ယခုနှစ်တွင် နှစ်စဉ်ကျင်းပလာခဲ့သည့် သာမဏေကျော်အထူးတရားပွဲ တဖြစ်လဲ ကထိန်အကြိုအထူးတရားပွဲ မကျင်းပဖြစ်ဟု ကြားရသည်။ စိတ်မကောင်းလည်း ဖြစ်မိသည်။ ပဲခူးမြို့သစ် ဖေါ်ထုတ်တော့ တောရွာဖြစ်တဲ့ ကျောက်တိုင်ကန်ကျေးရွာကလေးက ဥဿာမြို့သစ်ဖြစ်လာရသည်။ တောသားတို့သည် ချက်ချင်း မြို့သားဖြစ်ခွင့်ရသွားသည်။ ဆုံးရှုံးသူတွေ အမြတ်ထွက်သူတွေနှင့် ကောင်းကျိုးဆိုးကွက်တို့ကတော့ ဟိုတမျိုး ဒီတဖုံပါပဲ။
အဲဒီ မြို့သစ်ကလေးကို သာမဏေကျော် အမည်ရှိကျောင်းတိုက် လာတည်ထောင်တော့ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သည်။ ကျောင်းတိုက်ကလည်း သူတို့အတွက် ပေးဆပ်နိုင်သမျှ ပြုလုပ်ပေးနေသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ထိုအထဲတွင် အထူးတရားပွဲလည်း ပါဝင်သည်။ အဘယ့်ကြောင့်ဆိုသော် ယခင်က ကတ်ဆက်မှ တဆင့်သာ နာကြားဖူးကြသည့် နာမည်ကျော် ထင်ရှား ဓမ္မကထိက များ ကြွရောက်ဟောကြားသည့်တရားပွဲဖြစ်ပြီး ရပ်ကွက်သူ ရပ်ကွက်သားတို့ နာကြားခွင့်ရကြသောကြောင့်ဖြစ်သည်။ နာမည်ကျော်ဆရာတော်များတွင် ယောဆရာတော်၊ ဖြူးဆရာတော်၊ အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက၊ သီတဂူကြာတပွင့် အရှင်ခေမာသိရီလင်္ကာရ၊ အရှင်အာစာရာလင်္ကာရ၊ ဒေါက်တာအရှင်ကောဝိဒ တို့ ကြွရောက်ဟောကြားခဲ့ကြသည်။ ယခုနှစ်တွင် ထိုတရားပွဲ အစဉ်အလာလေး ပျက်ခဲ့သည်ဟု ကြားရသည်။ သို့ပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတို့အတွက်တော့ ယခုနှစ်တွင် နာဂစ်တိုက်ပြီးတော့ နာဂစ်အထူးတရားပွဲ ငါးည၊ ပြီးတော့ နာရေးကူညီမှု အသင်း အထူးတရားပွဲ ၃ ည နာကြားခဲ့ကြရသည်ဟု ဆိုသည်။ အစဉ်အလာ တခု ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်ဟုပဲ ပြင်ပြောရပေတော့မည်။ နှစ်စဉ်တရားတော်တွေထဲက ၂၀၀၀ ခုနှစ်ဝန်းကျင်က ယောဆရာတော် ဟောကြားသည့် “မေတ္တာပန်းခိုင် သုံးပွင့်ဆိုင်” တရားတော်ကို အမှတ်ရမိသည်။
ဆရာတော်က
“ဈေးဝယ်သူက မေးတဲ့ ခင်ဗျား ပျားရည် စစ်ရဲ့လား လို့ဆိုတဲ့ စကားကပျားကောင်ကို မယုံလို့ မေးတာ မဟုတ်ပါဘူးတဲ့။ လူကို မယုံလို့ မေးတာပါ” တဲ့။
ဒါလေးကို အမှတ်ရနေမိသည်။
ဒီတရားလေးကို အမှတ်ရတိုင်းလည်း ကိုယ့်ကိုကိုယ် ဖြူစင်သူတယောက် ဖြစ်ဖို့ သတိထားရန်သတိပေးနေသလို ခံစားရသည်။ စိတ်ဓာတ်တွေ ဖြူစင်နေဖို့ လိုပေသည်။
ဘုရားရှင်ကတော့ လူ့ဘ၀င်စိတ်ကလေးက နဂိုက ဖြူဖြူစင်စင်လေးပါတဲ့၊ ဒါကို ဧည့်သည် ရာဂ ဒေါသ မောဟ စိတ်တွေ အရောင်ဆိုးကြလို့ ညစ်နွမ်းကြရလေသည်ဟု (အင်္ဂုတ္တိုရ်၊ ဧကက) ဟောကြားတော်မူခဲ့သည်။
သဘောကျသူများလည်း ယူလိုက်ကြပါလေ။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။