ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ငယ်ငယ်တုန်းက ပျင်းပျင်းနဲ့ စာမကျက်ပဲ နေတတ်တဲ့အခါ
ဟိုသွားဒီသွားလုပ်ပြီး အချိန်ဖြုန်းချင်တဲ့အခါ
ဆရာသမားက ဆုံးမဖူးတယ်။ ဒီဆောင်ပုဒ်ကလေးနဲ့ပေါ့။

“ပျင်းစရှိလျင် ပျင်းချင်ချင်တည်း
ပျင်းလျင် ကောင်းနိုး ပျင်းစပျိုး၍
ပျင်းရှိ ပျင်းစဉ် ပျင်းချင်ချင်တည်း
ထို့ကြောင့် ညီလေး... မကျင့်နဲ့လေး”

စပြီးတော့ ပျင်းလာပြီဆိုရင် ဆက်ပျင်းချင်တော့တာပဲ။ အေး... အပျင်းထူနေရတာကို ကောင်းတယ်လို့ ထင်သွားပြီဆိုရင်တော့ ဆက်တိုက် ဆက်တိုက် ပျင်းသွားတတ်တယ်ကွ။ ဒါ့ကြောင့် ပျင်းအောင် မနေနဲ့ ပျင်းအောင် မကျင့်နဲ့။

“ကောင်းစရှိလျင် ကောင်းချင်ချင်တည်း
ကောင်းလျင် ကောင်းနိုး ကောင်းစပျိုး၍
ကောင်းရှိကောင်းစဉ် ကောင်းချင်ချင်တည်း
ထို့ကြောင့် ညီလေး... ကောင်းအောင်ကျင့်ကွဲ့လေး”

ဝါသနာဆိုတာ အထုံလို့ခေါ်တယ်။ အထုံဆိုတာ အလေ့အကျင့်ပဲ။ ကိုယ်က ကောင်းကောင်းနေထား။ ပျော်ပျော်နေထားမယ်ဆိုရင် အစကောင်းရင် နောက်လည်း ဆက်တိုက်ကောင်းသွားတော့တာပဲ။ ဒါ့ကြောင့် ကောင်းအောင် နေ။ ပျော်အောင်နေ ကောင်းအောင် ကျင့်ကွ။

ဒီလို ဆုံးမတတ်ပါတယ်။ ဆရာသမား ပြောတုန်းက စီကုံးပတ်လည် ပြောပြသွားတာပါ။ ပြန်မရေးတတ်လို့ အဓိကလိုရင်း ဆောင်ပုဒ်ပဲ ရေးလိုက်ရတော့တာ။
အပျင်းဓာတ်ကို ဖျောက်ဖျက်ကြပြီး အကောင်းဓာတ်များ တိုးပွားကြပါစေ-