ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

-
-











သထုံမြို့က မွန်မင်းသားနှစ်ပါးက ၆ ရာစုခန့်ကတည်ထောင်ခဲ့တဲ့ ဟံသာဝတီနေပြည်တော် တဖြစ်လဲ ပဲခူးမြို့ဟာ ရန်ကုန်ကနေ ကီလိုမီတာ ၈၀ ခန့်ကွာဝေးပြီး လူဦးရေ ၂၄၀၀၀၀ ခန့် နေထိုင်ကာ အကျယ်အ၀န်း ၄၉၇၈၇ km^2 (လေးဒေါင့်စပ်ကီလိုမီတာ)ရှိသည်။ ယခင်ကတော့ မြန်မာပြည်၏ စတုတ္ထအကြီးဆုံးဖြစ်သည့် ထိုမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ကျော်က တည်ဆောက်ထားသည့် ကလျာဏီသိမ်တော်ကြီးလည်းရှိသည်။ ကိုယ်ပိုင်ပဲခူးလီယန်ဘာသာ(မွန်)စကားရှိတဲ့ ပဲခူးမြို့ရှိ ကလျာဏီသိမ်တော်ဟာ ပေါ်တူဂီတွေကြောင့် ၁၅၉၉ မှာ မီးလောင်ခဲ့သလို- ၁၇၅၇ မှာ မွန်တွေကို နှိမ်နင်းရင်း မြို့သိမ်းတိုက်ပွဲမှာ အလောင်းဘုရားကြောင့် ပျက်စီးခဲ့၊ ၁၉၃၀ မှာလည်း ငလျင်ဘေးကြောင့် ပြိုကျခဲ့ပြီး ယခုနောက်ဆုံးအဆောက်အအုံကတော့ ၁၉၅၄ က ဆောက်ထားပါသတဲ့။ ရှုပ်ထွေးသည့် သမိုင်းကြောင်းတွေထဲမှာ အဦးဆုံးဖြစ်ပေါ်ခဲ့ပုံလေးကို မွန်ကျောက်စာတွေက ဖေါ်ပြထားပုံမှာ-

ဗညားထောဘွဲ့ခံ ဘုရင်မ ရှင်စောပု (၁၄၅၃-၇၂) သည် ကျိုက်မရော ဘုရား တည်ပြီးသဖြင့် ဘုရားမှာ မြေလှူ (မွန်ချုပ် ၆၁) ၁၄၅၇။

ဗညားထောသည် သမက်တော် ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီကို ပြည်ရေးရွာမှု စီမံရန်လွှဲ (မွန်ချုပ် ၆၁) ၁၄၅၈။

ရာမာဓိပတိသည် ရာမည ဒေသတွင် သာသနာ သန့်စင်ရေး ဆောင်ရွက်ရန် ကြံရွယ် (ကလျာ ၅၉) ၁၄၆၁။

(၁၄၇၂။ ရာမာဓိပတိ (၁၄၇၂-၉၂) မင်းအဖြစ် ဆက်ခံ။) ၁၄၇၅။

ရာမာဓိပတိသည် သာသနာကို ပြုပြင်လိုက သိမ်သမုတ်ခြင်းက စတင် ဆောင်ရွက်ရမည်ဟု သဘောပေါက်လျက် မောဂ္ဂလန် မဟာထေရ် အမှူးရှိသော သံဃာ နှစ်ဆယ့် နှစ်ပါးတို့နှင့် တိုင်ပင် (ကလျာ ၆၆ ၊ ၆၉) ၁၁ ဇန်နဝါရီ ၁၄၇၆။

သာသနာ ပြုပြင်ရေး အတွက် မောဂ္ဂလန် မထေရ်နှင့် ရဟန်း ဆယ်ပါးသည် ရာမဒူတ သင်းဘောစီးလျက် ယောဂ မြစ်ဝမှ သီဟိုဠ်သို့ စထွက် (ကလျာ ၇၂) ၂၂ ဇန်နဝါရီ ၁၄၇၆။

သာသနာပြုပြင်ရေး အတွက် သီဝလိနှင့် ရဟန်း ဆယ်ပါးသည် စိတြဒူတ သင်းဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့ စထွက် (ကလျာ ၇၂) ၁၆ ဖေဖော်ဝါရီ ၁၄၇၆။

သီဝလီမဟာထေရ်တို့ ကလမ္ဗူဆိပ်ရောက်၊ ဘုဝနေကဗာဟု မင်းကို အကြောင်းကြား (ကလျာ ၇၂)
၂၃ ဖေဖော်ဝါရီ ၁၄၇၆။

သီဝလီမထေရ်တို့ကို ဘုဝနေက ဗာဟုမင်းက ကြိုယူ။ မထေရ်တို့ အနုရာဓမြို့သို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွာ (ကလျာ ၇၂) ၃ မတ် ၁၄၇၆။

မောဂ္ဂလန် မထေရ်နှင့် ရဟန်း ဆယ်ပါးတို့ စီးသော သင်းဘောသည် လေလှိုင်းမိ၍ ဆင်းရဲ ငြိုငြင်စွာဖြင့် ဝလ္လိရာ ဆိပ်တွင် ဆိုက်၊ ဂေါယုစီ ခေါင်းဆောင်သည့် သူပုန်တို့ သောင်းကျန်းသော ဒေသဖြစ်ခြင်းကြောင့် ခရီး မဆက်ဝံ့သဖြင့် ခေတ္တ ဆိုင်းငံ့နေရ (ကလျာ ၇၃) ၆ မတ် ၁၄၇၆။

ကျိုက်ပွန်ဘုရား တည်ခြင်းစ (မွန်ချုပ် ၆၆) ၇ ဧပြီ ၁၄၇၆။

မောဂ္ဂလန်အဖွဲ့ ခရီးဆက် (ကလျာ ၇၃) ၁၃ ဧပြီ ၁၄၇၆။

မောဂ္ဂလန်အဖွဲ့ ဇယဝဋမြို့ရောက်၊ ဘုဝနေကဗာဟုက ကြိုယူ (ကလျာ ၇၃) ၆ ဇူလိုင် ၁၄၇၆။

သီဝလိအဖွဲ့နှင့် မောဂ္ဂလန် အဖွဲ့ ပူးပေါင်းမိပြီ ဖြစ်သောကြောင့် စွယ်တော်ကို ဖူးမျှော်ရန် တိုက်ဖွင့်ပေး (ကလျာ ၇၃) ၁၆ ဇူလိုင် ၁၄၇၆။

ရာမညလာ ရဟန်းတို့ကို လူဝတ်လဲ၍ သာမဏေ ဝတ်စေပြီးမှ မထေရ်ငါးပါးကို ဦးစွာ ရဟန်းခံ၍ ပေး (ကလျာ ၇၄) ၁၇ ဇူလိုင် ၁၄၇၆။

နောက်ထပ် ဆယ်ပါး ရဟန်းခံ (ကလျာ ၇၅) ၁၈ ဇူလိုင် ၁၄၇၆။

နောက်ထပ် ဆယ်ပါး ရဟန်းခံ (ကလျာ ၇၅) ၁၉ ဇူလိုင် ၁၄၇၆။

မူလဆရာတော် နှစ်ဆယ့်နှစ်ပါးတို့၏ နှစ်ဆယ့်နှစ်ဦးတို့ ရဟန်းခံ (ကလျာ ၇၅) ၃ စက်တင်ဘာ ၁၄၇၆။

သီဟိုဠ်မှ ပြန်ခဲ့သည့် မောဂ္ဂလန်အဖွဲ့ ယောဂမြစ်ဝသို့ ဝင်၊ တဂုံမှာ ခေတ္တနားရန် ရာမာဓိပတိက စီမံ (ကလျာ ၇၇) ၂၅ စက်တင်ဘာ ၁၄၇၆။

ရွှေတိဂုံမှာ ခေါင်းလောင်းကြီး လှူရန် ရာမာဓိပတိ ပဲခူးက ထွက် (ကလျာ ၈ဝ) ၃ဝ စက်တင်ဘာ ၁၄၇၆။

တဂုံသို့ ရောက်နှင့်ပြီးသော သီဟိုဠ်ပြန် မောဂ္ဂလန်အဖွဲ့ကို ရာမာဓိပတိက ရွှေတိဂုံကုန်းသို့ ပင့်၍ ဆွမ်းကပ် (ကလျာ ၈ဝ) ၂ အောက်တိုဘာ ၁၄၇၆။

အချိန် သုံးထောင်ရှိ ခေါင်းလောင်းကြီးကို ရွှေတိဂုံမှာ ရာမာဓိပတိက ဆွဲလှူ (ကလျာ ၇၇ ၊ ၈ဝ)
၃ အောက်တိုဘာ ၁၄၇၆။

တဂုံရှိ သံဃာကုန်ကို ရာမာဓိပတိက ဆွမ်းကပ် (ကလျာ ၈ဝ) ၆ အောက်တိုဘာ ၁၄၇၆။

ရာမာဓိပတိ တဂုံမှ ပဲခူးသို့ ပြန် (ကလျာ ၈ဝ) ၁ဝ အောက်တိုဘာ ၁၄၇၆။

ရာမာဓိပတိ ပဲခူးသို့ ရောက် (ကလျာ ၈ဝ) ၁၂ အောက်တိုဘာ ၁၄၇၆။

သီဟိုဠ်ပြန် မထေရ်တို့ ပဲခူးသို့ ရောက်လာသည်ကို မင်းက ကြိုယူ (ကလျာ ၈ဝ) ၂၂ နိုဝင်ဘာ ၁၄၇၆။


သီဟိုဠ်ပြန် မထေရ်တို့နှင့် တိုင်ပင်လျက် သိမ်သစ် သမုတ်ရမည့် နေရာကို ရွေးချယ်ရာ နရသူရ အမတ်၏ ကွမ်းသီးခြံ၏ အနီးရှိ မြေကွက်ကို တွေ့ရှိ၍ အကြိုက်ညီ သဖြင့် ထိုနေရာ၌ သိမ်းသမုတ်ရန် ပြင်ဆင် (ကလျာ ၈၄) ၂၃ နိုဝင်ဘာ ၁၄၇၆။

သိမ်သစ် သမုတ်၍ ကလျာဏီသိမ်ဟု အမည်ပေး (ကလျာ ၈၄။ ၉၄၊ ၉၈)
၂၄ နိုဝင်ဘာ ၁၄၇၆။

သိမ်သစ်မှာ ရဟန်းခံမည့် သူများကို သုဝဏ္ဏ သောဘဏ မထေရ်က ဥပဇ္ဈယ်ပြု၍ အကြိမ်ကြိမ် ရဟန်းခံပွဲများ စလုပ်၊ ရဟန်းခံပွဲများမှာ အစုစု သုံးနှစ်ကြာ၊ ရဟန်းကြီး အပါး ၈ဝဝ၊ ရဟန်းငယ် ၁၄၂၆၅ ပါး ရဟန်းခံပြီး (ကလျာ ၈၈ ၊ ၉၂) သာသနာ ပြုပြင်ရေး အကြံအစည်မှာ နောင် တဆယ့်ရှစ်နှစ်ကြာမှ အောင်မြင်။
၂၇ နိုဝင်ဘာ ၁၄၇၆။
1907-13 ခန့်က ပုံ
ရာမညဒေသတဝန်း နေရာများစွာ၌ သိမ်သစ်များ သမုတ်ရန် လုပ်ငန်းစ (ကလျာ ၉၅)
၃ဝ နိုဝင်ဘာ ၁၄၇၆။

ရဟန်းသစ် ၂၄၅ ပါးကို ရာမာဓိပတိက ဆွမ်းကျွေး။ နောင်အခါ ရဟန်းသစ်ကို လက်ခံသော အခါ မည်သို့သော သဘောများ ပြည့်စုံပါစေဟု မင်းက သံဃာ အပေါင်းအား ပန်ကြား (ကလျာ ၈၉)
၁၅ ဧပြီ ၁၄၇၇။

သီဟိုဠ်မင်း ဘုဝနေကဗာဟု၏ အပြန်လက်ဆောင်ကို စောင့်ကြို ယူနေရသော စိတြဒူတ သင်္ဘောစီး သီဝလိ မထေရ် ခေါင်းဆောင်သော အဖွဲ့သည် သင်္ဘောထွက်စ မုန်တိုင်းမိပြီး သင်္ဘောပျက်၍ ဖောင်ဖြင့် တောင်အိန္ဒိယရှိ နာဂပဋ္ဋဆိပ်သို့ ရောက်။ ထိုဆိပ်မှ ပြန်လည် ထွက်ခွာသော အခါ တပေါင်းတည်း သင်္ဘောနေရာ မရသဖြင့် အကွဲကွဲ စီးရ (ကလျာ ၇၉)
၂၄ ဧပြီ ၁၄၇၇။

တပါတည်း ထွက်လာသော စူဠဘယတိဿမထေရ် နာဂရာဇ်ဝ ရောက် (ကလျာ ၇၉)
၈ မေ ၁၄၇၇။

သီဟိုဠ်ပြန် မထေရ် သုံးပါး နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၁၂ မေ ၁၄၇၇။

အဆိုပါ မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၅ မေ ၁၄၇၇။

စူဠဘယတိဿ ကုသိမ်ရောက် (ကလျာ ၇၉)
၂၂ ဇွန် ၁၄၇၇။

မထေရ်လေးပါး ပေါင်းလျက် ပဲခူးရောက် (ကလျာ ၇၉)
၂၃ သြဂုတ် ၁၄၇၇။

ကလျာဏီစေတီ ဌာပနာ၍ ကလျာဏီ ဗောဓိပင်စိုက် (ကလျာ ၉၉)
၈ ဇူလိုင် ၁၄၇၉။

သီဟိုဠ်မှ ပြန်လာသော ရဟန်းအချို့ သင်္ဘောပျက်၍ တောင်အိန္ဒိယသို့ ရောက်ရှိနေကြပြီးမှ မင်္ဂလ မထေရ်နှင့် ရဟန်း ငါးပါးတို့ ကောမလဆိပ်မှ ရာမညသို့ ပြန်ရန်ထွက် (ကလျာ ၇၉)
၁၅ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ်တို့ စီးသော သင်္ဘော နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၂၅ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ် တပါးသာ ကုသိမ်ရောက်၊ ကျန် ငါးပါး လမ်းမှာလွန် (ကလျာ ၈ဝ)
၂၈ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ် ပဲခူးရောက် (ကလျာ ၈ဝ)
၂၄ ဖေဖော်ဝါရီ ၁၄၈ဝ။

ရာမာဓိပတိ ရဟန်းတကာ ခံသည့် ကလျာဏီသိမ်၌ ရဟန်း ၆ဝဝ ရဟန်းခံပွဲ စ (ကလျာ ၁ဝ၂ ၊ ၁ဝ၄)
၂၈ ဖေဖော်ဝါရီ ၁၄၈ဝ။

ရဟန်း ၆ဝဝ ရဟန်းခံပွဲပြီး (ကလျာ ၁ဝ၄)
၂၉ ဖေဖော်ဝါရီ ၁၄၈ဝ။

ရဟန်းသစ်တို့ကို ဆွမ်းကျွေး၊ အထူးထူးသော လှူဖွယ်ပစ္စည်းတို့ကို ပေးလှူ (ကလျာ ၁ဝ၄)
၁၄၉၂။

ဗညားရံ (၁၄၉၂-၁၅၃၆) မင်းဖြစ်
၂၃ နိုဝင်ဘာ ၁၄၉၃။

မှတ်ချက် - - http://www.yeyintnge.com/2009/05/blog-post_1461.html
http://www.wolframalpha.com ။ google earth
http://www.bl.uk/onlinegallery/onlineex/apac/photocoll/k/019pho0001004s2u00850000.html
http://myanmartravelinformation.com/mti-photo-gallery/bago/index.htm
တို့ကနေ ဖတ်ရှုတင်ပြထားခြင်းဖြစ်ပါကြောင်း နှင့်
ယခင်ကောလမ္ဗု သည် ယခုအခါ ကိုလံဘို ၊ အနုရာဓမြို့သည် ယခုအခါလည်း အနုရာဓမြို့ပင် ဖြစ်ပါကြောင်း-