နမော တေ ဗုဒ္ဓ၀ီရတ္ထု ၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ ။
သမ္ဗာဓ ပဋိပန္နောသ္မိ ၊ တဿ မေ သရဏံ ဘ၀ ။
လုံလ၀ီရိယရှိတော်မူသော မြတ်စွာဘုရား။
ရှင်တော်မြတ်ဘုရားသည် ခန္ဓာ အာယတနအစရှိသော တရားတို့မှ လွတ်မြောက်တော်မူပါပေ၏။
ဘုရားတပည့်တော်သည် ကျဉ်းမြောင်းခြင်း (အခက်အခဲထဲသို့) ကျရောက်နေပါသည်ဘုရား။
ရှင်တော်မြတ်ဘုရားသည် တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား။
ဘုရားရှင်လက်ထက်တုန်းကဖြစ်သည် နေ နတ်သားတို့ လနတ်သားတို့ကို ရာဟုအသုရိန်နတ်မင်းက ဖမ်းစားလိုက်သည်။ ထိုနတ်သားတို့က အထက်ပါ ဂါထာတော်ကို ရွတ်ဆိုလိုက်ရာ ရာဟုအသုရိန်နတ်မင်း လွှတ်ပေးလိုက်ရလေသည်။ (သဂါထာဝဂ္ဂသံယုတ်၊ စန္ဒိမာသုတ်၊ သူရိယသုတ်)
===========
နေနတ်သား လနတ်သားဆိုတာ မိမိတို့မြင်နေရတဲ့ နေ လ တို့ကို ဗိမာန် နေစရာအိမ် အဖြစ် ပိုင်ဆိုင်သူတွေ။ ရာဟုအသုရိန်ဆိုတာ အလွန်အင်မတန် ခန္ဓာကိုယ်ကြီးမားပြီး သူ့ခံတွင်း(ပါးစပ်)နဲ့ အဲဒီနေလုံး လလုံးတို့ကို လိုက်ငုံခြင်းဖြစ်သည်။ အဲဒီအချိန်မှာ အမှောင်ကျရောက်သွားတော့ ဗိမာန်စောင့်နတ်သားက ကြောက်ပြီး ဘုရားတ ခြင်းဖြစ်သည်။ ငုံတယ်ဆိုပေမယ့် နေလ တို့ကို ရပ်တန့်ပြီး ငုံတာမဟုတ်- သွားနေစဉ် အလိုက် လိုက်ငုံတာလို့ စာပေမှာဆိုပါသည်။
ချုပ်ပြောရရင်တော့ ဒုက္ခရောက်စဉ် ဒုက္ခကလွတ်အောင် ဘုရားကို တမ်းတတဲ့ဂါထာပါ။ ရှေးလူကြီးများဆို ခလုပ်ကလေးတိုက်လိုက်တာနဲ့ အမလေး..ဗုဒ္ဓေါ ဆိုပြီး တကြပါသည်။ မိမိတို့လို လောကီလူသားတွေဆိုတာ အမြဲတစေ ဦးနှောက်(သို့) ခန္ဓာကိုယ်လှုပ်ရှားကြရင်း အခက်အခဲ အကြပ်အတည်းဆိုတာ တွေ့ကြစမြဲဖြစ်သည်။ ထိုအခါ ဖြစ်နိုင်ရာ ဖြစ်သင့်ရာကို အားကိုးရာ အားထားရာအဖြစ် ထားကြရသည်။ မိမိကတော့ ဒီဂါထာလေးနဲ့ ဘုရားတ-ခဲ့ဖူးပါသည်။
စာပေနယ်မှာ ကျင်လည်စဉ်တုန်းက ဖြစ်သည်။ စာသင်တန်း ဖြေဆိုဖို့ မြင်းခြံ စိန်ကမ္ဘာကားလက်မှတ် ဖြတ်ထားပြီးလည်း ဖြစ်သည်။ သူတပါးကျောင်းကို တည်းရမှာအားနာတာနဲ့ မနက်ဖြန် စာဖြေကို ယနေ့ညနေ သွားမည်။ မနက်ပိုင်းနား နေ့ခင်းပိုင်း စာဖြေမည်ဟု တွက်ထားသည်။ ခါတိုင်းတွင် မြင်းခြံသွားတိုင်း မြင်းခြံကားက ပဲခူးကို ညနေ ၅း၀၀ ၀န်းကျင် ရောက်နေကြဖြစ်သည်။ အချိန်ပြောင်းပြီး စောထွက်သည်ကိုလည်း သတိမထားမိ။ ထို့ကြောင့် ၅း၀၀ မှာ ဟဒယ သွားစောင့်- ကားက မလာ။ ၁၅ မိနစ်ခန့်ကြာတော့ ကောင်တာကို သွားမေးသည်။ ကားက လာသွားပြီ- သိပ်တော့မကြာသေးဟုဆိုသည်။ ကိုယ်ကတော့ နောက်ကျခဲ့သည်။ ထို့ကြောင့် ကျန်ခဲ့ပြီ။ လက်မှတ်ထဲတွင် နာရီဝက်စောရောက်ရန် ရေးထားကြောင်း သူက ကာကွယ်သည်။ ဒါပေမယ့် ခဏစောင့်ပါဦး အဆင်ပြေရာရရင် လုပ်ပေးပါ့မယ်လို့တော့ ပြောသည်။ စိတ်ထဲမှာ ပင်ပန်းပြီး မွန်းနေသလို ဖြစ်နေသည်။ သွားပါပြီ။ အထက်က ဂါထာလေးကို တခါတရံ စိတ်ထဲ၊ တခါတရံ အသံတိုးတိုးလေးရွတ်၊ ဘုရားကိုသာ တမ်းတမိသည်။
ရွှေဘိုသို့ သွားသည့်ကားက ပဲခူးကို ပုံမှန် ၃ နာရီခန့်ရောက်လေ့ရှိသော်လည်း ထိုနေ့တွင် တိုက်ဆိုင်စွာ ၅ နာရီကျော်မှ ရောက်လာသည်။ လမ်းမှာ ပျက်နေလို့ဟု ဆိုသည်။ မိမိသည် ရွှေဘိုကားနဲ့ လမ်းမှာ မြင်းခြံကားတစီးစီးနှင့် မှီလို မှီငြား၊ မမှီလည်း မိတ္ထီလာမှာ ဆင်းမယ်ဆိုပြီး အကြုံလိုက်ခွင့်ရခဲ့သည်။ နောက်ကျနေလို့ ကားက အမြန်မောင်းရာ ပျဉ်ပုံတွင် ထမင်းစားပြီး ထွက်လုနီး မြင်းခြံကားကို မှီခဲ့ဖူးပါသည်….။ ထိုကြောင့်ပင် ဂါထာဖြင့်ဘုရားရှိခိုးမှုအပေါ် ယုံကြည်မှု တိုးပွားမိပါသည်။
ဘုရားဆိုတာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကိုးကွယ်ရာပါ။ (မြတ်ဘုရားကို အာရုံပြုပြီး ဂါထာလေးကိုရွတ် စိတ်ထဲကလည်း မြတ်စွာဘုရား တပည့်တော် ဒုက္ခရောက်နေပါသည်ဘုရား။ ကယ်တော်မူပါလို့လည်း ရည်မှန်းပါ)။ ဘုရားဂုဏ်တော်များကို ပွားများပါ။ ဘေးအန္တရာယ်များက လွတ်ကင်းပါလိမ့်မည်။ ကြိုက်နှစ်သက်မည်ဆိုလျင်တော့ ကူးပြီးတာ ရွတ်ဆိုကြပါလေ……..။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။