဒေ၀တာ ဒေ၀တ္တံ ဂတာ။
မယှံပိတေ သံဝိဇ္ဇန္တိ ၊ အဟော မေ ဂုဏ၀န္တတာ ။
ဒေ၀တာ - စတုမဟာ ၀တိံသာနှင့် နတ်ရွာခြောက်လီ ဗြဟ္မာ့ပြည်ဝယ် ကိုယ်စီစံစား နတ်ဗြဟ္မာ အများတို့သည်၊ ယေဟိ သဒ္ဓါဟိ ဂုဏေဟိ - သဒ္ဓါ သီလ များသုတနှင့် စာဂ ပညာ စဉ်လာလောက်လုံ အကြင်ကျေးဇူးဂုဏ်တို့ကြောင့်၊ ဒေ၀တ္တံ- ရောဂါမကပ် ဥပါဒ်မတွယ် စားသောက်ဖွယ်ရေး နေထိုင်ရေးနှင့် မင်းဘေးစိုးတာ ကင်းစင်ကွာလျက် ဗြဟ္မာနတ်၏ အဖြစ်သို့၊ ဂတာ - ဤလူ့ပြည်မှ စုတေကြလျင် ခဏမနေ ကပ်ရောက်ကြရလေပြီ။ မယှံပိ- ဘုရားအကြိုက် တရားလိုက်၍ အားစိုက်နှစ်လို ဤငါ့ကိုယ်မှာလည်း၊ တေ ဂုဏာ- နတ်ဗြဟ္မာနန်း ကပ်ခါမြန်းဖို့ စခန်းလောက်လုံ ထိုကဲ့သို့သော ဂုဏ်တို့သည်။ သံဝိဇ္ဇန္တိ- အမြဲမပြတ် သတိချပ်သဖြင့် မလပ်ပုံသေ ရှိကြပေကုန်၏။ မေ- ငါ၏၊ ဂုဏ၀န္တတာ- သဒ္ဓါ သီလ စသည်လောက်လုံ ဂုဏ်ပေါင်းစုံသူ၏ အဖြစ်သည်။ အဟော ၀တ - တမလွန်အရေး ကြံတိုင်းအေးဖို့ လေးလေးပင်ပင် အစဉ်မျိုးမှန် သြော်........အဖိုးတန်ပေစွတကား။ (သဂြိုင်္ဟ်ဘာသာဋီကာ နှာ- ၆၃၉)
ဆွေးနွေးချက်
===========
အနုဿတိ- အဖန်ဖန် အထပ်ထပ် အမှတ်ရခြင်းက ဆယ်မျိုးရှိပါတယ်။ ဘုရားကို အမှတ်ရခြင်း၊ တရားကို အမှတ်ရခြင်း၊ သံဃာကိုအမှတ်ရခြင်း၊ ကိုယ်စောင့်ထိန်းခဲ့တဲ့ သီလကို အမှတ်ခြင်း၊ ကိုယ်စွန့်ကြဲပေးကမ်းဖူးတာကို အမှတ်ရခြင်း၊ နတ်ဒေ၀တာများကို အမှတ်ရခြင်း၊ နိဗ္ဗာန်ချမ်းသာ တည်ရှိပုံကို အမှတ်ရခြင်း၊ သေခြင်းသဘောတရားကို အမှတ်ရခြင်း၊ ခန္ဓာကိုယ်မှာရှိတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသကို အမှတ်ရခြင်း၊ ထွက်သက်ဝင်သက်ကို အမှတ်ရခြင်း တို့ဖြစ်ပါတယ်။
ယခု ပြခဲ့တာကတော့ နတ်တွေကို အောက်မေ့ဆင်ခြင်ခြင်း သတိရခြင်းပဲ ဖြစ်ပါတယ်။
နတ်ပြည် ဗြဟ္မာ့ပြည်မှာ ရှိတဲ့ နတ်ဗြဟ္မာတွေဟာ လူ့ဘ၀က ပြုခဲ့တဲ့ သဒ္ဓါတရားတွေ သီလတရားတွေ သုတတရားတွေ စာဂတရားတွေ ပညာတရားတွေကြောင့် နတ်ပြည် ဗြဟ္မာ့ပြည်မှာ ရောက်ကြရဖြစ်ကြရတယ်။ ငါ့မှာလည်း အဲသလို နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေ ရှိတယ်လို့ ဆင်ခြင်စဉ်းစားတာကိုပဲ နတ်တွေကို သတိရခြင်းလို့ ခေါ်ပါတယ်။
သြော်….. ငါက ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်နေသူဆိုတော့ သဒ္ဓါတရားနဲ့ ပြည့်စုံတယ်။
ဘယ်နေ့ဘယ်ရက်က (သို့) ဒီနေ့မှာ ဒီသီလတွေထိန်းတော့ သီလနဲ့ ပြည့်စုံတယ်။ (ဘုရားရှင်ကို ရှိခိုးစဉ် သီလဆောက်တည်လည်း မကျိုးပေါက်ရင် သီလထိန်းတာပါပဲ)
အင်း.....ဟိုကို ဒီလောက်.... ဟိုနေရာမှာ ဒီလောက်လှူဖူးတော့ စွန့်ကြဲမှုပေးကမ်းမှုနဲ့လည်း ပြည့်စုံတယ်။
သာမန်လောကီပညာတွေ ကုသိုလ်အကုသိုလ်မှန်း ခွဲခြားသိတတ်တဲ့ ပညာတွေရှိတယ်။
နတ်တွေ ဗြဟ္မာတွေ နတ်ပြည်ဗြဟ္မာ့ပြည်ရောက်ကြတယ်ဆိုတာ ဒီလိုမျိုးကုသိုလ်တရားတွေ ရှိလို့ ရောက်ကြတာ ဖြစ်ကြတာ။
ငါ့မှာ သူတို့လို နတ်ပြည်ရောက်ကြောင်း ကောင်းမှုတွေ ရှိတယ်လို့ ဆင်ခြင်စဉ်းစားမိရင် ဒေ၀တာနုဿတိခေါ်တဲ့ နတ်တွေကို သတိရခြင်း ဖြစ်ပါတယ်။
ဥပမာအနေနဲ့ လောကမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ကြည့်မိတော့ သူ့မှာ ငွေ ၁၀၀ ရှိရင် ကိုယ့်မှာလည်း ငွေ ၁၀၀ ရှိတယ်ဆိုရင် အဆင့်အတန်း မှီတယ် သူများနဲ့တန်းတူတယ် လို့ ကိုယ့်ကိုကိုယ် ခံစားရမှာပါ။ စိတ်ချမ်းမြေ့ရမှာပါ။
အခု နတ်တွေနဲ့ နှိုင်းယှဉ်တာကတော့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားဆိုင်ရာနဲ့ နှိုင်းယှဉ်တာပဲဖြစ်ပါတယ်။
ဒေ၀တာနုဿတိခေါ် နတ်များကို သတိရခြင်းဟာ ကိုယ့်မှာ ဖြစ်ပြီးသား ရှိပြီးသား ကုသိုလ်ကို ထပ်မံမွမ်းမံတဲ့ အနေအထားမို့ လူတိုင်းကျင့်သုံးလို့ ရနိုင်ပါတယ်။ ကျင့်သုံးကြည့်ပါလို့လည်း အကြံပြု တိုက်တွန်းပါတယ်။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။