ဘာပုံကြီးလဲလို့ မမေးလိုက်ပါနဲ့။ အဲဒါ ကိုလံဘိုကနေ ည ၇း၀၀ ၀န်းကျင်မှာ ထွက်နေတဲ့ လမင်းပါ။
ဒီနေ့တော့ မြန်မာပြည်မှာတော့ အတော်ပျော်စရာ ကောင်းမှာပဲ။ သောင်းကြမ်းလိုက်ကြတာလည်း ပြောမနေနဲ့။ မနက်ခင်းဆို စားပွဲကုလားထိုင်တွေ ကတ္တရာလမ်းပေါ်မှာ ဟိုတစ ဒီတစနဲ့၊ ဆိုင်းပုဒ်တွေက ဟိုပြောင်းဒီရွေ့နဲ့။ မနက်စောစောတွေ့လိုက်ရရင် ရယ်စရာတွေက အများသား။ (ခံရသူများတော့ မသိ)
အဲလို အဲလို..... သတိရလိုက်တာနဲ့ ၀ရံတာဘက်ထွက်ပြီး လကို ငေးကြည့်ပြီး ဓာတ်ပုံရိုက်လိုက်တယ်။ ကံကောင်းတယ်လို့ ပြောရမယ်။ ရိုက်ပီးချိန်နဲ့ တိမ်ဖုံးနေလို့ အခုရေးတဲ့ အချိန်မှာ ဘာကြယ် ဘာလ မှကို မမြင်ရတော့ဖူး။ ဒါပေမယ့် အတွေးအမျှင်တွေကတော့ စိတ်ထဲမှာ တမျှင်ပြီး တမျှင်ပါပဲ။ စိတ်ထဲက အတွေးလေးတွေ အပြင်ကို ဆွဲထုတ်လိုက်တယ်။
တန်ဆောင်တိုင်
တန်ဆောင်မုန်းလပြည့်ည
ပါဠိလို ဘယ်လိုခေါ်ပါလိမ့်-
ကတ္တိက = ကြတ္တိကာနက္ခတ်နှင့် ယှဉ်သောလ
ကြတ္တိက ဆိုတာက - သူခိုးနက္ခတ်ပါတဲ့
ဘာတရားတွေ ရှိခဲ့ပါလိမ့်-
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ယခုအချိန်မှာ သာဝတ္ထိမြို့ကြီးမှာ ဗာလနက္ခတ္တပွဲသဘင်ကို ၇ ရက်တိုင်တိုင် ကျင်းပပါသတဲ့။ ပြာတွေ နွားချေးတွေကိုယ်မှာသုတ်လိမ်းပြီး မြို့ပတ်ပြီး အော်ဟစ်ကြလို့ ပြည်သူတွေ အတော်အနှောင့်ဖြစ်ကြရပါသတဲ့။ ဒါနဲ့ မြို့သားတွေက ဘုရားရှင်နဲ့ သူ့တပည့်ရဟန်းတော်တွေကို ဆွမ်းခံမကြွစေပဲ ကျောင်းကို ဆွမ်းပို့ပြီး ဆွမ်းကပ်ကြပါတယ်။ ၈ ရက်မြောက်နေ့ ဆွမ်းခံကြွလာတဲ့ ဘုရားရှင်ကို ဒီအကြောင်း လျှောက်ထားကြတော့ ဘုရားရှင်က-
ပစ္စုပ္ပန် တမလွန်အကျိုးစီးပွားကို မသိတဲ့ လူမိုက်တွေဟာ
မေ့လျော့ပေါ့ဆမှုကို အစဉ်တစိုက် အားထုတ်ကြတယ်။
ပညာရှိတွေကတော့ မဂ်ဖိုလ်တရားတွေ ရရှိဖို့
မမေ့လျော့မှု သတိတရားကို မွန်မြတ်တဲ့ ရတနာတခုလို
ထိမ်းသိမ်းစောင့်ရှောက်ကြတယ်။
မေ့လျော့ပေါ့ဆပြီး အချိန်တွေကို မကုန်လွန်ကြပါစေနဲ့
ဝတ္ထုကိလေသာ နှစ်ဖြာကာမနဲ့ မွေ့လျော်ခြင်းကို မနှစ်သက်ကြပါနဲ့
မမေ့မလျော့ နေနိုင်မယ်ဆိုရင် မြတ်သော နိဗ္ဗာန်ကို ရောက်ကြပါလိမ့်မည်။
လို့ တရားဓမ္မ ဟောကြားခဲ့ပါတယ်။ (အရှင်မဟာဗုဒ္ဓဃောသ၊ ဓမ္မပဒအဋ္ဌကထာ)
တန်ဆောင်တိုင် အမှတ်တရပါ-
ရွှင်လန်းချမ်းမြေ့ကြပါစေ
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။