အဟံ ပထမံ ဟူသည် ငါပထမဆုံးလို့ ဆိုလိုပါသည်။
မည်သည့်နေရာတွင် မဆို ပထမဖြစ်နေဖို့ အရေးကြီးလှသည်။ မည်သူမဆို ပထမနေရာကို လိုချင်ကြပေလိမ့်မည်ဟု မြင်မိပါသည်။
ပထမ နှင့် ပစ္ဆိမ = အလျင်ဦးဆုံးနဲ့ ဘိတ်ဆုံး ဆိုသည်မှာ ဂုဏ်အနေအားဖြင့် ကွာခြားလှသည်။
အကျိုးတရားအနေနဲ့ ပထမလိုချင်ရင် အကြောင်းတရားကလည်း ၀ီရိယကြီးစွာထားဖို့ သတ္တိရှိဖို့ လိုပေလိမ့်မည်။
မိမိတို့ ကျောင်းတိုက်ကို လစဉ် ဘုရင့်နောင်ပွဲရုံတန်းမိသားစုများက (အာရုံ ပဲပြုတ် ဟင်းပေါင်းနှင့် နေ့ ရာသီစာဟင်းတခွက်အတွက်) ဆွမ်းစရိတ် ငွေကြေး လစဉ် လှူဒါန်းလေ့ရှိသည်။ ထိုအထဲတွင် အလှူရှင် တဦးသည် နောက်ဆုံးမှ လှူလေ့ရှိသည်။ သို့သော် သူသည် အလျင်လှူထားသူများထက် ပိုလှူလေ့ရှိသည်။ သူ့မေးကြည့်တော့ အမြဲတမ်း ထိပ်ဆုံးကပဲ နေချင်လို့ပါတဲ့။ ဟုတ်ပါသည်။ စာရင်းရှင်းတမ်းထုတ်ပေးတိုင်း သူသည် ငွေအမောင့်များသောကြောင့် အမြဲတမ်း ထိပ်ဆုံးကပဲ ဖြစ်နေလေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များနှင့် တိုက်ဆိုင်စွာ ဒေသနာများလည်း ရှိပေသည်။
ဘုရားရှင်လက်ထက်က ပထမ နှင့် ပစ္ဆိမ ရဟန္တာဖြစ်ခွင့်ရသွားသူများ အကြောင်းဖြစ်သည်။
ပထမဆုံး ရဟန္တာ ဖြစ်သူက - ဓမ္မစကြာတရားတော်က အရှင်အညာသိ ကောဏ္ဍည မထေရ်ဖြစ်သည်။
ပစ္ဆိမ နောက်ဆုံး ရဟန္တာဖြစ်သူက - ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီးမှ တရားနာပြီး ရဟန္တာဖြစ်သွားသူ သုဘဒ္ဒအမည်ရှိ ပရိဗိုဇ်ကြီးဖြစ်သည်။
ဒီလို ဘုရားတဆူထဲလက်ထက်မှာ ရဟန္တာဖြစ်ကြသူချင်းတူဦးတော့ အချိန်ကာလအားဖြင့် ကွာခြားသွားကြခြင်းရဲ့ အကြောင်းတရားများရှိသည်။
သူတို့သည် လွန်ခဲ့သော ၉၁ ကမ္ဘာ ၀ိပဿီမြတ်စွာဘုရားပွင့်ထွန်းစဉ်က ညီအကို နှစ်ဦးဖြစ်ခဲ့ကြသည်။ အမည်တွေကတော့ မဟာကာဠ နှင့် စူဠကာလ။ လုပ်ငန်းက လယ်သမားလုပ်တဲ့ လယ်သူဌေးတွေ။
ဘုရားရှင်ကို ဆွမ်းကပ်ဖို့ အလှည့်ရချိန်မှာ အငယ်ကို တိုင်ပင်တော့ “ငါတို့မှာ အခုလောလောဆယ် ဖုံးနေတဲ့ စပါးခင်း (သီးနေပြီဖြစ်တဲ့စပါးခင်း) ၁၆ ကရီသရှိပါတယ်။ အဲဒီ စပါးကို ခွဲခြမ်းပြီး လှူပါ။ ငါကတော့ တစုံတခုအကျိုးမရှိဖူးထင်ပါတယ်။ ဒါ့ကြောင့် ၈ ကရီသစီခြမ်းပြီး ကိုယ့်အခြမ်းကို ကိုယ်စိတ်ကြိုက် လှူပါ”လို့ ဆိုသည်။
ဒီလိုနဲ့ ကောဏ္ဍညအလောင်းအလျာ တဦးတည်း ဆွမ်းကပ်ခဲ့သည်။ ထို့နောက်တွင် စပါးတွေ အလုံးအဖုံးဖြစ်တော့ ဖုံးဦးအလှူ၊ အနှံထွက်တော့ နှံဦးအလှူ၊ ရိတ်တော့ ရိတ်ဦးအလှူ၊ ကောက်လှိုင်းထုံးတော့ ထုံးဦးအလှူ စသဖြင့် ကောက်တခါစိုက် ကိုးကြိမ်တိုင်တိုင် ဦးဦးဖျားဖျား အလှူများကို ပြုလေသည်။ (ဖုံး နှံ ရိတ် ထုံး ကောက်ပုံ တလင်း နယ် ချင့်ခြင်း ကျည်သွင်း ကိုးအလှူ)
ထိုသို့ အရှင်ကောဏ္ဍညအလောင်းအလျာက ပြုလေ့ရှိသော်လည်း သုဘဒ္ဒအလောင်းလျာသည်ကား လှူချင်စိတ်မရှိပဲ အမြဲတမ်း နောက်မှ ပြုလေ့ရှိသည်။
ထို့ကြောင့်ပင် အရှင်ကောဏ္ဍညမထေရ်သည် ပထမဦးဆုံး ရဟန္တာဖြစ်သွားသော်လည်း သုဘဒ္ဒသည်ကား ဘုရားရှင်ရဲ့ ပထမဗောဓိ၊ ဒုတိယဗောဓိ တို့မှာ ဘုရားရှင်နှင့် ဆုံဆည်းခွင့်ပင် မရခဲ့ပဲ နောက်ဆုံးပစ္ဆိမဗောဓိကျမှ ဆုံတွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံသွားလျင် မေးခွင့်မရလိုက်တော့မယ့် ပုစ္ဆာသုံးခုကို သွားမေးရင်း ရဟန္တာဖြစ်သွားခဲ့ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်မည်ဆိုပါက အဟံ ပထမံ…… အဟံ ပထမံ…..
ငါပထမဆုံးပြုမယ်….. ငါပထမဆုံးပြုမယ်……ရယ်လို့ စိတ်ထားလေးများ မွေးမြူပြီး ပြုလုပ်နိုင်ကြပါစေ……
(အင်္ဂုတ္တရဋ္ဌကထာ၊ ဧတဒဂ္ဂ၀ဂ် နှင့် ဓမ္မပဒဋ္ဌကထာ သုဘဒ္ဒပရိဗ္ဗာဇက၀တ္ထုများကို မှီးရေးပါသည်)
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။