ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ပြီးခဲ့တဲ့ ၁၇ ရက်နေ့တုန်းက ဗီဇာသက်တမ်းတိုးဖို့ မြို့နယ်ဆရာတော်ဆီ သွားခဲ့ပါတယ်။ ဆရာတော် အပြင်သွားနေတာနဲ့ စောင့်ရင်း ကျောင်းဝိုင်းထဲ ပတ်လိုက်တာ ဘုရားကုန်းပေါ်က ပြတိုက်ဆီ ရောက်သွားပါတယ်။ ဒါနဲ့ အဆင်ပြေရာ ပုံလေးတွေ ရိုက်ဖြစ်ခဲ့တာ။ မြန်ပြည်ဆီ လှည့်ကြည့်တော့ ရှေးဟောင်းကျောင်းတွေမှာ ရုပ်တုတွေ ရှိခဲ့ပေမယ့် ဈေးကောင်းတာနဲ့ ရောင်းစားကြတာ မမြင်ရတော့ပါဘူး။ ၀မ်းနည်းစရာပါ။ ခေတ်သစ် ကျောင်းတွေမှာတော့ ပန်းပုရုပ်ပြောမနေနဲ့ ပန်းချီတောင် မဆွဲကြတော့ပါဘူး။
ဘုရားနဲ့သက်ဆိုင်တဲ့ ပြခန်းလေးတွေရှိတော့ ဗုဒ္ဓ၀င်ဆိုတာ စာအုပ်ကြီးဖတ်ရမှ သိရမယ် ဆိုတာ မဖြစ်တော့ဘူးပေါ့။ ဒါက မိမိအမြင်ပါ။

၁ - တရားဟောသည့် နေရာ။ ဒီတခါကတော့ ထူးဆန်းသွားပါပြီ။ ပုံမှန်မြင်တွေ့နေကြ လေးဒေါင့်ကွင်း မဏ္ဍပ်မဟုတ်ပဲ ခေတ်နဲ့ အညီ လုပ်ထားတဲ့ တရားဟော တရားနာ နေရာတခုဖြစ်တာကို တွေ့ရပါတယ်။ လူတွေအတွက်တော့ ကုလားထိုင်များ စီမံထားတာကို တွေ့ရပါတယ်။

၂ - ဘုရားအလောင်းတော် တာဝတိံသာမှာ နတ်သားဖြစ်စဉ်က ဘုရားဖြစ်တော်မူဖို့ လူ့ပြည်ဆင်းကာ ပဋိသန္ဓေနေတော်မူပါလို့ နတ်သားများက တောင်းပန်နေတဲ့ ပုံဖြစ်ပါတယ်။ နတ်သားက ဘုရားအလောင်းဖြစ်တဲ့အတွက် မဟာယာနအလို ဗောဓိသတ္တ၀ ပုံစံ ခြေထောက်တဖက် မြေချပြီး တဖက်က တင်ပြင်ချိတ်ပြီး နေဟန်ကို ထုထားတယ်လို့ ယူဆလို့ရပါတယ်။



၎ - သူဌေးသမီး သုဇာတာ နို့ဃနာဆွမ်းကပ်ရန် လာနေပုံ

၅- ဘုရားရှင်လျောင်းတော်မူနေပုံ။ ဘုရားရှင်ကို လေးစားသမှု ပြုသောအားဖြင့် ရှေ့မှာ ဇာ-ကာထားတာကို တွေ့ရပါတယ်။ ဘုရားရှင်ရဲ့ နောက်မှာ ရောင်ခြည်တော်ခြောက်ပါး ကိုယ်လုံးပြည့် လွှတ်တဲ့ အဓိပ္ပါယ်အနေနဲ့ ရောင်ခြည်တော် ၀န်းကို အထက်အောက် အလျားလိုက် ခြယ်ထားတာကို တွေ့ရပါတယ်။ နောက်ဘုရားရှင် ဦးခေါင်းတော်မှာ Siraspata သိရသပါတ- (ဆံထုံးခေါ်မလား) ပါရှိတာကိုလည်း တွေ့ရပါတယ်။ ဘုရားဆင်းတုတော်နဲ့ ရဟန္တာဆင်းတုတော် နှစ်ခုရဲ့ ထူးခြားချက်က သိရသပါတ ပါ-မပါနဲ့ ခွဲခြားလေ့ရှိပြီး သိရသပါတ ပါလျင် ဘုရားဆင်းတုတော်လို့ ရှေးဟောင်းသုတေသနပညာရှင်များက ဆုံးဖြတ်လေ့ရှိပါတယ်။

၆ - ဒါကတော့ ဦးခေါင်းရင်းဘက်က တံခါးပေါက်ပါ။

၇ - ခြေတော်ရင်းဘက်က တံခါးပေါက်ပါ။ တံခါးပေါက်တွေရဲ့ အပေါ်မှာ ခြယ်သထားတာတွေက နဂါးလို ရှည်ရှည် အကောင်ကို မကရ (မကန်းရ်း) လို့ခေါ်ပါတယ်။ အပေါ်က နတ်ရုပ်တွေက ဆင်ခေါင်း လူကိုယ်နဲ့ဆိုတော့ ဟိန္ဒူနတ်တွေလို့ ယူဆရပါတယ်။ ပန်းနွယ် ပန်းတွန့်တွေကတော့ သူတို့ရဲ့ ပန်းရံပညာ ကျွမ်းကျင်မှုကို ပြသတာပဲနေမှာပါ။ တခုမကောင်းတာက သားမြက်(နို့)ပေါ်နေတဲ့ အမျိုးသမီးပုံပါနေတာပါပဲ။ သူ့ယဉ်ကျေးမှု အရကတော့ မရိုင်းပါဘူး။

၈ - ဒီပုံကတော့ ဘာပုံလည်း မသိပါဘူး။ ဒါပေမယ့် တခါတလေကျတော့ (အခြားနေရာအလိုအရ) တည်ဆောက်ခဲ့တဲ့ ဘုရင်ရဲ့ ပုံဖြစ်နေတတ်ပါတယ်။

==================================================
တဆက်တည်း အခြားရောက်ဖူးတဲ့နေရာက ပုံများပါ တင်လိုက်ပါတယ်။
==================================================

၉ - ဒီပုံကတော့ ဝေစက်နေ့က ရောက်ခဲ့တဲ့ ကျောင်းက ဘုရားနဲ့ ရုပ်တုများပါ။ အဲဒီဆရာတော်ကျောင်းကတော့ တကယ့်ပြတိုက်ကြီးပါပဲ။ နိုင်ငံပေါင်းစုံက ဘုရားဆင်းတုတွေရော အခြား ပုံနှိပ်စက် အဟောင်းစတာတွေရော အများအပြားပါပဲ။ ပါလီမာန်အမတ် ဘုန်းကြီးလို့လဲ ပြောကြတာပဲ။

အောက်က ပုံတွေကတော့ မိမိနေထိုင်ရာ စုဘသဒါရာမကျောင်း ပြတိုက်ထဲကပုံတွေပါ။

၁၀ - ဘုရားအလောင်းတော်ခြေထောက်နဲ့ ဒေ၀ီလရသေ့ ဦးခေါင်းတို့ထိ နေပုံပါ။ ဒီဘက်က သုဒ္ဓေါဓနမင်းကြီးပေါ့။ ကုလားထုံးစံအတိုင်းဆိုတော့ အမျိုးသမီးတွေက ဆာရီတွေနဲ့ပေါ့။ မြန်မာတို့ တရုတ်တို့ ထုရင်တော့ အ၀တ်အစားက တမျိုးပြောင်းမှာပေါ့။

၁၁- ဘုရားအဖြစ်မရောက်အောင်ဆိုပြီး မာရ်နတ်က သူ့သမီး ၃ ယောက်နဲ့ မြူဆွယ်နေပုံပါ။ အမည်တွေက တဏှာ အရတီ ရာဂ။ သူမတွေက ယောင်္ကျားအကြိုက် အမျိုးမျိုးဖန်ဆင်းပြနေပုံတွေပေါ့။

၁၃ - ဒါက ဘုရားရှင် ပရိနိဗ္ဗာန်စံတော့ ဒေါဏပုဏ္ဏားကြီးက ဓာတ်တော်တွေကို ခုနှစ်ပြည်တောင် မင်းတွေကို ခွဲဝေပေးရင်း သူက ဘုရားရှင် စွယ်တော်(သွား)တခုကို ဆံပင်ခြားမှာ ထိုးသွင်းပြီး ယူထားတာ။ ဒါကို သိတဲ့ နတ်မင်း (အချို့ နဂါးမင်း)က လာခိုးတဲ့ပုံပါ

ဗဟုသုတ တိုးပွားကြပါစေ -

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)