အသံကောင်းလို့တဲ့ နတ်သားနာမည်ကို ဃောသကနတ်သားလို့ ခေါ်ကြသတဲ့။ ဃောသကနတ်သားဟာ နတ်ပြည်မှ ကြာရှည်ဖြစ်ခွင့်မရပဲ မကြာခင်မှာပဲ စုတေ(သေလွန်) သွားပါတယ်။ နတ်ပြည်မှာ နတ်သား နတ်သမီးတွေ သေဆုံးခြင်း အကြောင်း လေးမျိုးရှိပါတယ်။
(၁) အသက်ကုန်လို့ သေဆုံးခြင်း
အတိတ်ဘ၀က ကုသိုလ်များများ ပြုလုပ်ထားခဲ့ရင် အသက်တမ်းစေ့အောင် ပြည့်အောင်နေထိုင်ရပြီး သေဆုံးခဲ့လျင်လည်း အထက်နတ်ပြည်ကို ရောက်ပါတယ်။
(၂) ကုသိုလ်ကံကုန်လို့ သေဆုံးခြင်း
နတ်သားတယောက်ဟာ ကုသိုလ်ကောင်းမှု နည်းနည်းလေးပြုလုပ်ထားခဲ့ဖူးရင် နတ်ပြည်သက်တမ်းမကုန်ခင်မှာပဲ ကုသိုလ်ကံက ကုန်သွားလို့ သေဆုံးရပါတယ်။
(၃) အာဟာရ ခန်းခြောက်လို့ သေဆုံးခြင်း
ကာမဂုဏ်တွေ ခံစားလွန်းပြီး အာဟာရစားသုံးဖို့ မေ့လျော့လို့ ခန္ဓာကိုယ်ခြောက်ခန်း အာဟာရပြတ်ကာ သေဆုံးရပါတယ်။
(၄) စိတ်ဆိုးလို့ သေဆုံးခြင်း
အခြားနတ်တွေက ကိုယ့်ထက်သာတဲ့ စည်းစိမ်းတွေ ခံစားရတာကို ကြည့်ပြီး စိတ်တိုလွန်းတာ ဖြစ်ရင်လည်း သေဆုံးပါတယ်။
ဃောသက နတ်သားကတော့ ကာမဂုဏ်ခံစားလွန်းပြီး အစာစားဖို့ မေ့သွားလို့ အာဟာရပြတ်ပြီး သေရခြင်းဖြစ်ပါတယ်။ (ဓမ္မပဒဋ္ဌကထာ)
ဒီနေရာမှာ တခုသတိထားစေချင်တာက နတ်တွေရဲ့ ကိုယ်ခန္ဓာက လူတွေလို မကြမ်းတမ်းပဲ နူးညံ့ပါတယ်။ တခါက နတ်သားတယောက် ဘုရားဆီလာကန်တော့တာ နူးညံ့လွန်းလို့ မြေပေါ်ရပ်လိုက်တိုင်း ခန္ဓာကိုယ်က မြေထဲစိမ့်ဝင်သွားပါသတဲ့။ ဒါနဲ့ ကြမ်းတမ်းတဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းလိုက်တော့ အဆင်ပြေသွားတယ် ဆိုပဲ။
အခု လောကမှာ အချို့လူများလည်း နူးညံ့လို့ အပင်ပန်းမခံနိုင်ကြတာကိုလည်း သတိထားစေချင်ပါတယ်။
၁ နဲ့ ၂ ကိုထားလိုက်စို့။ ၃- သည် ဆာလောင်မှု ဒဏ်ကို မခံနိုင်လို့ဖြစ်ရတာလို့ တွက်ရပါမယ်။ စားဖို့ရန် အချိန်လွန်သွားလို့ အာဟာရအတွက် ကုစားမရတော့တဲ့ အနေအထားမျိုးပေါ့။
၎- သည် စိတ်ဆိုးလို့ ဖြစ်တာပါ။ လူတချို့ စိတ်ဆိုးရင် ကိုယ်တွေ တဆတ်ဆတ်တုန် ပူလာတာကို သတိထားစေချင်ပါတယ်။ ဒီဒဏ်ကို နတ်ခန္ဓာကိုယ် ပျော့ပျော့က မခံစားနိုင်တာပါ။
ဒါက နတ်တွေ စုတေခြင်းပါ။ ဒါကို မိမိကတော့ လူတွေ ဖြစ်တဲ့ မိမိတို့ အပေါ်ကို တင်စားကြည့်ချင်ပါတယ်။
၁-၂ ထက် ၃-၄- ကို ပိုစိတ်ဝင်စားပါတယ်။
ကာမဂုဏ်ဆိုတဲ့နေရာမှာ (မြင် ကြား နံ အရသာခံစား)အာရုံများထက် အတွေ့အထိ လိင်ကိစ္စကို တွေးကြည့်ပီး အဲဒါများရင်တော့ အားပြတ်ပြီး အသက်တိုနိုင်လောက်ပါတယ်။
နောက် ၄ က ဒေါသများရင်တော့ လူ့ခန္ဓာကိုယ်က မာတော့ ပြဿနာသိပ်မရှိပေမယ့် ကိုယ့်ဒေါသက သူများအပေါ်ရောက်ပြီး သူတပါးကို ကိုယ်ထိလက်ရောက် စော်ကားမိခြင်း။ ကိုယ့်ကိုကိုယ် ပြန်ပြီး ပြဿနာရှာမိခြင်းတို့ကြောင့် အသက်တိုနိုင်ပါတယ်လို့ ဆင့်ပွား တွေးမိပါတယ်။(အမြင်ချင်းတော့ တူချင်မှ တူမှာပါ)
လျော့တန်တာလေးတွေ လျော့ပြီး မေတ္တာတရား ကိုယ်စီထားနိုင်ကြပါစေ
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။