ဦးကျော်….. ရှေ့တိုးလေဗျာ
နေပါဦးကွာ…. လူကြီးတွေ လာဦးမှာ။
ဦးကျော်…. ဦးကျော်ပဲ လူကြီးဖြစ်နေပြီလေ၊ ဘယ်က လူကြီးတွေကို မျှော်နေတာတုန်း။
ဟေ…. ဟုတ်လား။ အေးကွာ….ငါက ငါ့ကိုယ်ငါ အသက်ကြီးတယ်လို့ မထင်မိဖူး။
ရေစက်ချတရားပွဲတခုမှာ ကြုံခဲ့တဲ့ အတွေ့အကြုံလေးပါ။ မိမိတို့တတွေဟာ တဖြေးဖြေးနဲ့ အသက်ကြီးမှန်းမသိ ကြီးပြင်းလာကြသည်ကို သတိမထားမိကြပါ။ မိမိဆိုလျင် ကျောင်းမှာနေစဉ်က ဦးဇင်း ဦးဇင်းနဲ့ပေါ့။ ရွာပြန်တော့ ဆွေမျိုးပေါက်ဖေါ်များက မိတ်ဆက်ပေးသည်။ အဲဒါ မှတ်ထား ဘကြီးဘုန်းကြီး။ မှတ်ထားနော် ဘကြီးဘုန်းကြီးကို။ အဲသလို ဘကြီးဘုန်းကြီး ခေါ်ခံရမှ အသက်ကြီးမှန်းသတိထားမိသည်။
တရားသဘောနဲ့ ပြန်တွေးတော့လည်း ရခဲတဲ့ လူ့ဘ၀မှာ အသက်ရှည်ရှည်နေထိုင်နိုင်လာခြင်းကလည်း ကံကောင်းခြင်း တပါးပါပဲ။
ဒီတော့ အသက်ရှည်ခြင်း အကြောင်းရင်းတွေကို စာပေထဲမှာ ဆန်းစစ် ရှာဖွေကြည့်မိပါသည်။
ဘုရားခုနှစ်ဆူလက်ထက် လူ့သက်တမ်းများ
=========================
၁။ ၀ိပဿီဘုရားလက်ထက်တွင် လူ့သက်တမ်း = အနှစ် ရှစ်သောင်း (၈၀၀၀၀)
၂။ သိခီဘုရားလက်ထက်တွင် လူ့သက်တမ်း = အနှစ် ခုနှစ်သောင်း (၇၀၀၀၀)
၃။ ဝေဿဘူဘုရားလက်ထက်တွင် လူ့သက်တမ်း = အနှစ် ခြောက်သောင်း (၆၀၀၀၀)
၎။ ကကုသန်ဘုရားလက်ထက်တွင် လူ့သက်တမ်း = အနှစ် လေးသောင်း (၄၀၀၀၀)
၅။ ကောဏာဂုမ်ဘုရားလက်ထက်တွင် လူ့သက်တမ်း = အနှစ် သုံးသောင်း (၃၀၀၀၀)
၆။ ကဿပဘုရားလက်ထက်တွင် လူ့သက်တမ်း = အနှစ် နှစ်သောင်း (၂၀၀၀၀)
၇။ ဂေါတမဘုရားလက်ထက်တွင် လူ့သက်တမ်း = အနှစ် တစ်ရာ (၁၀၀)
(ဒီ၊ မဟာဝဂ္ဂပါဠိ)
မေးစရာရှိသည်က ဘုရားတဆူနဲ့ တဆူပွင့်ထွန်းချိန် လူ့သက်တမ်းက ကွာခြားလာတာ ဘာ့ကြောင့်ပါလဲပေါ့။ အကျဉ်းချုပ်အားဖြင့်တော့ လူတွေ တရားစောင့်တဲ့အချိန်မှာ အသက်ရှည်ကြပြီး တရားလက်လွတ်နေထိုင်ကြချိန်မှာ အသက်တိုလာကြပါတယ်။ နောက်ဘုရားရှင် တဆူနဲ့ တဆူကြားမှာ အသက်တမ်း တိုသွားလိုက် ရှည်သွားလိုက် အကြိမ်ကြိမ်ဖြစ်ပြီးမှ ဒီသက်တမ်းမှာ ဘုရားပွင့်မယ်ဆိုပြီး ဘုရားပွင့်တာပါ။ ဒါ့ကြောင့် ၀ိပဿီဘုရားကနေ ယခုပွင့်ထွန်းခဲ့တဲ့ ဂေါတမဘုရားရှင်အချိန်ထိ လူ့သက်တမ်းသည် တသမတ်တည်း တိုလာတာလို့ မမှတ်ယူပါလေနှင့်။
လူ့အသက်တမ်းတိုရခြင်း အကြောင်းရင်းက-
=========================
တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်မင်းမြတ် တရားမစောင့်ထိန်းတဲ့အခါ မူးကြီးမတ်ရာတွေလည်း တရားမစောင့်တော့ပါဘူး။
မူးကြီးမတ်ရာတွေ တရားမစောင့်ထိမ်းတော့တဲ့အခါ ပုဏ္ဏားတွေလည်း တရားမစောင့်ထိမ်းတော့ပါဘူး။
ထိုသို့ ဆင့်ကဲဖြစ်စဉ်အားဖြင့် သူဌေးသူကြွယ်တွေ၊ မြို့သူမြို့သားတွေ၊ တောသူတောင်သားတွေ စသဖြင့် လူတွေအားလုံး တရားမစောင့်ထိမ်းကြတော့ပါဘူး။
ဒီနောက် ကိုယ်စောင့်နတ်တွေကနေစပြီးတော့ အထက်နတ်ပြည်ရှိတဲ့နတ်တွေ ဗြဟ္မာတွေထိ တရားမစောင့်ထိမ်းကြတော့ပါဘူး။
အားလုံးတရားမစောင့်ကြတော့ လနေတွေ ထွက်ချိန်မမှန်။ လေတိုက်ရာ အရပ်မမှန်ဖြစ်ပြီး မိုးရွာချိန်မရွာ စသဖြင့် ရာသီဥတုတွေ ဖေါက်ပြန်လာပါတယ်။
ရာသီဥတုဖေါက်ပြန်တော့ စိုက်ပျိုးသီးနှံတွေ အချိန်မှန် မဖြစ်ထွန်းတော့ပဲ ပါဝင်သည့် အာဟာရလျော့နည်းလာပါတော့တယ်။ ဒါကို လူတွေက စားတော့ လူတွေမှာ အသက်တိုလာရပါသတဲ့။
ဒါ့ကြောင့် အသက်တိုခြင်း အကြောင်းရင်းဟာ ရာသီဥတုနဲ့ အစာအာဟာရဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာလည်း အားလုံးတရားကို လိုက်နာကျင့်သုံးမှု မရှိခြင်းကြောင့် ဖြစ်ပြီး
တဖန်လူတွေ တရားနဲ့အညီ ကျင့်သုံးချိန်မှာ ဥတုရာသီ ပြန်လည်မှန်ကန် အစာအာဟာရပေါများကာ အသက်ရှည်ကြပါသည်- လို့ အပြန်အားဖြင့်လည်း (ဒီ၊ မဟာဝဂ္ဂဋ္ဌကထာ၊ မဟာပဒါန၊ အာယုပရိစ္ဆေဒ၀ဏ္ဏနာ)ကဆိုပါတယ်။
ဓမ္မတရားစောင့်ထိန်းဆိုတာက မတရား ညင်းပန်းနှိပ်စက်ခြင်းစတာတွေပြုလုပ်တာ ကိုဆိုပြီး ဘုရင်မင်းမြတ် ပဓာနအကျဆုံးဖြစ်တာက သူသည် အစိုးရသူ အုပ်စိုးသူဖြစ်ခြင်းကြောင့် တနွယ်ငင် တစင်ပါ အဖြစ်မျိုးကို ရောက်စေနိုင်သူဖြစ်လို့ပါတဲ့ (မဟာဝဂ္ဂဋီကာ)။
အထက်မှာ လေတိုက်ချိန်ဆိုတာပါလို့ မြန်မာပြည်မှာ နွေရာသီဆိုတောင်လေ၊ ဆောင်းရာသီဆို မြောက်လေတိုက်ပါတယ်။ ဆောင်းရာသီမြောက်လေတိုက်ရင် အအေးဓာတ်တွေ ဆီးနှင်းတွေ ပါလေ့ရှိပါတယ်။ မိမိမွေးဖွားရာ အညာဒေသမှာ အဲဒီဆောင်းချိန်မှာ ကုလားပဲစိုက်ကြပါတယ်။ ကုလားပဲက နှင်းအလွန်ကြိုက်။ နှင်းများများကျလေ ကုလားပဲ ကောင်းလေပါပဲ။ နှင်းမကျနိုင်ပဲ မိုးအုံ့နေပြီဆိုရင်ဖြင့် ပိုးအထိုးခံရတော့ပါတယ်။ ဒါဟာ ရာသီဥတုအပေါ် စိုက်ပျိုးသီးနှံတို့ သဘာဝအားလျော်စွာ မှီခိုနေခြင်းသာဓကတခုပါ။
အာဟာရ ပြည့်ဝတာ စားဆိုလို့လဲ ကုလားပြည်က လူတွေအကြောင်း နည်းနည်းလေးပြောပြချင်ပါတယ်။ သီရိလင်္ကာက လူအများစုဟာ အသားငါးစားသူ အတော်ကိုရှားပါတယ်။ အသီးအနှံကို မျိုးစုံချက်စားကြရာ သရက်သီးချက် ဂွေးသီးချက် နဲ့ အုန်းသီးဆံနဲ့ ငငြုပ်သီးရောထောင်း၊ ခွေးတောက်ရွက်နဲ့ အုန်းသီးဆံသုပ် နဲ့ မြန်မာပြည်မှာ မစားဖူးတာတွေ တွေ့ရပါတယ်။ ဆီဆိုရင် အုန်းဆီကို ဟင်းအဖြစ်ရောက်ရုံသာ သုံးပါတယ်။ မမြင်ရပါဘူး။ သို့ပေမယ့် နွားနို့ကို အလွန်ကြိုက်ကြပါတယ်။ ဆိုင်ထဲဝင်ပြီဆိုရင် နို့ထုတ်ကိုသောက်တော့တာပါပဲ။ ကိုကာကိုလာ စသဖြင့် နာမည်ကြီး အအေးပုလင်းတွေ ပေါပေမယ့် နို့လောက် သူတို့မသောက်သုံးကြ။ ဒါ့ကြောင့်လည်း သူတို့ခန္ဓာကိုယ်ကြီးတွေက အသားမဲသလောက် အရပ်အမောင်းကောင်းကြ ထွားကြိုင်းကြတာကို အများစုမှာတွေ့ရပါတယ်။
ဒီတော့ အခုတရားတော်လာ အသက်ရှည်ကြောင်းနည်းလမ်းကောင်းမှာ တရားသဖြင့် နေထိုင်အသက်မွေးကြပြီး ဥတုနဲ့လိုက်လျောညီထွေစွာနေ၊ အာဟာရရှိတာကို စားပါ၊ တရားသဖြင့် နေထိုင်ကြဟု ဖြစ်ပါသည်။ သူညစ်လို့ ကိုယ်ပက်တာပေါ့ လို့ စိတ်ထားထက် ကိုယ်ဖြူစင်ရင် သူစင်ကြယ်လာလိမ့်မယ် ဆိုတာကတော့ ပိုကောင်းတာပေါ့။
စာပေလာ အကျိုးအကြောင်းလေးများပါ။
ကြိုက်နှစ်သက်သော် ကျင့်သုံးပါလေ။
ကျန်းမာစွာနဲ့ အသက်ရာကျော် ရှည်ကြပါစေ-----
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။