ပြီးခဲ့တာကတော့ ကြာပါပြီ။ သို့ပေမယ့် ဒါလည်း (ကိုယ့်အတွက်တော့) ခုမှ ကြုံဖူးသည့် အထူးဆန်းတခုဖြစ်သဖြင့် သူများတွေလည်း သိစေချင်တာနဲ့ ရေးတင်မိသည်။ ဝေစက် (Vesak) ပွဲတော်နေ့ (ကဆုန်လပြည့်) (May-June) ပွဲတော် အကြောင်းပင် ဖြစ်သည်။
ကဆုန်လပြည့်နေ့ဆိုတာ -
ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ဖွားမြင်ခြင်း၊
ဘုရားအဖြစ်ရောက်ရှိခြင်း (သဗ္ဗညုတညာဏ်ရရှိခြင်း)၊
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း တို့ ဖြစ်ခဲ့တဲ့နေ့ထူးနေ့မြတ်ပါ။
မြန်ပြည်မှာတော့ ကဆုန်လပြည့် ဘုရားပွဲတော်လုပ်ကြတယ်။ ပဲခူးမှာတော့ မိမိတို့ကျောင်းတိုက်အနီးက ကျိုက်ပွန်လေးမျက်နှာ ဘုရားပွဲတော်ကျင်းပပါတယ်။ နှစ်တိုင်း လပြည့်နေ့မှာ မိုးရွာလေ့ ရှိပြီး ပွဲတော်အတွင်းမှာ ဘယ်သူတွေ ဘာဖြစ်သွားလို့ ဆေးရုံရောက်တယ်လို့လည်း ကြားရလေ့ရှိပါတယ်။
ညောင်ရေသွန်းပွဲတော်ကိုလည်း အချို့နေရာတွေမှာ ခန်းနားကြီးကျယ်စွာ ကျင်းပကြပါတယ်။
ဒါပေမယ့် သီရိလင်္ကာ၊ မလေးရှား၊ စင်္ကာပူတို့လို ဝေစက်ပွဲယနေ့ကျင်းပ ပုံမျိုးကိုတော့ ကျင်းပတာ မတွေ့မြင်မိတော့ မိမိအတွက်တော့ အထူးအဆန်းလေး တခုပါပဲ။
ကဲစကားပလ္လင်တော့ ခံပြီးသွားပါပြီ။ ခါတိုင်းလိုပဲ လင်္ကာမြေမှာ ကြုံတွေ့ရတဲ့ ဝေစက်ပွဲတော် အကြောင်းကို ဓာတ်ပုံများနဲ့ ပြောပြပါ့မယ်။
လမ်းဆုံ လမ်းမ လမ်းလေးခွမှာ ဇာတ်နိပါတ်တော်လာ ပုံတွေပါတဲ့ ဒါမျိုးတွေ ဆောက်ကြတယ်
အိမ်တွေမှာတော့ ဒီလိုချိတ်ဆွဲလို့ပေါ့
ဒါက အချင်းချင်း ဝေစက်နေ့အထိမ်းအမှတ် မေတ္တာနဲ့ ပေးပို့ကြဖို့ ရောင်းတဲ့ ပို့စကတ် ဆိုင်
ဝေစက်နေ့ နီးပြီဆိုတာနဲ့ ဒီလို ပြင်ဆင်ပြီး ရောင်းနေကြပါပြီ။ မိမိတို့ မြန်ပြည်မှာ သီတင်းကျွတ်ရောင်းသလိုမျိုး လမ်းဘေးမှာ မီးပုံးတွေ အစီအရီရောင်းနေကြပါပြီ
စတုဒိသာမဏ္ဍပ်ပါပဲ။ မဏ္ဍပ်ထိပ်မှာ ဘာသာလေးခု တံဆိပ်တွေ ထောင်ထားတာတော့ တွေ့မှာပေါ့။ ဘာသာမရွေး ၀င်စားလို့ရတယ်ဆိုတာ သိအောင်လို့ပါတဲ့။
အလံများဖြင့် တန်ဆာဆင်ထားသည့် လမ်းနှင့် စတုဒိသာ မဏ္ဍပ်
ပွဲတော် စပြီ။ လမ်းဆုံတွေက မဏ္ဍပ်များ
မဏ္ဍပ်များပါပဲ။
(စပါးပုံ စေတီခေါ်တဲ့) ကေလနီဘုရား မီးထွန်းပူဇော်ထားစဉ်
ကေလနီသိမ်ဝန်းရှိ ဗောဓိညောင်ပင်မှ ဘုရားကို ဖူးမျှော်နေသည့်ပရိသတ်များ။ ဟဲ...ဟဲ တခါတလေကျတော့ အသားမဲမဲ ဆံပင်ကောက်ကောက် ဗိုက်ခေါက်ထူထူ ကုလားမကိုမှ ကြည့်ချင်သူတွေ ရှိနေဦးမှာ။
ဒါက ကေလနီသိမ်ဝင်းထဲက မဏ္ဍပ်
မြန်ပြည်က ဘုရားများ
ပေတလို့ ခေါ်တဲ့ ဒီနားတ၀ိုက်က အစည်ကားဆုံးပဲ။ ကန်ပတ်ပတ်လည်မှာ ပြခန်းတွေချည်းပါပဲ။ ခြေတိုအောင် ပတ်ခဲ့ရတယ်။ ကဲအောက်ကပုံတွေကြည့်ပေတော့.......
ပြကွက်များ
မလှဖူးလားဗျာ။ ငါတို့ဆီမှာ မီးပုံမှန်လာရင် ငါတို့လည်း ထွန်းနိုင်ပါတယ်လို့ ပြောမှာလားးးးးးးးးးးးးးး
လှသလိုပဲ
အုန်းခွံများဖြင့် လုပ်ထားသည့် ကြာပန်း
ပြခန်းတွေထဲက အကြိုက်ဆုံး လက်ရာတခုပါပဲ။ ထိုင်တော်မူပုံရယ်- ဖွားတော်မူပုံရယ်- ပရိနိဗ္ဗာန်စံတော်မူပုံရယ် တခုတည်းမြင်ရအောင် လုပ်ထားတာပါ။ လင်္ကာသားတွေက တခါတခါ ကြွားတတ်ကြတယ်။ သူတို့က အနုပညာအမြင် သိပ်ရှိတယ်ဆိုပဲ။
ဒါလည်း သဘာဝ ပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ဖွား ပွင့် စံ ပြကွက်တခုပါပဲ။
Air tel ဖုန်းကုမ္မဏီ ၏ မီးအလှဆင်ရင်း ကြော်ငြာသွားတာ။ စီးပွားရေး သမားများကလည်း အဲလို အဲလို....
ဗုရုမာ ဘုရား ခြေတော်ရာနှင့် ဗုရုမာ ဘုရားဆင်းတုတော်။ ဒီကလူတွေက မြန်မာတွေကို ဗုရုမာလို့ ခေါ်ကြတယ်လေ။
ဓမ္မတေးဆိုနေသည့် မဏ္ဍပ်။
All Ceylon Buddhist Center (ACBC) ထဲမှ ပြခန်း
ကဲ ဒီပုံလေးကတော့ နှုတ်ဆက်ပေါ့။ ရေထဲမှာ ကြာပန်းပုံလုပ်ထားပြီး မီးထွန်းထားပါတယ်
ပုံလေးတွေ ကြည့်ပြီး သင့်အတွက် စိတ်အပန်းဖြေစရာ တခု၊ ဗဟုသုတဖြစ်စရာ တစ်ခု ဖြစ်ပါစေလို့-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။