မြန်မာနိုင်ငံမှာ ယနေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ပါ။ ဒီမှာတော့ မနက်ဖြန်မှ ပြည့်မှာဖြစ်ပြီး il (အီ) ပေါယနေ့ လို့ ခေါ်ပါတယ်။
သီတင်းကျွတ်လပြည့်ကျော် တစ်ရက်က စလာတဲ့ ကထိန်ရာသီလည်း ဒီနေ့ နောက်ဆုံးပါပဲ။ နှစ်စဉ် ကပ်နေကြ ကထိန်သင်္ကန်းတွေ ကပ်လှူကြတဲ့ အကြောင်း ကြားနေရတာ ၀မ်းသာစရာပါ။
အမြဲတမ်းကုသိုလ်ဆိုတာကို ဖွင့်ဆိုချင်တာက အဲလိုပါပဲ။ လုပ်နေကြ နေ့စဉ် သို့မဟုတ် လစဉ် နှစ်စဉ်အားဖြင့်ပေါ့။ လုပ်နေကြ ကုသိုလ်ကို အမြဲတမ်းကုသိုလ်လို့ ပြောချင်တာပါ။ ပါဠိလိုဆိုရင်တော့ အာစိဏ္ဏကံ လို့ ခေါ်ပါတယ်။
စာပေမှာ သေဆုံးခါနီး ကပ်ပြီးပြုတဲ့ ကုသိုလ်ကံ နဲ့ အမြဲတမ်းကုသိုလ်ကံ နှစ်မျိုးမှာ သေဆုံးခါနီး ကုသိုလ်ကံက အရင် အကျိုးပေးတယ်လို့ဆိုပါတယ်။ အဲ.... အဲဒီကံ မရှိဖူးဆိုရင်တော့ အမြဲတမ်းကံက အကျိုးပေးပါတယ်တဲ့။ ဥပမာကို နွားခြံထဲက နွားတွေနဲ့ တင်စားထားတယ်။ မနက်လင်းလို့ နွားခြံစဖွင့်ပြီ ဟေ့. ဆိုရင် အပေါက်ဝ နားရှိတဲ့ နွားက အရင်ထွက်ခွင့်ရပါတယ်တဲ့။ အဲ.. အပေါက်ဝက နွားက မထွက်နိုင်ဖူးဖြစ်နေရင်တော့ နောက်ကရှိတဲ့ ခွန်အားဗလနဲ့ ပြည့်တဲ့ နွားက အရင်တိုးထွက်သွားနိုင်ပါသတဲ့။ မှတ်သားစရာလေးပါပဲ။
ဒီတော့ အမြဲတမ်း ကံ ရဲ့ ဒီဘ၀မှာ အဆင်ပြေပုံလေးကို ပြောပြချင်ပါတယ်။
မိမိရဲ့ အသက် ၇၀ အရွယ် ဦးကြီးတစ်ယောက် ယခင် ၂၀၀၇ တုန်းက ဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် သုံးနှစ်သုံးမိုး ကြာအောင် သူငယ်ပြန်တဲ့ ရောဂါကို ခံစားသွားရပါတယ်။ ကလေးငယ်လိုပါပဲ သွားရေတရွှဲရွှဲနဲ့ပေါ့။ သူ့ဖိနပ် ပျောက်မှာ စိုးလို့တဲ့ ခါးမှာ ထိုးထိုးထားတာကို မနည်းပြောပေမယ့်လည်း အမှတ်သညာက လျော့သွားစမြဲပါပဲ။ အဆင်မပြေတာတွေ ပြောင်းပြန်ဖြစ်တာတွေ လုပ်တတ်လိုက်တာလည်း လွန်ပါရော လို့ သူ့မိသားစုက ပြန်ပြောပြပါတယ်။ ဒါပေမယ့် သူဟာ ညနေ ၄ နာရီကနေ ၅ နာရီဆို သူ့အခန်းထဲ ၀င်သွားပါပြီ။ ဘုရားရှိခိုး တင်ပလ္လင်ခွေလို့ တရားထိုင်ပါတော့တယ်။ မိသားစုဝင်တွေက ကျန်အချိန်တွေဆိုရင် သူတို့ ဖခင်ကြီး ဘာဖြစ်လေမလဲ၊ ဘာတလွဲတွေ လုပ်လေဦးမလဲဆိုပြီး အလုပ်တဖက်နဲ့ စောင့်ကြည့်ရလေ့ရှိတယ်။ အဲဒီတရားထိုင်ချိန် တစ်နာရီဝန်းကျင်ကတော့ ဘာမှ ပူစရာမလို။ သူအဲလို တရားထိုင်လေ့ရှိတာ အသက် ၅၀ ၀န်းကျင်ကတည်းက လို့ဆိုပါတယ်။ အခုထိ မပျက်ပါဘူးတဲ့။ သူဆုံးသွားတော့လည်း ပုံမှန်ပါပဲ။ အရာအားလုံးကို မျက်တောင်ဖွင့်ကြည့်ပြီး မျက်လုံး ပြန်မှိတ်သွားတာလောက်ပါပဲ။
ကျန်တဲ့သဘောတရားတွေထက် မိမိနားလည်မိတာက ဒါဟာ သူလေ့ကျင့်ထားတဲ့ နေ့စဉ်ဓမ္မရဲ့ စွမ်းအားပဲ။ အမြဲတမ်းကောင်းတဲ့ကံလေး လုပ်နေတော့ ပတ်ဝန်းကျင်လည်း အဆင်ပြေ သူ့အတွက်လည်း စိတ်အေးရတဲ့ အနေအထားလေး တခုပါ။
ဒါ့ကြောင့်... ကုသိုလ်တခုကို နေ့စဉ် သို့မဟုတ် ထာဝစဉ် ပြုနေကြသူများဖြစ်ပါစေ....
အရှင်တေဇနိယာလင်္ကာရ
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist5 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။