ဆဋ္ဌသင်္ဂါယနာပွဲမှ ညောင်ရမ်းဆရာတော်နှင့် ၀န်ကြီးချုပ်ဦးနု
၁
၂
၃
၎
၅
၆
ဆဋ္ဌသင်္ဂါယနာ
=============
ပါဠိပျက်များကို စင်ကြယ်စေလိုခြင်း၊ ထိုစင်ကြယ်သည့် ပိဋကတ်မူများကို ပုံနှိပ်ပြီး ကမ္ဘာတွင် ပျံ့နှံ့စေလိုခြင်း၊ မြန်မာနိုင်ငံနှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံအားလုံး သာသနာတော်ကို ချီးမြှောက်လိုခြင်းတို့ကြောင့် အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ကြီးနှင့်တကွ သံဃာတော် ၅၀၀ က ရန်ကုန်မြို့ မဟာပါသာဏလှိုဏ်ဂူတွင် သမ္မတဒေါက်တာဘဦး၊ ၀န်ကြီးချုပ်ဦးနု အစရှိသော ဗုဒ္ဓဘာသာဝင်များ အထောက်အပံ့ဖြင့် သာသနာတော်နှစ် ၂၄၉၈၊ မြန်မာသက္ကရာဇ် ၁၃၁၆ ခု ကဆုန်လပြည့်နေ့မှစ၍ (၁၀) လ တိုင်တိုင် မြန်မာ သီရိလင်္ကာ ထိုင်း ကမ္ဘောဒီးယား လော နိုင်ငံတို့မှ ပိဋကတ်တော်များကို ညှိနှိုင်း သုဓ်သင်ပြီး နှုတ်ဖြင့် ရွတ်ဆိုခြင်း၊ စာအုပ်ရိုက်နှိပ်ခြင်းပြုလုပ်၍ သင်္ဂါယနာတင်တော်မူသည်။
ထိုသို့ ကြီးကျယ်ခမ်းနားသည့် သင်္ဂါယနာကို တင်နိုင်ခဲ့သော မြန်မာပြည်သည် ကမ္ဘာတွင် သာသနာအရာတွင် ထိပ်တန်းကရှိနေပါသည်ဟု ဆိုပါရစေ--
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
မှတ်ချက်
=========
အထက်ပါ ဓာတ်ပုံများကို-
http://www.pbase.com/unu/image/79381701 နှင့်
အောက်ပါစာအုပ်မှ ကူးယူထားခြင်းဖြစ်ပြီး မှားယွင်းမည်စိုး၍ ထိုင်းဘာသာကို ဘာသာပြန်ခိုင်းရာ ကူညီခဲ့သည့် ကမ္ဘောဒီးယား ရဟန်းတော် Pharith အားလည်း အထူးကျေးဇူးတင်ပါသည်။
ထို့ပြင် http://society.worldtipitaka.org/mds/content/blogcategory/29/50/
မူရင်းဝက်ဆိုက်ကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။
မှတ်တမ်းစာအုပ်
ဆဋ္ဌသင်္ဂါယနာမှတ်တမ်း အချက်အလက်များကို -
မာဃ၊ သင်္ဂါယနာသမိုင်းစုံ၊ တော်သစ္စာစာပေတိုက်- စာအုပ်မှ ကောက်နှုတ်ရေးသားပါသည်။
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။