အမ္ဗုလု၀၀ အတက်လမ်းရှိ ရှုခင်းလှလှနှင့် ကြည်ညိုဖွယ်ရာ သမာဓိဆင်းတုတော်
တောင်ပေါ်ရှိ ဘာသာကြီးလေးခု အထိမ်းအမှတ် ဗောဓိပင်၊ ချက်ကြောင်း၊ ဟိန္ဒူဘုရားကျောင်း နှင့် ဗလီ
အထိမ်းအမှတ် ကျောက်စာ
အတက်လမ်း လမ်းကွေ့တိုင်းတွင် တွေ့ရသည့် ဘာသာကြီးလေးခု အလံများလွှင့်ထူထားရာ တိုင်များ (ယခုအခါ အလံများ စုတ်ဆွေးနေသဖြင့် မမြင်နိုင်ပါ)
ဗုဒ္ဓဘာသာ မျှော်စင်တိုင်။ အရမ်းမြင့်မားပြီး ညောင်းနေအောင် တက်ရပါသည်။ (အခြားဘာသာများအတွက်လည်း အဲလို မျှော်စင်များ ရှိပါသည်)
မျှော်စင်ပေါ်အနောက်ဘက်ခြမ်းမှ တောင်ကြားမြို့လေး။ အဲဒီမြို့လေးကို ရထားလဲရောက်၊ ကားလည်းပေါက်ပြီး ကိုလံဘိုမြို့နဲ့ မခြားအားလုံး ရနိုင်တယ်သိရတော့ အော် အော်.... ကံကောင်းလိုက်ကြတာပေါ့။
======================================
အမ္ဗုလု၀၀ ကနေ ခရီးဆက်ဖြစ်တာကတော့ ပန်းမြို့တော်လို့ ခေါ်ရမယ့် နုဝရအိလိယမြို့ (Nuwara Eliya City) ဖြစ်ပါတယ်။ နုဝရ အိလိယ= ဆိုတာ အလင်းရောင်မြို့တော်လို့ အဓိပ္ပါယ်ထွက်ပါတယ်တဲ့။
နိုင်ငံနဲ့ ယှဉ်ကြည့်ရင် အလယ်ခေါင်ကျတဲ့ ဟိုက်လန်း (Highland) ကုန်းမြင့်ဒေသမှာ တည်ထားတာဖြစ်ပါတယ်။ လဘက်တွေ အများဆုံးထွက်တဲ့နေရာဖြစ်လို့ တီး(Tea) ဒေသအဖြစ်လည်း ထင်ရှားပါတယ်။
အဲဒီမြို့မှာ ပန်းတွေ ဝေနေပြီး အေးစိမ့်နေလို့ နေစရာ အလွန်ကောင်းလို့ ပြောရပါမယ်။
အဲဒီမြို့လေးကို ၁၉ ရာစုခေတ်က ကိုလိုနီ ဗြိတိရှတွေ တွေ့ခဲ့တာလို့လည်းဆိုတယ်။ ယနေ့တိုင်လည်း ကိုလိုနီခေတ် ရှေးအင်္ဂလိပ်စတိုင် အဆောက်အဦးတချို့ကိုလည်း တွေ့နေရပါသေးတယ်။
ရာသီဥတုကတော့ အေးစိမ့်စိမ့်ရှိပြီး နွေဦးရာသီလတွေမှာ အတော်ချမ်းတုံပြီး ညသန်းခေါင်ယံဆို နှင်းခဲတွေ ကျလေ့ရှိတယ်လို့ ဆိုပါတယ်။ ကဲဗျာ... ဓာတ်ပုံတွေနဲ့ ခရီးထွက်ကြည့်ရအောင်လားဗျာ.....နုဝရ အိလိယမြို့ (Nuwara Eliya City) ကားဝင်းနှင့် ကိုလိုနီခေတ် အဆောက်အဦးများ၊
လှေခါးထစ်မြို့လေးလို့လည်း ဆိုရမလား
လဘက်ခင်းများ
ခဏတည်းခိုခဲ့သည့် ညီလေးတို့အိမ်ထဲက ပန်းခင်း
နုဝရ အေလိယမြို့ထဲမှာ နေ့လည်စာစားပြီးတော့ ဆက်သွားဖြစ်တာက Hakgala ရုက္ခဗေဒဥယျာဉ် (Hakgala Botanical Garden) ကိုပါပဲ။ ၁၈၆၁ - ခုနှစ်ကတည်းက တည်ထားတာဖြစ်ပြီး အံ့သြစရာ အပင်မျိုးမတွေ့ခဲ့ရပေမယ့် ပန်းလှလှတွေ ပျော်နေကြသူတွေ တွေ့ရတော့လည်း အပန်းပြေ စိတ်လန်းဆန်းခဲ့ပါတယ်။
ပန်းခြံထဲ ခြေညောင်းအောင် လျောက်ပြီးတော့ စေတီပဒ ဆီ သုတ်ခြေတင်ခဲ့သည်။ တောတောင် ရှုခင်း အလှအပတွေ ကြည့်ရင်းပေါ့။ တမျှော်တခေါ်လဘက်ခင်းတွေ တောင်ကြောတလျောက် ကွေ့ပတ်သွားနေတာတွေ၊ တောင်အောက်က ရွာငယ်က အုတ်ကျွတ်မိုး အိမ်ခေါင်မိုး ၀ါဝါလေးတွေ၊ တခါတရံတွေ့ရတဲ့ ထင်းရှုးတန်းတွေက လမ်းကြောတလျောက် ဆွဲဆောင်နေပါတယ်။ ခဏနေတော့ တီးနန်းတော်နားမှာ ရေတံခွန်ကြည့်ရင်း အညောင်းဆန့်ဖို့ ခရီးတထောက်နားခဲ့တယ်။ တီးနန်းတော် (Tea Cristal)
ဗဟုသုတ ပြည့်ဝကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။