“ကိုယ့်ရပ်ကိုယ့်ရွာနဲ့ အဝေးကြီးကို စီးပွားရေးကြီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ တိုင်းပြည်တာဝန်နဲ့ပဲ ဖြစ်ဖြစ် သွားပြီးတော့ ပေါများပြည့်စုံလာတဲ့အချိန်မှာ ပြန်လာသူတယောက်ကို သွေးရင်းသားရင်း ညီအကိုချင်းတွေကရော လမ်းတွေ့နှုတ်ဆက် ပေါင်းဖေါ်ဖက် သူငယ်ချင်းများကရော စိတ်ထားပြည့်ကောင်း မိတ်ဆွေအပေါင်းကရော ဟေး.... ပြန်လာပြီလားဟေ့... ဘယ်တုန်းကရောက်လဲ.... နှုတ်ဆက်စကားနဲ့ ဖြစ်စေ.... (ငယ်ရွယ်သူများက တလေးတစား) လက်အုပ်ချီလို့ဖြစ်စေ... အိမ်ဂေဟာကနေ လက်ဆောင်ပစ္စည်း များပြားစွာ (စားဖွယ်သောက်ဖွယ်များပြားစွာနဲ့) နှစ်သက် ၀မ်းသာစွာ ကြိုဆို တတ်ကြပါပေသည်” (ဓမ္မပဒ)
အဲဒီမှာ ဘာလုပ်နေတာလဲ
“ကျောင်းတက်နေတာလေ”
ဘယ့်နှယ်လဲ အဆင်ပြေတယ် မဟုတ်လား
“ပြေပါတယ်”
အင်းဗျ... ဘာ သတင်းမှ မကြားမိဖူး....
ဘယ်ကြားမလဲ..... အခြေအနေကောင်းသူတို့ ထုံးစံအတိုင်း ငြိမ်ကုတ်နေတာပေါ့....
စကားသံများ..... စကားသံများ.....
ထိုစကားသံများသည် တနယ်တကျေး ရောက်နေသူများထံ အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်သူတို့ အသံတချို့ ဖြစ်ပေသည်။ ပညာရှာဖို့ အတွေ့အကြုံယူဖို့ စီးပွားလုပ်ဖို့ ပြည့်စုံဖို့ တိုးတက်ဖို့..... ဖို့ ပေါင်းများစွာ ကြောင့် တနယ်တကျေးရောက်ကာ နေထိုင်ကြရသည်။ အိမ်ပြန်ခွင့် သင့်လျော်ရာ တချိန်တွင်တော့ ပြန်ကြရပေဦးမည်။ ချန်ထားခြင်း ခံခဲ့ရသူများကား မျှော်လင့်တတ်ကြသည်။ ဘယ်အချိန်များ အထုတ်ကြီးနဲ့ ပြန်လာလေမလဲပေါ့။ အင်း စုစောင်းရှာဖွေထားသည့် ဥစ္စာပစ္စည်း ဖြစ်စေ၊ ပညာရပ်ဖြစ်စေ ပါမလာရင်ကော... သူတို့ မျက်နှာ ရွှင်ပြစွာနဲ့ ကြိုဆိုကြပါ့မလား.....
ထုံးစံကတော့ ဂုဏ်မြင့်သူ ဂုဏ်တင့်သူ ကိုသာ ကြိုဆိုကြစမြဲ မဟုတ်လား....
ကိုင်း.... ကောင်းမွန်သော ကြိုဆိုခြင်းတွေ ဖြစ်စေဖို့ စုစောင်းကြစို့လား....
လူ့ပြည်ကြီးမှာတော့ ပစ္စည်း ပညာ ပြည့်စုံစွာဖြင့် ပြန်လာသူကို ကြိုဆိုတတ်သည်ဟု ဆိုလျင် ကျွန်ုပ်တို့ ယုံကြည်ရာ ဗုဒ္ဓတရားတော်အရ တည်ရှိသော နတ်ပြည်က နတ်သား နတ်သမီးတွေကရော ဘယ်လိုပါလဲ.......။
“လူ့ပြည်ကနေ ကုသိုလ်ကောင်းမှုတွေ တပုံတပင်ကြီး ပြုလုပ်ပြီး တမလွန်ကို ကူးပြောင်းသွားခဲ့လို့လျင် နတ်ပြည်မှာ အသက်ရှည်ရှည် အဆင်းလှလှ ချမ်းသာပြည့်စုံ အပေါင်းအသင်းပေါပေါ အကြီးအကဲတယောက် အဖြစ်နှင့် နတ်အဆင်း နတ်အသံ နံတ်အနံ့ နတ်အရသာ နတ်အတွေ့ တပုံတပင် လက်ဆောင်တွေနဲ့ ဆီးကြိုနေလိုက်ကြတာ လူ့ပြည်ကြီးမှာ တနယ်တကျေးက ပြန်လာတဲ့လူကို ကြိုတဲ့အတိုင်းပဲ” (ဓမ္မပဒ)
ဒီတရားလေးထောက်ပြီး နတ်ပြည်လဲ ဒီလိုပဲလို့ မှတ်ရပေမယ်။
တရားနဲ့ဆက်စပ်တဲ့ ဇာတ်ကြောင်းလေးက-
နန္ဒိယ ခေါ်တဲ့ သူဌေးသား တယောက် ဘုရားရှင်လက်ထက်က ရှိခဲ့သည်။ သူက ဘုရားတရားသံဃာ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သည်။ ရဟန်းသံဃာကို ပြုစုလုပ်ကျွေးလေ့ရှိသည်။ အရွယ်ရောက်တော့ ရေ၀တီဆိုသည့် အမျိုးသမီးလေးနှင့် အိမ်ထောင်ကျသည်။ မိဘတွေ သေဆုံးသွားတော့ ပစ္စည်းဥစ္စာအားလုံး သူပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထိုအချိန်ကစပြီး (၁) အလှူကြီး လုပ်ခြင်း (၂) အိမ်ပေါက်ဝမှာ ဆင်းရဲသားတွေ ခရီးသွားတွေအတွက် အမြဲမပြတ် လုပ်ကျွေးတတ်ခြင်း (၃) မြတ်ဘုရားနှင့် သံဃာတော်များဖို့ ဣသိပတနတောမှာ ကျောင်းအသုံးအဆောင် အပြည့် အစုံ တန်ဆာဆင်ပြီး ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ထူးခြားသည်က သူ့ကျောင်းရေစက်ချပွဲမှာ ရေစက်ကျတဲ့အချိန်မှာပဲ တာဝတိံသာနတ်ပြည်မှာ သူ့အတွက် နတ်ဗိမာန် ဖြစ်ပေါ်သွားခြင်း ဖြစ်သည်။
တနေ့ အရှင်မောဂ္ဂလာန် နတ်ပြည်ကြွတော့ ပိုင်ရှင်နတ်သားမဲ့ နတ်ဗိမာန်အကြောင်းကို သိခဲ့ရသည်။ လူ့ပြည်က နန္ဒိယ၏ နတ်ဗိမာန်ကြီး ဖြစ်ကြောင်းပါ။ နတ်သမီးလေးများက အမှာစကားပါးသည်။ မြေအိုးကို ခွဲပြီး ရွှေအိုးယူဖို့ နတ်ပြည်ကို နန္ဒိယကြီး လာပါစေလို့ပေါ့...။ မျက်မြင်ဖြစ်ခဲ့ပါလျက် အရှင်မောဂ္ဂလာန်က လူ့ပြည်ပြန်အရောက်မှာ မြတ်ဘုရားကို ယခုလိုမျိုး လူ့ပြည်မှာ ကုသိုလ်ပြုတုန်းရှိသေး နတ်ပြည်မှာ နတ်ဗိမာန်ပေါက်နိုင်သလား ဟု လျှောက်ထားသည်။ မြတ်ဘုရားက သင်ကိုယ်တိုင် မျက်မြင်ဖြစ်ခဲ့ပေသည် ဟု အဖြေပေးတော်မူသည်။ ထို့နောက် မြတ်ဘုရားက တနယ်တကျေး အဝေးသွားသူကို ရွာတံခါးဝကနေ ကြိုနှုတ်ဆက်ကြသလို နတ်တွေကလည်း ကုသိုလ်တရားများ ပြည့်စုံစွာနဲ့ နတ်ပြည်ကို လာသူကို သူ့ထက်ငါ ဦးအောင် ကြိုဆို နှုတ်ဆက်လေ့ရှိကြသည်၊ ၀မ်းမြောက်ဝမ်းသာ ရှိကြသည်ဟု မိန့်တော်မူလိုက်ပေသည်။
ထိုတရားလေးကို ဆင်ခြင်ကြည့်ပါကုန်.....။
လူ့ပြည်တွင် ပစ္စည်းဥစ္စာ ပြည့်စုံစွာဖြင့် ပြန်လာပါက ကောင်းမွန်စွာ လက်ဆောင်များနဲ့ ကြိုကြပေလိမ့်မည်။
နတ်ပြည်တွင် ကုသိုလ်များ ပြည့်စုံစွာဖြင့် သွားလိုက်ပါက ကောင်းမွန်စွာ နတ်လက်ဆောင်များနဲ့ ကြိုကြပေလိမ့်မည်။
သင်......။
အကြိုဆို ခံလိုပါသလား.....။
ပြည့်စုံအောင် ရှာထားဖို့တော့ လိုပေသည်....။
မျက်မှောက်ဘ၀မှာရော...... တမလွန်ဘ၀အတွက်ရော ကြိုဆိုမှုကို လိုချင်ရင်တော့.... စီးပွားရေး ပညာရေးလည်း ပြည့်စုံအောင် လုပ်ပါ၊ ကုသိုလ်တရားလည်း ပြည့်စုံအောင် ဖြည့်ဆည်းထားပါလေ....။
ကိုင်း......
ကြိုစား တိုးပွားပြီး ကောင်းမွန်စွာ အကြိုဆိုခံရသူများ ဖြစ်ကြပါစေ......။
ဓမ္မပဒအဋ္ဌကထာ၊ ပိယ၀ဂ်၊ နန္ဒိယ၀တ္ထုကို ချုံ့ရေးထားပါသည်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။