ဆရာတော် အတ္ထဒဿီ၏ နောက်ဆုံးခရီးပို့ဆောင်ခြင်းကို ပျံလွန်တော်မူပြီး သုံးရက်မြောက်သည့် မနေ့က ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ဆရာတော် ဈာပနအခမ်းအနားကို ကြီးနားဆန်းကျယ်စွာ တန်ဆာဆင်မထားသည်မှာ ဒီအရပ်ဒီဓလေ့ ဒီရိုးရာပဲ ဖြစ်ပေလိမ့်မည်။ ပျံလွန်တော်မူသည့် ညနေခင်းတွင် ကျောင်းအောက်ထပ်တွင် ကျန သေသပ်စွာ ပြင်ဆင်ပြီး အပူဇော်ခံထားကြသည်။ ကျောင်းရှေ့တွင်လည်း မဏ္ဍပ်ထိုးကာ ထိုင်ခုံများ ချထားသည်။ ကျောင်းတိုက် ပတ်ပတ်လည်နှင့် ရပ်ကွက်တွင်း လမ်းတွေ အထိရောက်အောင် သင်္ကန်းရောင် အလံများ စိုက်ထူထားလိုက်ကြသည်။ မီးသဂြိ င်္ုဟ်မည့်နေရာသို့ ရောက်သည်အထိ လည်း သင်္ကန်းစများ သဏ္ဍာန် လုံးရစ်ချည်ထားသည့် ကြိုးဆိုင်းလေးများ တွဲလွဲချထားကြသည်။ မီးသဂြိ င်္ုဟ်သည့် နေရာကိုလည်း သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ပြီး လေးထောင့် စေတီသဏ္ဍာန် သင်္ကန်းရောင် ပိတ်စများဖြင့် ပြုလုပ်လိုက်ကြသည့်။ နေ့စဉ် လာရောက်သည့် ပရိသတ်ကတော့ နည်းပါးသည်။ နေ့စဉ် နံနက်လင်းသည်မှ ည ၁၀ နာရီခန့်ထိ အသံချဲ့စက် ဘောက်စ်ဖြင့် ကျောင်းတိုက်နှင့် ပတ်ဝန်းကျင် အနည်းအကျဉ်းကြားရုံသာ ပါဠိသက်သက်ဖြင့် ရွတ်ဆိုထားသည့် ``မဟာသတိပဋ္ဌာန်´´သုတ်တော်ကို ဖွင့်ထားကြသည်။
ဈာပန ကျင်းပရာ မနေ့ညနေ ၃ နာရီခန့်တွင်တော့ ဆရာတော်ကြီးများ လူပရိသတ်များ တဖြေးဖြေးနှင့် စုရုံးရောက်လာကြသည်။ ဆရာတော် တပါးအထံမှ ငါးပါးသီလ ကို ပရိသတ်များက ခံယူကြသည်။ ထို့နောက် ရည်စူးလှူဒါန်းသည့် သင်္ကန်းအ၀တ်ပိုင်း အချိုရည်ပုလင်းနှင့် ကွမ်းရွက်ဗန်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ရဟန်းတော်များနှင့် လူပရိသတ်စုပေါင်းပြီး အနိစ္စာ ၀တ သင်္ခါရာ ဥပ္ပါဒ၀ယဓမ္မိနော ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ တေသံ ၀ူပသမော´´ ဂါထာတော်ကို သံပြိုင် သုံးခေါက်ရွတ်ဆိုကြသည်။ ထို့နောက် ဆရာတော် အတ္ထုပ္ပတ္တိကို ဖတ်ခြင်း ၀မ်းနည်းစကား ပြောဆိုခြင်းများ ပြုလုပ်ပြီး မီးသဂြိ င်္ုဟ်မည့်နေရာသို့ စုပေါင်း ပို့ဆောင်ကြသည်။ ကျောင်းသားများက ယပ်တောင်ကိုင်လျက် ကျောင်းသူလေးများက သင်္ကန်းရောင် အလံလေးများကိုင်လျက် ထို့နောက် ရိုးရာ အတီးအမှုတ်သမားများက ၀မ်းနည်းစရာ တီးမှုတ်လျက် အစဉ်အလိုက်သွားကြပြီး ခေါင်းတလားကို ပရိသတ်များက ထမ်းကာ အားလုံး သွားရောက်ကြသည်။ လောင်တိုက်ထဲ ထည့်သွင်းကာ မီးသဂြိုင်္ဟ်ရာ မီးတောက် အဟုန်တွေ ထွက်လာချိန်တွင် အတီးအမှုတ်သမားများက ရပ်တန့်သွားသည်။ ထို့နောက် စိတ်ဝင်စားသူများက ရပ်တန့်ကြည့်ကြပြီး အချို့ကား ကိုယ့်နေရပ်သို့ ကိုယ်ပြန်သွားကြတော့သည်။ ဆရာတော် အတ္ထဒဿီသည်ကား ဘ၀တခု နိဂုံးချုပ်သွားခဲ့လေပြီဖြစ်သည်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။