ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။







Genting High Land ဆိုသည်မှာ မလေးရှားနိုင်ငံတွင် ရှိပေသည်။ ထိုနေရာသည် သာယာဖွယ် တောတောင်ရှုခင်း၊ ကစားကွင်းများ၊ မိုးပျံကားများဖြင့် အဆင့်မြင့်စွာ တည်ဆောက်ထားသည့် တောင်ကုန်းကြီး တခုဖြစ်ပေသည်။ ထိုနေရာသည် ငွေကြေးရှိသူများအတွက် အပန်းဖြေရာနေရာ တခုလည်း ဖြစ်ပေသည်။ ထိုသို့ အပန်းဖြေနေရာ၏ မနီးမဝေးမှာပင် ထိုတောင်ကြီး၏ အပန်းဖြေစခန်းကို တည်ထောင်ခဲ့သူ ချင်ဆွေ့သူဌေးကြီးမှ ချင်ဆွေ့ဘုရားကျောင်းဟု အမည်တပ်ကာ မဟာယာနဗုဒ္ဓဘာသာ ဘုရားကျောင်းကို တည်ဆောက်ပြီး ဟိုတယ်မှ သွားလာချင်သူများကို အခမဲ့ သွားလာနိုင်အောင် ဘတ်စကားများ တနာရီတစင်း စိစဉ်ပေးလျက်ရှိသည်။ လေ့လာရေးအဖြစ် မိမိတို့ သွားရောက်ခဲ့မှုကို မှတ်တမ်းအဖြစ် တင်ပြလိုက်ပါသည်။ ဗုဒ္ဓမြတ်စွာ သာသနာအရောင် မှေးမှိန်နေသည့် မလေးရှားပြည်တွင် ဗုဒ္ဓဘာသာတို့အတွက် ဂုဏ်ယူစရာ နေရာတခုဖြစ်သလို စီးပွားရေးကောင်းမွန်သည့် ချမ်းသာသည့် ဗုဒ္ဓဘာသာဝင်ကို ညွှန်ပြခြင်းဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ဆင်းရဲကြစတမ်းဆိုရင် သူဌေးကြီးချင်ဆွေ့သည် အဘယ့်ကြောင့်များ သန်းကြွယ်သူဌေးကြီး ဖြစ်ခဲ့ရပါသနည်းဟု ပြန်လည် မေးခွန်းထုတ်နိုင်ပေလိမ့်မည်။ မလေးရှားပြည်တွင် သာသနာမှေးမှိန်သည်ဟု ဆိုရခြင်းမှာ မလေးရှားတွင် မွတ်ဆလင်များအား တရားမဟောကြားရဟု ဥပဒေထုတ်ထားပြီး ဟောကြားသူများကို ပြစ်ဒဏ်ချမှတ်လေ့ရှိသည်ဟု သိရခြင်းကြောင့် ဖြစ်သည်။ အခမဲ့ဖြန့်ချီသည့် ဓမ္မ CD ခွေများ ဖြန့်ချီရာတွင် free for distribution non muslin only ဟုပင် ကာဗာတွင် ရိုက်နှိပ်ထားပြီး ဥပဒေအတွက် ကာကွယ်ထားကြရသည်။ ယခုကျောင်းတော်ကြီး၏ အခြားတဖက်တွင် တောအုပ်ဆိုင်းဆိုင်းရှိသည်။ ကျေးငှက်များ မည်တွန်သံကို ကြားရခြင်းကြောင့်လည်း ကျောင်းတော်ရောက်ရှိသူများ စိတ်ထဲတွင် ကြည်နူးမှု ဖြစ်ကြရသည်။ ကျောင်းတော်မှသည် ကွာလာလမ်ပူမြို့ ရှုခင်းကိုလည်း မြင်တွေ့နိုင်ပေသည်။


ပင်လယ်ရေမျက်နှာပင် အထက်ပေခြောက်ထောင်ကျော် အမြင့်တွင်ရှိပြီး အခန်းပေါင်း ၆၀၀၀ ကျော်လည်း ရှိသည်ဟု ဆိုသည်။




အခမဲ့ ဖြန့်ဝေသည့် မဟာယာနစာအုပ်များနှင့် တရားခွေများ

===== ပထမ ငရဲ =====





===== နှစ်ခုမြောက် ငရဲ =====




==== သုံးခုမြောက် ငရဲ =====




====== လေးခုမြောက်ငရဲ =====




===== ငါးခုမြောက် ငရဲ =====





===== ခြောက်ခုမြောက်ငရဲ =====





====== ရှစ်ခုမြောက် ငရဲ =====




====== ကိုးခုမြောက် ငရဲ ======




====== ဆယ်ခုမြောက် ငရဲ ======




ထေရ၀ါဒတရားတော်တွင် ငရဲကြီးရှစ်ထပ်ဟု ဆိုသော်လည်း မဟာယာနတရားတော်တွင် ငရဲဆယ်ထပ်ရှိသည်ဟု မှတ်သားရပါသည်။ အထက်ပါပုံများသည် စစ်မေးခန်းများပါ ထည့်တွက်ထားခြင်းဖြစ်သည်။ ထိုကျောင်းတော်တွင် ကွမ်ရင်မယ်တော်ပုံမှား နတ်ပြည်နတ်ရပ်ပုံများ တောင်ပိုင်ဘိုးဘိုးပုံများနှင့် အခြားတရုတ်ရိုးရာ ပန်းချီအနုပညာများကိုပါ လေ့လာနိုင်ပါသည်။

ဗဟုဿုတ ပြည့်ဝကြပါစေ
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-မလေးရှား)