စာကြည့်တိုက်ဆိုတာ ပညာရေးဌာနတွေ တက္ကသိုလ်တွေ ကောလိပ်တွေအတွက် အလိုအပ်ဆုံးအရာဖြစ်ပါတယ်။ ဒါပေမယ့် အပြည့်စုံဆုံးစာကြည့်တိုက် တခုဖြစ်လာဖို့ဆိုတာကတော့ မလွယ်ကူလှပါဘူး။ ငွေကုန်ကြေးကျ အရမ်းများပါလိမ့်မယ်။ ဗုဒ္ဓစာပေ သင်ကြားလေ့လာတဲ့နေရာမှာ ဗုဒ္ဓစာပေနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေ ပြည့်စုံစွာရှိရင်လည်း အဲဒီတနေရာအတွက်တော့ အဆင်ပြေပါတယ်။ အောက်ကပုံတွေကတော့ ကေလနိယတက္ကသိုလ် (ဌာနခွဲ) စာကြည့်တိုက်ပါ။ စာကြည့်တိုက်မှာ စာအုပ်ပေါင်း ၁၄၀၀၀ ခန့်ရှိပြီး ၉၀ ရာခိုင်နှုန်းကတော့ ဗုဒ္ဓဘာသာစာအုပ်တွေပါ။ ပါဠိပိဋက ပုံနှိပ်စာအုပ်များကို မြန်မာ၊ ဆင်ဟာလ (သီရိလင်္ကာ)၊ အင်္ဂလိပ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဒေ၀နာဂရီ၊ တရုတ်ဘာသာ (Tasho edition) များဖြင့် ထားရှိပြီး နိုင်ငံတကာ ကျောင်းသားတွေ အလွယ်တကူ ဖတ်ရှုနိုင်အောင် စီစဉ်ထားပါတယ်။
စာကြည့်တိုက်ထုံးစံ မှီငြမ်းစာအုပ်၊ ငှါးရမ်းနိုင်တဲ့ စာအုပ်ဆိုပီး ခွဲခြားထားပြီး မိမိလိုချင်သည့်စာအုပ်ကို စာအုပ်နာမည်ကိုဖြစ်စေ၊ စာရေးဆရာနာမည်ကိုဖြစ်စေ ကောင်တာကို ပြောပြီး ရှာခိုင်းရင်လည်း ကွန်ပျူတာနဲ့ ရှာပြီး ညွှန်ပြပါလိမ့်မယ်။
ဒီပလိုမာ၊ အမ်အေ တန်းသမားတွေက ၃ အုပ်၊ M.Phil သမားတွေက ၄ အုပ်၊ Ph.D သမားတွေက ၇ အုပ် ငှါးရမ်းခွင့်ရှိပါတယ်။ စာကြည့်တိုက် အဖွဲ့ဝင်အဖြစ် မိမိပညာသင်နှစ် တခုပြီးဆုံးရင် ထပ်လုပ်ရပါလိမ့်မယ်။ ကျန်အတန်းတွေ အတွက်တော့ မသိပါ အမ်အေ သမားတွေအတွက်တော့ ရူပီး ၂၀၀၀ ပေးရပါတယ်။ မန်ဘာတွေအတွက် မိတ္တူကိုတော့ တမျက်နှာ ၃ ရူပီး နှစ်မျက်နှာ ၄.၅ ရူပီး ပေးရပါမယ်။ (အပြင်မှာတော့ တမျက်နှာ ၄၊ နှစ်မျက်နှာ ၇ ရှိပါတယ်)။ အင်တာနက် အသုံးပြုလိုက တနာရီ ရူပီး ၂၀၊ ပရင်တာ ထုတ်ရင် တမျက်နှာ ၁၀ ပေးရပါမယ်။ (အပြင်မှာ တနာရီ ရူပီး ၆၀) မိတ္တူကတော့ စာသစ်နှစ်စက ကောင်းပီး နှစ်ဝက်မှာ ပျက်လိုက် အခု နှစ်ကုန်ခါနီး နှစ်ပတ်အလိုမှ ကောင်းလာတာကိုကတော့ ကိုယ်တွေ့ပေါ့။
အင်္ဂလိပ်ဗားရှင်း စာအုပ်ဈေးတွေက မကိုင်ဝံ့စရာ ရှိနေတဲ့အချိန်မှာ ခုလို တနေရာတည်းမှာ ပြည့်ပြည့်စုံစုံရှိတဲ့ စာကြည့်တိုက်မျိုးတွေ ရှိနေတာ ကောင်းပါတယ်လို့ ထင်မြင်မိပါတယ်။Myanmar
sinhalese
combodian
Thai
English
Chinease
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။