ဆင်ဟာလီစကားနဲ့ ပြောကြည့်တာပါ။ ဆင်ဟာလီဆိုတာက သီရိလင်္ကာနိုင်ငံဖွား နိုင်ငံသားပါ။ အာယုဘ၀ံ (အာယုဘွမ်း) ဆိုတာ မြန်မာလိုဆို မင်္ဂလာပါ လို့ နှုတ်ဆက်တာပါ။
နိုင်ငံတိုင်းမှာ နှုတ်ဆက်တဲ့အခါ ပြောတဲ့ စကားလေးတွေရှိတတ်ပါတယ်။
မြန်မာမှာဆိုရင် တွေ့ပြီဆိုရင် မင်္ဂလာပါ၊ နည်းနည်းရင်းနှီးလာရင် နေကောင်းလားပေါ့
သီရိလင်္ကာမှာဆိုရင် စတွေ့ရင် အာယုဘ၀ံ(အာယုဘွမ်း)၊ နည်းနည်းရင်းနှီးလာရင် ကောမာသယ် (နေကောင်းလား)
ဒီနေရာမှာ လူတွေတယောက်နဲ့ တယောက်တွေ့လို့ နှုတ်ဆက်တဲ့အခါမှာ နေကောင်းလား ဆိုတာကို တွေ့ရမှာပါ။
ကျန်းမာရေးက လူတိုင်းအတွက် အရေးအကြီးဆုံးအရာဖြစ်လို့ မေးမြန်းကြတာပါ။ ကျန်းမာခြင်းသည် လာဘ်တပါးမဟုတ်လား။ မကျန်းမာလို့ကတော့ ဘာမှ မလုပ်နိုင်၊ မခံစားနိုင်ပါ။ ဒီတော့ ကျန်းမာဖို့ လိုတာပေါ့။
ကျန်းမာမှလည်း အသက်ရှည်မှာ။ အသက်ရှည်အောင် နည်းလမ်းဆောင်ဖို့ စာပေထဲက ယဉ်ကျေးမှုကို ပြောပြချင်ပါတယ်။
“တခါက တောထဲတွင် ရသေ့နှစ်ပါး အတူနေလာခဲ့ပြီး တပါးသည် လူထွက်ကာ မိန်းမရသွားခဲ့သည်။ ရသေ့လူထွက် ကလေးရသောအခါ မိတ်ဆွေဟောင်း ရသေ့ဆီ မိသားစုလိုက် သွားရောက်အရိုအသေပေးကြရာ ရသေ့သူတော်စင်က မိဘနှစ်ပါးကိုတော့ အသက်ရှည်ပါစေသတည်း….လို့ ဆိုပြီး ကလေးလေးကိုကျတော့ ဘာဆုမှ မပေးခဲ့ပေ။ ထိုအခါ ရသေ့လူထွက်က အကျိုးအကြောင်းကိုမေးတော့ ကလေးအသက်က ခုနှစ်ရက်ပဲ ရှည်တော့မှာကို မြင်တဲ့အကြောင်းနဲ့ အသက်ရှည်စေရန် ဘယ်လိုလုပ်ရမယ်ကိုတော့ မသိကြောင်း သိလိုပါက ရဟန်းဂေါတမထံသို့သာ သွားရောက်သင့်ကြောင်း ပြောကြားလိုက်ပါတော့တယ်။
ထိုအခါ ဘုရားရှင်ထံ သွားရောက် ကန်တော့ကြရာ မိဘနှစ်ပါးလုံး ကန်တော့စဉ်မှာ ဘုရားရှင်က အသက်ရှည်ပါစေလို့ ဆုပေးပြီး သားကလေး ကန်တော့စဉ်မှာတော့ ဆုမပေးပါဘူး။ ရသေ့လူထွက်ကအကျိုးအကြောင်းမေးလျောက်ပြီး ကလေးအသက်ရှည်ကြောင်း နည်းလမ်းကို မေးပါတော့တယ်။ ဒီအခါ ဘုရားရှင်က အိမ်မှာ မဏ္ဍပ်ဆောက်၊ ကလေးကို အလယ်မှာထား၊ နေရာ ရှစ်ခု သို့မဟုတ် ၁၆ ခုခင်းပြီး ရဟန်းတော်များက ၀ိုင်းရံပြီး ခုနှစ်ရက်တိုင်တိုင် နေ့ညမပြတ် ပရိတ်ရွတ်ဖတ်ပေးလျင် လွှတ်ကင်းနိုင်မည်ဟု မိန့်ခဲ့ပါတယ်။ ဒါနဲ့ ပုဏ္ဏားလည်း အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ရာ ရှစ်ရက်မြောက်တွင် ဘုရားရှင်ကိုယ်တိုင် အိမ်ကို ကြွရောက်ခဲ့ပြီး ကလေးလေး ရှိခိုးချိန်မှာ အသက်ရှည်ပါစေလို့ ဆုပေးလိုက်ပါတော့တယ်။
အကြောင်းတခုမှာ ကလေးကို စားသောက်ဖို့အခွင့်ရထားတဲ့ အ၀ရုဒ္ဓကအမည်ရှိဘီလူးဟာ အိမ်ပေါက်ဝ လာချောင်းနေရာ ညနေတိုင်း ဘုရားရှင်ကြွလာလို့ နတ်အများစုဝေးရင်း သူ့အတွက် နေရာမရတော့ပဲ ၁၂ ယူဇနာဝေးတဲ့နေရာကို ရောက်သွားပြီး ခုနှစ်ရက်အပြည့်မှာ စားခွင့်မရှိတော့ပဲဖြစ်ပြီး ကလေးက အသက်ချမ်းသာရာ ရသွားခဲ့ပါတယ်။
ဒီနောက် ကလေးကို မောင်သက်ရှည် “အာယုဝဍ္ဎန”လို့ အမည်ပေးလိုက်ကြပါတယ်။
မောင်သက်ရှည်ကလေး အရွယ်ရောက်ချိန် အခြံအရံနဲ့ ဘုရားကို ဖူးမျှော်ဖို့ ဇေတ၀န်ကျောင်းတော်ကို လာတော့ ရဟန်းတော်တွေက တီးတိုးပြောကြပါတယ်။ အဲဒီကလေးပေါ့ ၇ ရက်ပဲ နေရမှာ အခုတော့ ၁၂၀ တောင်အသက်ရှည်တော့မယ်လို့ပေါ့။ ဒီအကြောင်းကို ဘုရားရှင်က တရားဒေသနာ အဖြစ်ဟောကြားတာက
“ရှိခိုးခြင်း အလေ့ရှိသူ၊ ကိုယ့်ထက်ကြီးတဲ့သူကို ရိုသေလေ့ရှိသူသည် အသက်ရှည်ခြင်း- အဆင်းလှခြင်း- ချမ်းသာခြင်း- ခွန်အားပြည့်ဝခြင်းတို့ ရရှိနိုင်ပါသည်” လို့ ဖြစ်ပါတယ်။
ဆိုလိုတာက ကိုယ့်ကုသိုလ်ကံက အသက်ငါးဆယ်ပဲ ရှည်နိုင်မယ့် ကုသိုလ်ကံရှိပြီး အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မှာ အသက်ဘေးနဲ့ ကြုံတော့မယ်ဆိုရင် အခုလို ရှိခိုး ရိုကျိုးတဲ့ ကုသိုလ်က အကျိုးပေးပြီး အသက်ငါးဆယ်ပြည့်မီအောင် နေထိုင်နိုင်တယ်လို့ ဆိုပါတယ်။ (ဓမ္မပဒဋ္ဌကထာ ဂါထာ- ၁၀၉)
ဒါ့ကြောင့်လားတော့ မသိပါဘူး။ သီရိလင်္ကာနိုင်ငံသားတွေ ရှိခိုးရင် ဆရာတော်တွေက အာယုဘွန်း- အသက်ရှည်ပါစေလို့ဖြစ်စေ။ အဘိဝါဒနသီလိဿ နိစ္စံ ၀ုဍ္ဎာပစာယိနော၊ စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ အာယု ၀ဏ္ဏော သုခံ ဗလံ ဆိုတဲ့ ဘုရားဟော ဂါထာကို ဖြစ်စေ ဆုပေးရလေ့ရှိပါတယ်။
ကိုင်း စာဖတ်ပရိသတ်လည်း အသက်ရာကျော် ကျန်းမာစွာနဲ့ အသက်ရှည်ပါစေ
အသက်ရှည်အောင်လည်း လူကြီးမိဘ ရဟန်းသံဃာများကို ရိုသေနိုင်ကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။