(အပျင်းပြေဖတ်ဖို့ပါ)
ဟို....ရှေးရှေးတုန်းကပေါ့
တနေ့တော့ တိရစ္ဆာန်တွေ တနေရာတည်းမှာ စုတွေ့မိကြသတဲ့။
ပြီးတော့ သူတို့ရဲ့ အမြီးကို ဘယ်လိုအသုံးချမလဲဆိုတဲ့ အကြောင်း ပြောကြရင်း
နွားကြီးက “ကျွန်တော်ကတော့ဗျာ ကျွန်တော့ အမြီးကို ယင်ခြောက်ဖို့ အသုံးပြုမယ်ဗျာ”
မှန်တာပေါ့ဗျာ…. ကျွန်တော်ကလည်း သဘောတူပါတယ်။ ကျွန်တော်လည်း အဲလိုပဲ အမြီးကို ယင်ခြောက်ဖို့ အသုံးပြုမှာပဲဗျလို့ မြင်းကြီးက ထောက်ခံတယ်။
“ကျွန်တော်ကတော့ ကျွန်တော့စိတ်ထဲ ကျေနပ်တဲ့အကြောင်း ပြသဖို့ အမြီးကို လှုပ်ရမ်းမယ်ဗျာ”
လို့ ခွေးကြီးက ဆိုတော့
သဘောမတူဘူးဟေ့ “တို့ကတော့ ဒေါသထွက်တဲ့ အချိန်မှာပဲ အမြီးကို လှုပ်ရမ်းမယ်”လို့ ကြောင်ကြီးက ပြောလိုက်တယ်။
ရှည့်ကလေးကတော့ “ကျွန်တော့်အမြီးကို နွေဦးရာသီမှာ ကျောကုန်းနွေးထွေးဖို့ပဲ အသုံးပြုပါ့မယ်”လို့ ဆိုတော့
မျောက်ကလေးကလည်း “ကျွန်တော်ကတော့ တကိုင်းနဲ့ တကိုင်း အကူးအပြောင်းမှာ လွှားကနဲခုန်နိုင်ဖို့ အမြီးကို အသုံးချချင်တယ်” လို့ ပြောရှာတယ်။
“ကျွန်တော်ကတော့ ဘယ်လောက်များ အရောင်တွေ တောက်ပလိုက်လေမလဲဆိုပြီး အမြီးကို ဖြန့်ဖြန့်ကြည့်မယ်ဗျာ”လို့ ဒေါင်းက ပြောတော့
“ရန်သူနဲ့ နီးကပ်နေတဲ့အချိန်မှာ အဖြူရောင် အလံသေးသေးလို့ ဖြစ်နေအောင် အမြီးကို နိမ့်လိုက်မြင့်လိုက် လုပ်ရမယ်” လို့ ယုန်ကလေးက သူ့အမြီးနဲ့ ပတ်သက်ပြီး ပြောပြန်တယ်။
သားပိုက်ကောင်က“ခုန်လိုက်တဲ့နေမှာ အထောက်အပံ့ဖြစ်သွားအောင် အမြီးကို ခြေတချောင်းလို အသုံးချရမယ်ဗျ” လို့ ဆိုတော့
ငါးကလေးက “ရေကူးတဲ့နေရာမှာ ကိုယ်တိုင်ထိန်းတဲ့ ပဲ့တချောင်းလို အမြီးကို အသုံးပြုမယ်”လို့ ပြောလိုက်တယ်။
အဲဒီထဲမှာ ဖားလောင်း (ဖားအဖြစ်မရောက်သေးတဲ့ကောင်)က သေးသေးငယ်ငယ် သူ့အမြီးကို ဘယ်လို သုံးချရမှန်း မသိဘူးတဲ့။
“ငါ ဖားဖြစ်သွားရင် ဒီအမြီးက အသုံးမ၀င်ပါဘူး” “ငါကြီးလာရင်တော့ ဒီအမြီးကို ချက်ချင်းဖြတ်ပစ်လိုက်မှာပဲ”လို့ ပြောသတဲ့။
အဲဒီနေ့ကစပြီး တိရစ္ဆာန်တွေဟာ သူတို့အမြီးတွေကို သူတို့စိတ်တိုင်းကျ အသုံးပြုခဲ့ကြတယ်တဲ့။
(မူရင်းခေါင်းစဉ်- A TALE ABOUT TAILS စာရေးသူ- MADELEINE COLLIER စာအုပ်အမည်- RADIANT READING 1)
ကိုယ့်မှာ ရှိတဲ့ ပစ္စည်းကို ကိုယ့်နေရာနဲ့ လိုက်ပြီး အသုံးဝင်အောင် သုံးတတ်မှ အဖိုးတန်မှာပေါ။
အသုံးမတတ်တဲ့ လူကတော့ ဖားလောင်း (ဖလောင်း)နဲ့ တူမှာပေါ့။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။