ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။






စေတီဟူသည် sanskri အလို (stup)၊ ပါဠိအလို ထူပ၊ အဓိပ္ပါယ်ကတော့ အစုအပုံဟု အဓိပ္ပါယ်ရပေသည်။ ဆင်ဟာလီအလို စေယ သို့မဟုတ် ဓါဂဗ၊ မြန်မာလိုဆိုရင်တော့ ပုထိုးတော် စေတီတော်ဟု ခေါ်ပေသည်။
အဓိကအားဖြင့် ဘုရားရှင်၏ ကြွင်းကျန်ရစ်သော ဓာတ်တော်မွေတော် (သို့မဟုတ်) ဓာတ်တော်မွေတော်ပွားများကို စုပေါင်းပြီး ထားသည့် နေရာ ပူဇော်ရာနေရာ ဖြစ်ပေသည်။
ထိုစေတီတော်တို့၏ ပုံသဏ္ဍာန်အချို့မှာ- (ရှေး sanskrit ဆရာတို့အလို)

Like a lotus flower
Or an amalaka fruit
A heap of rice,
a rounded pot,
A bubble or a bell.

(၁) ကြာပန်းသဏ္ဍာန်
(၂) သျှိသျားသီးသဏ္ဍာန်
(၃) စပါးပုံသဏ္ဍာန်
(၄) အိုးလုံးပုံသဏ္ဍာန်
(၅) ပူပေါင်း (သို့မဟုတ်) ခေါင်းလောင်းသဏ္ဍာန်တို့ ဖြစ်ကြသည်။

ထို့ပြင် ပါဠိကျမ်းစာတို့တွင် (၁) ဓာတုစေတီ (၂) ဓမ္မစေတီ (၃) ဥဒ္ဒိဿစေတီ (၄) ပရိဘောဂစေတီ ဟု လေးမျိုးရှိသည်။
ဘုရားရှင်၏ ကြွင်းကျန်ရစ်သော ဆံတော် အရိုးတော် သွားတော် ဓာတ်တော်များဌာပနာထားရာ စေတီများကို ဓာတုစေတီ။ ရှစ်သောင်းလေးထောင်သော တရားများကို ဓမ္မစေတီ။ ဘုရားရှင်ကို ရည်စူးပြီး တည်ထားသည့် ထုလုပ်သည့် စေတီ ရုပ်ဆင်းတုတော်များကို ဥဒ္ဒိဿစေတီ။ ဘုရားရှင် အသုံးပြုခဲ့သည့် သပိတ် သင်္ကန်း စသည်တို့ ဌာပနာထားရာစေတီများကို ပရိဘောဂစေတီ ဟုခေါ်သည်။

=====================
အကျိုးကျေးဇူးအနေအားဖြင့်တော့
=====================

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တံ သမံ ဖလံ။
စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

သက်တော်ထင်းရှား မြတ်ဘုရားကို ဖြစ်စေ၊ ပရိနိဗ္ဗာန်စံဝင်ပြီး မြတ်ဘုရားကို ဖြစ်စေ သဒ္ဓါ ပညာအရာမှာ တန်းတူညီမျှ ထားနိုင်ပါမူ အကျိုးပေးလည်း အတူတူဖြစ်ပါပေသည်။ သတ္တ၀ါတို့သည် စိတ်သာလျင် အဓိကအကြောင်းရင်းဖြင့် နတ်ဘုံ ဗြဟ္မာ့ဘုံ စသဖြင့် ကောင်းသောဘုံများသို့ ရောက်ကြရလေသည်။ (ဓမ္မပဒ)

Buddhism is an education of wisdom not a religion. We do not worship the Buddha. We respect him as a teacher. His teaching enable us to leave suffering and attain happiness (Mr Chin kung)