အထက်နှင့်အောက်၊ အမြင့်နှင့် အနိမ့်၊ လေညာနှင့် လေဆန် အမြဲတစေ ဆန့်ကျင်နေသည်ပင် ဖြစ်သည်။ ထိုအရာများကို အကျိုးတရားဟု ဆိုပါမူ ထို၏ အကြောင်းတရားများလည်း ရှိမည်ပင်ဖြစ်သည်။ ယခုနေရာတွင် ပြောလိုသည်မှာ အထက်နှင့်အောက် ဖြစ်ပါသည်။ အထက်ဆိုသည်မှာ နတ်ပြည်နတ်ရပ်ကို ဆိုလိုပြီး အောက်ဆိုသည်မှာ အပါယ်လေးဘုံကို ဆိုလိုပါသည်။ အထက်ရပ်ခွင် နတ်ပြည်နတ်ရွာ ရောက်လိုပါသော် အကြောင်းတရားတချို့ ကျင့်သုံးဖို့ လိုပေသည်။
“သုံးပျောက်လို့ ငါးကွယ်
ခြောက်ရွာနှင့်လွဲ
လူ့ဘုံမှာ အပျော်ကဲရင်ဖြင့်
လေးရွာက ဆွဲ”
ရတနာသုံးပါးအပေါ် ယုံကြည်ကိုးကွယ်မှု ပျောက်ဆုံးပြီး ငါးပါးသီလ မစောင့်ထိန်းနိုင် ကွယ်ပျောက်ပြီဆိုလျင်တော့ အထက်နတ်ပြည် နတ်ရွာ ခြောက်ထပ်နှင့် လွဲချော်သွားပေလိမ့်မည်။ ယခုလက်ရှိ လူ့လောကကြီးကို ကောင်းမှုပြုလုပ်မှု ကင်းမဲ့ပြီး အပျော်ကဲနေလျင်တော့ဖြင့် ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အပါယ်လေးဘုံက ဆွဲချသွားပါတော့မည်။
“သုံးကပ်လို့ ငါးခြုံ
ခြောက်ဘုံသို့ ရောက်မြဲ
လူ့ဘုံမှာ အနေတတ်ရင်ဖြင့်
လေးကပ်ဖို့ပဲ”
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး ငါးပါးသီလကို ခြုံထားမည် ရုံထားမည် စောင့်ထိန်းမည် ဆိုပါက နတ်ဘုံ ခြောက်ထပ် ကပ်ရောက်ရမည်မှာ အမှန်ပင် ဖြစ်ပေသည်။ ထိုသို့ ကုသိုလ်တရားကို စောင့်ထိန်းပြီး လူ့ဘောင်လူ့လောကတွင် နေတတ် ထိုင်တတ်လျင် နေတတ်မည်ဆိုပါက မဂ်လေးပါး ဖိုလ်လေးပါးသို့ ကပ်ရောက်ရမည် အမှန်ပင်ဖြစ်ပေသည်။
အထက်ပါ တရားတော်ကို မြတ်စွာဘုရားရှင် ဝေဠုဒွါရ မြို့သူမြို့သားတို့ကို ဟောကြားခဲ့ခြင်း ဖြစ်ပေသည်။ ယခုတရားတော်အတိုင်း လိုက်နာကျင့်သုံးပြီး မဂ်ဖိုလ်တရားများ လျင်မြန်စွာ ရရှိနိုင်ကြပါစေ....
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist6 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-
စာတန်ခိုး
|
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
*ပဓာန နာယက ဆရာတော်*
တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။


