“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = အလှူအားလုံးတွင် တရားအလှူသည် အမြတ်ဆုံး”
ဟောဒီကမ္ဘာမြေကြီးကနေ အထက်ဗြဟ္မာပြည်အထိ လှူတန်းဖွယ်ရာများ အပြည့် ဘုရားရှင် အစရှိသော အရိယာ သံဃာတော်များကို လှူလို့ရတဲ့အကျိုးတရားထက် အဲဒီအလှူမှာ ဟောကြားတဲ့ တရားတပုဒ်က ပိုမြတ်ပါတယ်။
ဘာ့ကြောင့်ပါလိမ့်-
ယခုလို အလှူလုပ်ခြင်းဟာ တရားကို နာဖူးလို့တာ လုပ်တာဖြစ်ပြီး တရားတော်ကို မနာယူဖူးလျင် ပြုလုပ်မှာ မဟုတ်လို့ ဖြစ်ပါတယ်။
အကယ်လို့သာ သတ္တ၀ါတွေဟာ တရားကို မနာယူရဖူးဆိုရင် ဆွမ်းတဇွန်းတောင်မှ လောင်းမှာ မဟုတ်ပါဘူးလို့ ဘုရားက ဟောခဲ့ပါသည်။
ပညာပါရမီအရာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်တောင် သူ့ဆရာအရှင်အဿဇိ မထေရ်မြတ်ထံက တရားနာရလို့သာ တရားထူးရ (ရဟန္တာဖြစ်) ခြင်းဖြစ်ပေသည်။ (ဘုရားရှင်ကလွဲလျင် သာဝကများသည် ပရတောဃောသ သူတပါးကြွေးကြော်ခြင်း- နှိုးဆော်ခြင်းမှ ကင်းပြီး တရားထူး မရနိုင်ပေ)
ထို့ကြောင့် တရားနာရခြင်း၊ သို့မဟုတ် တရားကို ပေးလှူခြင်းသည် အလှူတကာ အားလုံးထက် အမြတ်ဆုံး ဖြစ်ရလေသည်။
မှတ်ချက်။ ။ဓမ္မပဒအဋ္ဌကထာ၊ သက္ကပဥှသုတ် လာ စာသားများကို အတိုချုပ် ရေးထားခြင်းဖြစ်ပါသည်။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist9 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-
စာတန်ခိုး
|
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
*ပဓာန နာယက ဆရာတော်*
တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။


