ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

မြတ်စွာဘုရားသာသနာတော်တွင် ရဟန်း၊ ရဟန်းမ၊ ကိုရင်၊ ကိုရင်မ ဟူပြီးလေးမျိုးရှိသည်။
ထိုတွင် ရဟန်းမ အဖြစ်ကို မိထွေးတော်ဂေါတမီ က အစဦးဆုံးဖြစ်ခွင့်ရခဲ့ပြီး ဘိက္ခုနီသာသနာလည်း ဖြစ်ထွန်းခဲ့သည်။ ဘိက္ခုနီဖြစ်ဖို့ ရဟန်းတို့အထံတွင် တခါ၊ ရဟန်းမတို့အထံတွင် တခါ ရဟန်းခံပြီးမှ ရဟန်းမဖြစ်ရသည်။ သီလသိက္ခာပုဒ်များကလည်း ရဟန်းများထက် များစွာတင်းကျပ်သည်။ သီလရှင်ကတော့ ရှစ်ပါးသီလကိုသာ ကျင့်သုံးရသောကြောင့် ရဟန်းမနှင့် သီလရှင်မတူဟု မှတ်ထားရပေမည်။ ယခု သိရီလင်္ကာတွင် ထိုရဟန်းမတို့ရှိနေသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း ၃၀၀ ခန့်တွင် အသောကမင်း၏ သမီးတော် သင်္ဃမိတ္တာသည် ရဟန်းမ အဖြစ်ခံယူပြီး သီဟိုဠ်သို့ ဗောဓိပင်ကို ပင့်ဆောင်ခဲ့ချိန်မှစပြီး သီရိလင်္ကာတွင် ဘိက္ခုနီသာသနာ စပျိုးခဲ့သည်။ ထို့နောက် အနုရာဓပူရ မကျဆုံးခင် ၁၀ ရာစုခန့် ထွန်းကားခဲ့သည်။
တရုတ်သမိုင်းကြောင်းအလိုအရ အေဒီ ၆ ရာစုခန့်တွင် သီရိလင်္ကာမှ ဘိက္ခုနီသာသနာသည် တရုတ် ကိုရီးယား ဂျပန် ထိုင်ဝမ်နှင့် အခြားနိုင်ငံများသို့ ရောက်ခဲ့သည်။
၁၉၉၆ ခုနှစ်တွင် အရှင်ဓမ္မလောက မထေရ်မြတ် (Venerable Talalle Dhammaloka Nayaka Thera)တွင် အငြင်းပွားမှုများစွာရှိလျက် အိန္ဒိယပြည်တွင် ဘိက္ခုနီ ၁၀ပါးကို ရဟန်းခံပေးခြင်းဖြင့်ဘိက္ခုနီသာသနာကို ပြန်လည်တည်ထောင်ခဲ့သည်။ ယခုအခါတွင် အခြားနိုင်ငံများမှ ဘိက္ခုနီများအပါအ၀င် ဘိက္ခုနီအပါး ၄၀၀ ခန့်ရှိနေပြီဖြစ်သည်ဟု (http://www.newsfinder.org/site/more/talalle_dhammaloka/)တွင် ဆိုသည်။