ဣဓာတိ ဣမသ္မိံ သာသနေ၊ သီလ၀ါ ဟောတီတိ စတုပါရိသုဒ္ဓိသီလေဟိ သမ္ပန္နော ဟောတိ။ (အံ ဌ-၂- ၃၆)
ဒီမြတ်ဘုရား သာသနာမှာ သီလဆိုတာ လေးပါးသီလနဲ့ ပြည့်စုံသူကို သီလရှိသူလို့ ဆိုပါတယ်တဲ့။
အဲဒါတွေက
(၁) ပါတိမောက္ခသံဝရ သီလ-
ဗုဒ္ဓမိန့်ထားတဲ့ ၀ိနည်းစည်းကမ်း (ဥပဒေ) အကျဉ်း ၂၂၇ ချက်၊ အကျယ် ကုဋေကိုးထောင်ကျော်ကို ခေါ်ပါတယ်။
၂၂၇ ကို ထပ်ခွဲမယ်။
ရဟန်းအဖြစ်ကို ဆုံးရှုံးစေမယ့် လေးပါးက မေထုန်မှီဝဲခြင်း၊ လူ့ဥစ္စာခိုးခြင်း၊ လူ့အသက် သတ်ခြင်း၊ ဈာန်မဂ်ဖိုလ် မရပဲ ရတယ်ပြောခြင်းတို့ပါပဲ။
ဒီလေးချက်ထဲက တချက်ချက် ငြိသွားပြီ ထိသွားပြီဆိုရင် ဒီတသက်လုံး သင်္ကန်းဝတ်ထားပေမယ့်လည်း ရဟန်းမဟုတ်တော့ပါဘူး။ ရဟန်းထပ်ပြီးတော့လည်း ခံလို့မရတော့ပါဘူး။ ခေါင်းပြတ်သွားတဲ့ လူတယောက်လိုပါပဲ။ ဘယ်တော့မှ အသက်မရှင်နိုင်တော့ပါဘူး။
ကျန်တာတွေကတော့ အပြစ်အလျောက် ကျင့်စဉ်တွေ ကုထုံးတွေကျင့်လိုက်ရင် ပျောက်ပါတယ်။ ခန္ဓာကိုယ်ထဲက အင်္ဂါခြေလက် တခုခု ချွတ်ယွင်းသလိုပါပဲ။ အသက်ဆက်ရှင်နိုင်တယ်။ ကုစားရင် ပျောက်နိုင်ပါတယ်။
ဒီတော့ လုံးဝ ရှောင်ရမယ့် (၀ါရိတ္တ)သီလက လေးပါး၊ ကျန်တာတွေက လောကလူတွေရဲ့ လေးစားမှုကို ခံယူနိုင်ဖို့ လူအများရဲ့ ထိပ်မှာ ရပ်တည်နေဖို့ အကဲ့ရဲ့လွတ်ဖို့အတွက် လူမွန်လူကောင်းတယောက်ဖြစ်စေမယ့် ကျင့်ထုံး (စာရိတ္တ)သီလတွေပါ။
(၂) ဣန္ဒြိယသံဝရ သီလ-
မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်အနေအထား၊ စိတ် ခြောက်ပါးလုံးကို စောင့်ထိန်းခြင်းကို ခေါ်ပါတယ်။
သာသနာအတွင်းမှာနေတဲ့ ပုဂ္ဂိုလ် ရှင်သာမဏေ ရဟန်းတွေဟာ လူတွေနဲ့ မတူတဲ့ စောင့်ထိန်းခြင်းမျိုးကို စောင့်ထိန်းရပါတယ်။ အဲဒီလို စောင့်ထိန်းဆိုတဲ့နေရာမှာ မကန်းလည်း အကန်းတယောက်လို၊ နားမထိုင်းလဲ နားထိုင်းတယောက်လို နေရမယ်လို့ ဟောခဲ့သလို၊ လူတွေက မေးလာရင် ဖြေနိုင်အောင်လို့ နေ့ရက် တာရာ နက္ခတ်တွေကိုလည်း သိထားရမယ်လို့ ဟောထားခဲ့ပါတယ်။ အဲဒီလို စောင့်ထိန်းနိုင်ဖို့ နေတတ်ဖို့လည်း ဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး သွန်သင်ထားလိုက်တာ ရဟန်းတော်တွေ ဘယ်နေရာ ရောက်ရောက် ဘယ်တော့မှ လူ့အောက်တန်း မကျခဲ့ပါဘူး။ ဘယ်ဘာသာဝင်ကမှလဲ အကျင့်သီလနဲ့ ပက်သတ်ရင် အထင်မသေးကြပါဘူး။
(၃) အာဇီဝပါရိသုဒ္ဓိ သီလ-
အသက်မွေးမှု စင်ကြယ်ခြင်းကို ခေါ်ပါတယ်။
သူတပါးမကဲ့ရဲ့နိုင်တဲ့ အသက်မွေးမှုတွေနဲ့ နေထိုင်ကြဖို့ သွန်သင်ထားပါတယ်။ အဓမ္မနည်းနဲ့ အသက်မမွေးဖို့ပါပဲ။
(၄) ပစ္စယသန္နိဿိတ သီလ-
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို မှီဝဲရင်း မိမိဘာ့ကြောင့် မှီဝဲရတယ်ဆိုတာကို ဆင်ခြင်ပြီးမှ သုံးဆောင် မှီဝဲခြင်းကို ခေါ်ပါတယ်။
သင်္ကန်းဆိုတာ မှတ် ခြင် ယင်တွေ မကိုက်အောင်လို့၊ ဆွမ်းဆိုတာ ဆာလောင်မွတ်သိပ်မှုပြေအောင်လို့၊ သာသနာ့တာဝန်ကြီးကို ထမ်းဆောင်နိုင်ဖို့ လှူဒါန်းသူတွေကို မေတ္တာပို့ စားသုံးဖို့ ဘုရားရှင်က ညွှန်ကြားခဲ့ပါတယ်။ အဲလိုလည်း လိုက်နာကျင့်သုံးရပါတယ်။ မကျင့်ရင် ပါးစပ်ထဲ သံတုံးသံခဲတွေ မြိုချ။ သံအိုးကြီးထဲနေကြ၊ မီးလျံတောက်နေတဲ့ သံပြားကိုပတ်ထားတာတွေကမှ တော်ပါသေးတယ်တဲ့။
ရဟန်းလို့ ခေါ်တဲ့ ပုဂ္ဂိုလ်တယောက် သိမ်ထဲက ထွက်လာပြီဟေ့ ဆိုရင် အလိုလို အဲဒီသီလလေးပါးလုံးကို ထိန်းဖို့ တာဝန်ရှိလာပါပြီ။ သို့ပေမယ့် အရေးအကြီးဆုံကး မေထုန်မှီဝဲခြင်း (လိင်ဆက်ဆံခြင်း)၊ လူ့ဥစ္စာခိုးခြင်း၊ လူ့အသက်သတ်ခြင်း၊ ဈာန်မဂ်တရားမရပဲ ရသည်ဆိုပြီး ၀ါကြွားပြောခြင်း လေးမျိုးကို မကျူးလွန်ရင် ရဟန်းပါပဲ။ ကျူးလွန်ရင်တော့ ရဟန်းမဟုတ်ပါဘူး။ သင်္ကန်းလို့ ခေါ်တဲ့ အ၀တ်ပတ်ထားသူ လူတယောက်ပါပဲ။ သီလမရှိပဲ ၀တ်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း သင်္ကန်းဆိုတာနဲ့ မထိုက်တန်ပါဘူး။ သူလိုပုဂ္ဂိုလ်တယောက် သိမ်ထဲမှာ ရှိရင်တောင် ပြုသမျှကံဟာ ပျက်စီးသွားပါတယ်။
ဒီလောကမှာ ရှိတဲ့ ယောင်္ကျားတိုင်း ရဟန်းဖြစ်ခွင့်ရှိပါတယ်။ အမျိုးသမီးတိုင်း ရဟန်းမ ပြုလုပ်ခွင့်ရှိပါတယ်။
ကိုယ့်စိတ်ဓာတ်တွေ အဲဒီသီလတွေကို ထိမ်းနိုင်စွမ်းရှိတယ်လို့ ယုံကြည်ရင် ကျင့်သုံးနိုင်ပါတယ်။
မိမိကတော့ ထေရ၀ါဒသာသနာစစ်စစ်ကို ယနေ့ထက်တိုင် သန့်ရှင်းမှုများစွာနှင့် မြင်တွေ့ရတဲ့ မြန်ပြည်က ရဟန်းတော်များကို ကြည်ညိုပါကြောင်း-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။