အရှိန်အဟုန်မြင့် ကားတို့ခေတ်စားလာချိန်တွင် အ၀ိုင်း(circle)တွေ အထပ်လမ်းတွေ ခေတ်စားလာရသည်။ အမြန်လမ်း (Highway) လမ်းတွေ လိုလာသည်။ မဖြစ်သာလို့သာ ဖြတ်လမ်း (cross) မှာ မီးပွိုင့်တွေထားရသည်။ ကားသမားတိုင်း မကြိုက်၊ စီးသူတိုင်း ငြီးတွားကြသည်။ အ၀ိုင်းပတ်လမ်းတွင်တော့ အဆင်ပြေသည်။ ကြိုက်ကြသည်။
ထိုအ၀ိုင်းတို့ကို ပန်းပွင့် ပန်းပင်များ၊ အထိမ်းအမှတ် ရုပ်တုများ၊ ဆွမ်းအုပ်များ၊ ပတ္တမြားတုံးများ၊ မီးဆိုင်းမီးပန်းများဖြင့် တန်ဆာဆင်ကြသည်။ အဝေးကကြည့်လျင် သာယာသည့် ရှုခင်းအဖြစ် မြင်နိုင်ရန် ဖြစ်သည်။
ကိုလံဘိုမြို့ အ၀ိုင်းများတွင်တော့ ညောင်ပင်ကို ပတ်ထားသည်ကို အများအားဖြင့် တွေ့ရမည်ဖြစ်သည်။ ညောင်ပင်ရိပ်တွင် ဗုဒ္ဓမြတ်စွာ၏ သမာဓိရုပ်ပွားတော်ကို ကြည်ညိုစွာ ဖူးတွေ့ရမည် ဖြစ်သည်။ ထိုသို့ အ၀ိုင်းတွင်သာမက ဖြတ်လမ်း (cross) ထောင့်တွင် လည်း သမာဓိရုပ်ပွားတော်များကို ဖူးတွေ့ရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ကြည်ညိုချမ်းမြေ့စရာ မြင်ကွင်းပင်ဖြစ်သည်။
ကိုလံဘိုလေဆိပ်အတွက် မြို့ထဲကို ၀င်လာတော့ ဗောဓိညောင်ပင်နဲ့ သမာဓိရုပ်ပွားတော်ကို အရင်ဆုံးဖူးတွေ့ရမည်ဖြစ်သည်။ ကောင်းပါသည်ဟု ဆိုရပါမည်။
မြန်မာပြည်ကို ပြန်လျင် အလျင်ဆုံးကောင်းကင်ယံမှ မြင်ရမည်မှာ ရွှေတိဂုံဘုရားဖြစ်ပြီး နောက်ဆုံးနှုတ်ဆက်မြင်ရမည်မှာလည်း ရွှေတိဂုံဘုရားပင်ဖြစ်လိမ့်မည်။ မြင်လျင်ဝမ်းသာ ကွယ်လျင် ၀မ်းနည်းဟု ပြောရပေလိမ့်မည်။
ရထားနဲ့သွားသွား ကားနဲ့ဝင်ဝင် ပဲခူးမြို့ထဲကို ၀င်ပြီဆိုလျင် အလျင်ဆုံး မြင်တွေ့ရမည်မှာ ရွှေမော်ဓောစေတီတော်ကြီးဖြစ်သည်။
မန္တလေးမြို့ကို ရထားနဲ့သွားလျင်တော့ အဲဒီမှာ အဲဒီမှာ မဟာမြတ်မုနိဘုရား မဟာမြတ်မုနိဘုရားလို့ အမောတကော ပြောလို့ အပြေးအလွှား ပြူတင်းပေါက်နား ကပ်ဖူးရတာလည်း အကောင်းဆုံးထဲက တခုပါပဲ။
မော်လမြိုင်ဆိုလျင် ကျိုက်သလ္လံစေတီတော်ပေါ့။ တောင်ကုန်းတောင်ထွတ်တွေပေါ် မြင့်မြတ်တဲ့ စေတီတော်တွေ ဆင်းတုတော်တွေ တည်ထားတော့ ဗုဒ္ဓသာသနာကို ကြည်ညိုသူတွေ စိတ်ထဲမှာ ကြည်နူးစိတ်တွေ ချမ်းမြေ့စိတ်တွေ တဖွားဖွားဖြစ်လိုက်တာ။ တည်ထားခဲ့သူတွေကို ကျေးဇူးတင်လိုက်တာ။
ခုတော့ ကိုလံဘိုမြို့ထဲက အချို့အ၀ိုင်းတွေကို ဓာတ်ပုံနဲ့ ပြမယ်ဗျာ..ကိုလံဘိုအ၀င် သမာဓိရုပ်ပွားတော် (ဝေစက်နေ့ ညပိုင်း မြင်ရစဉ်)
ဂါမဏီဟော အ၀ိုင်း
ဝေစက်နေ့မတိုင်ခင် သာသနာ့အလံဖြင့် တန်ဆာဆင်ထားသည့် အ၀ိုင်းတခု (နေ့စဉ် ဖြတ်သွားနေပေမယ့် နာမည်ကိုတော့ မသိ)
Have lock လမ်းနှင့် Height level လမ်းဆုံ
height level လမ်းမှ Have lock လမ်းသို့ ဖြတ်လမ်းဆုံ
Borella junction
Nugegoda လမ်းဆုံ
ဒါလဲ Borella junction ပါပဲ။ (နာမည် တူ နှစ်ခုဖြစ်နေပါသည်။ သေချာအောင်ထပ်စုံစမ်းပါဦးမည်)
kandy
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။