ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

-
ဓမ္မစေတီမင်းလက်ထက်က သီဟိုဠ်သို့လာရောက်ပြီး ရဟန်းခံ၊ ပြီးလျင် ထိုစဉ်က ရာမည (မြန်မာပြည်)ပြန်ပြီး သိမ်သမုတ်ခြင်းကိစ္စများကို ပြုခဲ့ကြသည်- စသည်ဖြင့် သီရိလင်္ကာ-မြန်မာ သာသနာရေး ဆက်ဆံမှု အကြောင်းကို သီရိလင်္ကာမှသည် ပဲခူးဆီသို့ လို့ရေးခဲ့ပြီးဖြစ်သည်။ ယခုအခါ မြန်မာပြည်သို့ လာရောက် ရဟန်းခံပြီး သီရိလင်္ကာသို့ ပြန်ကာ သာသနာပြုကြသည့် မထေရ်များ အကြောင်းကို ရေးမည်ဖြစ်သဖြင့် မြန်မာမှသည် လင်္ကာဆီသို့လို့ ခေါင်းစီးတပ်လိုက်ရသည်။

ရွှေနိုင်ငံခေါ် သုဝဏ်ဏဘုမ္မိကို အသောကမင်းတရားလက်ထက်ကတည်းက သီဟိုဠ်နိုင်ငံသား သောဏထေရ်နှင့် ဥတ္တရထေရ်တို့ ဗုဒ်ဓသာသနာတော်ဖြန့်ဖြူးဖို့ ကြွရောက်ခဲ့ကြသည်- ထို့နောက် မကြာခဏ ဘုရားဖူးသွားကြခြင်း၊ စာပေအသိညာဏ်ဆိုင်ရာ ဖလှယ်ခြင်းတို့ကို မြန်မာပြည် ရာမညနှင့် ဆက်သွယ်ခဲ့ကြသည်။ ထိုဆက်သွယ်မှု ခိုင်မာလာပြီး ၁၀ ရာစုတွင် ဘုရင်ဝိဇယဗာဟု ၁ (1055-1110)က အထက်မြန်မာပြည်ကို ရဟန်းတော်များ စေလွှတ်ခဲ့တယ်လို့ ဟု prof De Silva က ဆိုပါတယ်။

မြန်မာရဟန်းတော်များ ကေလနီ ရေသိမ် ၀င်နေပုံ
၁၂ ရာစုမှာတော့ မြန်မာပြည်က ရဟန်းတော်များ ရဟန်းခံဖို့ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

AD 1799 မှာတော့ သီရိလင်္ကာရဟန်းတော် မထေရ် အမ်ဗဂစပိတိယေ နာနာဝိမလ တိဿ (venerable Ambagaspitiye Na:navimala Tissa)က မြန်မာပြည်ရှိ အမရပူရကို ရဟန်းခံဖို့ ကြွရောက်ခဲ့ပြီး 1803 ခုနှစ်မှာတော့ သီရိလင်္ကာပြန်လာပြီး အမရပူရနိကာယ (ဂိုဏ်း) တည်ထောင်ခဲ့ပါတယ်။
1862 မှာလည်း မထေရ် အမ်ဗဂဟ၀တ်တေ သိရီ စ၇နန်ကရ (venerable Ambagahavatte Siri Sarananakara) က မြန်မာပြည်ရှိ ရာမညနှင့် ဆက်သွယ်ပြီး တတိယမြောက် ရာမညနိကာယ (ဂိုဏ်း)ကို တည်ထောင်ခဲ့ပါတယ် လို့ - lanka the land of kings စာအုပ်မှာ ဆိုပါတယ်။

အထိမ်းအမှတ် တံဆိပ်
တံဆိပ်ခေါင်း
သီရိလင်္ကာ စာတိုက်ဌာနကတော့ 1861 june 21 ရက် ရတနာပုံမှာ ရဟန်းခံခဲ့တယ်လို့ ဆိုခဲ့ပြီး 2006 က ၆၅နှစ်မြောက် အထိမ်းအမှတ်အဖြစ် စာတိုက်တံဆိပ်ခေါင်း ထုတ်ဝေခဲ့ပါတယ်။

စာကြွင်း=
အထက်မှာ တတိယမြောက် ရာမညဂိုဏ်းလို့ ဆိုရခြင်းမှာ သီရိလင်္ကာမှာ အမရပူရဂိုဏ်း၊ စိယံ ဂိုဏ်း (ထိုင်း)၊ ရာမညဂိုဏ်းရယ်လို့ သုံးခုရှိပါတယ်။ စိယံဂိုဏ်းဆိုတာက 1505 မှာ ပေါ်တူဂီတွေ သီရိလင်္ကာကို သိမ်းတော့ ရဟန်းခံခွင့် မပေးတော့ပါဘူး။ ဒါပေမယ့် စိယံ (siam) (thailand) ဘုရင်က မထေရ်ဥပါလိအမှူးရှိ သံဃာများကို သီဟိုဠ်လွှတ်ပြီး သာမဏေ ဝေလိဝိတ သရဏံကရ (Samanera Welivita Saranankara) ကို 1856 june 22 မှာ ကေလနီ ရေသိမ်မှာ ရဟန်းခံပေးခဲ့ပါတယ်။ ဒိနောက်မှာတော့ တဖြည်းဖြည်းနဲ့ သံဃာတိုးပွားလာပြီး စိယံဂိုဏ်းရယ်လို့ ဖြစ်လာခဲ့ပါတယ်။
စိယံဂိုဏ်း 250 ပြည့်
ဒါ့ကြောင့် 2006 ခုနှစ်မှာတော့ နှစ်ပေါင်း 250 ပြည့် အထိမ်းအမှတ်အဖြစ် စာတိုက်ဌာနက စာပို့တံဆိပ်ခေါင်းထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

ဗဟုသုတ တိုးပွားကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)